#World_Technology
Published 7 January 2023
အမေရိကန် လာ့စ်ဗေးဂတ်စ်မှာ ကမ္ဘာ့နည်းပညာထိပ်သီးပြပွဲဖြစ်တဲ့ နိုင်ငံတကာအီလက်ထရောနစ်ပစ္စည်းပြပွဲကို ကျင်းပနေပြီဖြစ်ပြီး လာရောက်ကြည့်ရှုသူ ၁ သိန်းကျော်မယ်လို့ ခန့်မှန်းလိုက်ကာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပြန်လည်စည်ကားလာဖို့ မျှော်မှန်းထားပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 7 January 2023
၁။ One Night Stand နေသူများ ရောဂါမကူးစက်အောင် အကာအကွယ်မဖြစ်မနေသုံးသင့်၊ HIV ပိုးဖြင့် အသက်ရှင်သန်နေထိုင်နေသူ(၂)သိန်းနီးပါးရှိ
၂။ ကိုးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိထား
၃။ ရွှေဈေးကွက်အတွင်း ရှေ့ဆက်အရောင်းအဝယ်အေးနိုင်သေးဟုဆို
၄။ အမေရိကန်တွင် ပြသသည့် နည်းပညာမြင့် နိုင်ငံတကာအီလက်ထရောနစ် ကုန်ပစ္စည်းပြပွဲ လာရောက်ကြည့်ရှုသူတစ်သိန်းကျော်ရန်မျှော်မှန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 7 January 2023
ဆိုရှယ်မီဒီယာပေါ်မှာ Oreo ဘီစကစ်က ဟာလာထုံးတမ်းနဲ့ မညီတဲ့ စားစရာဖြစ်တယ်ဆိုတဲ့ တိုင်ကြားမှုများနဲ့ ပတ်သက်ပြီး ယူအေအီးရာသီဥတုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MoCCAE)က ရှင်းလင်းထုတ်ပြန်လိုက်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာတွေထဲမှာ ယူအေအီးမှာရောင်းချတဲ့ Oreo ကွတ်ကီးတွေက ဟာလာဖြစ်/မဖြစ် အငြင်းပွားနေကြတာဖြစ်ပါတယ်။
ဒီလိုပျံ့နှံ့ရိုက်ခတ်လာတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
MoCCAE ရဲ့ထုတ်ပြန်ချက်ထဲမှာ "Oreo ဘီစကစ်က ဝက်သားနဲ့ အရက်ပါတယ်ဆိုပြီး ဟာလာမဖြစ်ဘူးလို့ လတ်တလောသတင်းတွေ ထွက်ပေါ်နေပါတယ်၊ ဒီကိစ္စက မမှန်ကန်ဘူးဆိုတာကို အသိပေးချင်ပါတယ်၊ ဒီဘီစကစ်မှာ တိရိစ္ဆာန်ကရတဲ့ အဆီ၊ ပစ္စည်းတွေမပါဝင်ပါဘူး" လို့ ဖော်ပြထားပါတယ်။
ဓာတ်ခွဲခန်းမှာလည်း အတည်ပြုစမ်းသပ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ပြည်ပမှတင်သွင်းတဲ့ အစားအစာအားလုံးဟာ လုပ်ထုံးလုပ်နည်းအစီအစဉ်များအတိုင်း အစားအသောက်ဘေးကင်းစိတ်ချရေး အမြင့်ဆုံးစံနှုန်းများ သတ်မှတ်ချက်များနဲ့အညီ တိုင်းတာဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။
အဘူဒါဘီစိုက်ပျိုးရေးနှင့် အစားအစာဘေးကင်းစိတ်ချရေးအာဏာပိုင်တွေကလည်း အလားတူထုတ်ပြန်ရာမှာ "အမေရိကန် မွန်ဒဲလက်စ်နိုင်ငံတကာကုမ္ပဏီက ထုတ်လုပ်တဲ့ကွတ်ကီးတွေမှာ ဟာလာမဟုတ်တဲ့ပစ္စည်းတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမျိုး ခိုင်လုံစွာမတွေ့ရဘူး" လို့ ဖော်ပြခဲ့ပါတယ်။
ဟာလာဆိုတဲ့ အာရေဗျစကားလုံးဟာ လက်သင့်ခံနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
မွတ်ဆလင်ဘာသာမှာ သွေးသားနဲ့ အရက်သေစာတို့ စားသောက်ခြင်းကို လက်သင့်မခံဘဲ ဟာလာမဖြစ်ဘူးလို့ သတ်မှတ်ကြပါတယ်။
မွန်ဒဲလက်ဇ်ကုမ္ပဏီက သူတို့ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားရာမှာ Oreo က ကမ္ဘာအနံ့ကိုတင်ပို့နေတာဖြစ်ပြီး ပြင်ပအဖွဲ့အစည်းတွေကနေ ဟာလာအသိအမှတ်ပြု ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
"ဈေးကွက်တစ်မျိုးနဲ့တစ်မျိုးအလိုက် စားသုံးသူတွေရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီအောင် ထုတ်လုပ်ထားပါတယ်၊ ကိုရှာ ဟာလာတို့လို ဘာသာရေးအရ လိုအပ်ချက်ကွဲလွဲမှုများအတိုင်း ထည့်သွင်းစဉ်းစားရပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။
Source: WION
#Yangon_Media_Group
#World_Technology
Published 7 January 2023
မျက်ရည်အိတ်ထဲမှာထည့်ရတဲ့ ပလပ်ငယ်လေးအသုံးပြုခြင်းဖြင့် နေ့စဉ်မျက်စဉ်းခပ်နေစရာ မလိုတော့ပါဘူး။
ဆန်စေ့အရွယ်လောက်သာရှိတဲ့ နည်းပညာမြင့်ပလပ်ပစ္စည်းလေးဟာ မျက်လုံးထဲမှာ ၃ လတိုင်အောင် ရောင်ရမ်းခြင်းဆန့်ကျင်ပေးတဲ့ ဆေးတွေထုတ်ပေးနေမှာဖြစ်ပါတယ်။
ဒီပစ္စည်းလေးကို မျက်လုံးထဲမှာ ချောမွေ့စေမယ့်မျက်ရည် အလုံအလောက်မထွက်နိုင်တဲ့ မျက်ရည်ခမ်းခြောက်ဝေဒနာကို ကုသပေးဖို့ထုတ်လုပ်ထားတာဖြစ်ပါတယ်။
မျက်ရည်ဟာ အရည်အများစုပါဝင်ပြီး အဆီဓာတ်အနည်းငယ်လည်း ပါဝင်ပါတယ်။
မျက်တော်ခတ်လိုက်တိုင်း မျက်ရည်တွေက မျက်ကြည်လွှာပေါ်မှာ ပျံ့နှံ့သွားကာ သန့်ရှင်းစွတ်စိုစေပါတယ်။
အသက်ကြီးလာတာနဲ့အမျှ မျက်လုံးကနေ အရည်ထုတ်လုပ်မှုနည်းလာပြီး မျက်ရည်ခမ်းခြောက်ခြင်း ဖြစ်လာကြပါတယ်။
အအေးမိဖျားနာအတွက် သောက်ရသည့်ဆေးများ၊ သွေးပေါင်ချိန်တိုးခြင်းအတွက် ဆေးများမှာ မျက်ရည်ခမ်းခြောက်တတ်တဲ့ ဘေးထွက်ဆိုးကျိုးရှိပြီး ဆီးချိုရောဂါအခြေအနေနဲ့ တီဗီ၊ ဖုန်း စတဲ့ဖန်သားပြင်ကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်းဖြင့်လည်း ဖြစ်တတ်ပါတယ်။
မျက်ရည်ခမ်းခြောက်သူတွေမှာ ဆေးညွှန်းနဲ့အသုံးပြုတာမဟုတ်တဲ့ မျက်စဉ်းဆေးတွေလောက်ဖြင့် မလုံလောက်ပါဘူး။
ဒီအခြေအနေကို မကုသဘဲထားလိုက်ရင် မျက်ကြည်လွှာပွန်းပဲ့ခြင်း၊ အနာဖြစ်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ပစ္စည်းကတော့ မျက်စဉ်းခပ်ဖို့မလွယ်ကူတဲ့သူတွေအတွက် နည်းလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။
၁ မီလီမီတာသာရှိတဲ့ ပလပ်ပစ္စည်းလေးကို ဆီလီကာပါဝင်တဲ့ ကုန်ကြမ်းဖြင့်ပြုလုပ်ထားပြီး ကျွမ်းကျင်သူက မျက်ရည်အိတ်ထဲထည့်ပေးရပါတယ်။
ထိုပစ္စည်းလေးက မျက်ရည်တွေကို ထိန်းသိမ်းပေးထားကာ နာကျင်ခြင်းကို ချက်ချင်းသက်သာစေမှာဖြစ်ပါတယ်။
၃ လကြာပြီးနောက် ပလပ်လေးကိုဖယ်ရှားရမှာဖြစ်ပြီး လိုအပ်ပါက ထပ်မံကုသထည့်သွင်းရမှာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 7 January 2023
မာဆာချူဆက် အမျိုးသမီးဆေးရုံမှ ဒေါက်တာ'ခါလစ်ရှာ'ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ကင်ဆာအကျိတ်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားကိုကြာရှည်တည်မြဲစေမယ့် ကာကွယ်ဆေးကို တီထွင်လိုက်ကာ ကင်ဆာပြန်မဖြစ်စေရန် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ဦးနှောက်ကင်ဆာအကျိတ်ရှိနေတဲ့ ကြွက်များမှာ ကင်ဆာဆဲလ်ကိုသေစေနိုင်တဲ့ ကာကွယ်ဆေးနဲ့ စမ်းသပ်ခဲ့ပြီး ရလဒ်ကောင်းများရရှိခဲ့ပါတယ်။
"တီထွင်တဲ့စိတ်ကူးက ရှင်းရှင်းလေးပါ၊ ကင်ဆာဆဲလ်တွေကို ကင်ဆာသေစေနိုင်တဲ့ ကာကွယ်ဆေးအဖြစ် ပြောင်းလဲလိုက်တာပါ" လို့ ဒေါက်တာ'ရှာ'က ပြောပြပါတယ်။
"မျိုးဗီဇပြုပြင်ပြောင်းလဲလိုက်ပြီးတော့ ကင်ဆာဆဲလ်အဖြစ်ကနေ အကျိတ်ဆဲလ်တွေကို သေစေပြီး ကာကွယ်ပေးနိုင်တဲ့ ကိုယ်ခံအားအဖြစ် လှုံ့ဆော်ပေးလိုက်တာပါ"
အခြားသုတေသီတွေနဲ့ မတူတဲ့နည်းလမ်းက အကျိတ်ဆဲလ်အရှင်တွေကို အသုံးချတာဖြစ်ပြီး ဦးနှောက်အနှံ့ကနေ အကျိတ်ဆဲလ်တွေရှိတဲ့နေရာကို လိုက်ပါသွားတာဖြစ်ပါတယ်။
သူတို့ရဲ့စမ်းသပ်နည်းက ကြွက်တွေမှာ လုံခြုံစိတ်ချထိရောက်ပြီး ကုသနည်းဖြစ်လာဖွယ်ရှိနေပါတယ်။
နောက်ထပ်စမ်းသပ်ထုတ်လုပ်မှုတွေ ပြုလုပ်ဖို့လိုအပ်သလို လူသားဆဲလ်တွေနဲ့ လူနာရဲ့ရောဂါအခြေအနေအတိုင်း ချောမွေ့စွာလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
သုတေသနလုပ်သမျှတွေထဲမှာ နည်းပညာပိုင်းမြင့်မားတယ်ဆိုရင်တောင် လူနာတွေကိုတော့ မျက်ခြည်အပြတ်မခံပါဘူးလို့ ဒေါက်တာရှာက ဆိုပါတယ်။
သူတို့ရဲ့စမ်းသပ်နည်းကို အစိုင်အခဲအကျိတ်များအတွက်ပါ အသုံးချနိုင်ပြီး နောက်ထပ်စစ်ဆေးမှုများအတွက်လည်း အာမခံထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Animal
Published 5 January 2023
တရုတ်ပြည်မှ ပန်ဒါထိန်းသိမ်းရေးနှင့်သုတေသနစင်တာဟာ ၂၀၂၂ ခုနှစ်က ပန်ဒါကြီးများအတွက် ကမ္ဘာ့ပထမဆုံး DNA စမ်းသပ်ကိရိယာကို စမ်းသပ်ခဲ့ပါတယ်။
#Yangon_Media_Group
Published 6 Jan 2023
အာရှပစိဖိတ်ရဲ့အနာဂတ်ကို ဒေသတွင်းနိုင်ငံတွေကပဲ ကိုယ်တိုင်ဆုံးဖြတ်ရလိမ့်မှာဖြစ်ပြီး အခြားပြင်ပအဖွဲ့တွေ ဆုံးဖြတ်လို့ မရဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်ရိုမူအာဒက် မားကိုစ်ဂျုနီယာက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က တရုတ် ရုပ်သံ CGTN နှင့် အင်တာဗျူးအစီအစဉ်မှာ ဖိလစ်ပိုင်သမ္မတက ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
သမ္မတမားကိုစ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို အင်္ဂါနေ့မှကြာသပတေးနေ့အထိ (၃)ရက်ကြာ လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဘေဂျင်းမြို့မှာ ရုပ်သံအင်တာဗျူးရိုက်ကူးခဲ့တာပါ။
Source CCTV+
#Philippines_China
#Ferdinand_Romualdez_Marcos_Jr
#Asia_Pacific_Politics
Page 685 of 1016