#World_Health
Published 02July 2024
▪️ ခါးနာခါးကိုက်ခဲခြင်းဟာ အဖြစ်များလေ့ရှိတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး အထူးသဖြင့် အချိန်ကြာမြင့်စွာ ထိုင်လေ့ရှိသူတွေမှာ ဖြစ်ကြပါတယ်။
▪️ ခါးနာခြင်းဝေဒနာကနေ ပြန်လည်သက်သာသူတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ဟာ တစ်နှစ်အတွင်း ထပ်မံဖြစ်ပွားတတ်တယ်လို့ လေ့လာချက်တစ်ခုမှာ သိရပါတယ်။
▪️ ဒီရောဂါအကြောင်း သိရှိထားခြင်းနဲ့ လမ်းလျှောက်ခြင်းတို့ ပေါင်းစပ်ထားတဲ့ အစီအစဉ်ဖြင့် ခါးကိုက်ခြင်းဝေဒနာ ပြန်ဖြစ်နိုင်ခြေ လျှော့ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ လေ့လာချက်ပြုလုပ်ရာမှာ မကြာမီကမှ ခါးကိုက်ဝေဒနာကနေ သက်သာလာတဲ့ လူ ၇၀၁ ယောက်ကို စမ်းသပ်ခဲ့ကြပြီး အချို့ကို လမ်းလျှောက်ခြင်းနဲ့ အသိပညာပေး အစီအစဉ်မှာ ပါဝင်စေခဲ့ကာ ကျန်လူတွေကို ဘာကုသနည်းမှ မပြုလုပ်ခဲ့ပါဘူး။
▪️ ကုသနည်းမှာပါဝင်တဲ့ လူတွေကို ကျွမ်းကျင်သူများဖြင့် ကြပ်မတ်ကာ ၆ လအတွင်း လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်များအတိုင်း လမ်းလျှောက်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။
▪️ ဒါ့အပြင် တိုးတက်မှုတွေကို စောင့်ကြည့်ပြီး ဖြစ်လာသမျှ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပါတယ်။
▪️ တစ်နေ့ကို မိနစ် ၃၀ ခန့်ဖြင့် တစ်ပတ်ကို ၅ ကြိမ်လျှောက်ခိုင်းစေခဲ့ပြီး စမ်းသပ်မှုအစီအစဉ်ပြီးတဲ့အခါမှာလည်း ဆက်လျှောက်ရန် တိုက်တွန်းခဲ့ပါတယ်။
▪️ ခါးနာခါးကိုက်ခြင်း ပြန်ဖြစ်ခြင်းရှိမရှိ သိရှိဖို့အတွက် အချိန် ၃ နှစ်အထိ စောင့်ကြည့်ခဲ့ကြရာ ကုသမှုအစီအစဉ်အတိုင်း ခံယူခဲ့ကြတဲ့လူတွေဟာ ခါးကိုက်ဝေဒနာ ပြန်ခံစားရနိုင်ခြေ ၂၈ ရာခိုင်နှုန်းနဲ့ စောင့်ရှောက်ကုသခံယူမှု လိုအပ်ချက် ၄၃ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။
▪️ ခါးကိုက်ဝေဒနာ ကင်းဝေးတဲ့အချိန်လည်း ပိုကြာရှည်ပြီး စောင့်ရှောက်ကုသဖို့အတွက် ကုန်ကျစရိတ်လည်း ပိုသက်သာခဲ့ပါတယ်။
▪️ လမ်းလျှောက်ခြင်းက ခါးနာခါးကိုက်ဝေဒနာအတွက် အထောက်အကူ ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သေချာမသိရှိရပေမယ့် ဖြည်းဖြည်းချင်း ရွေ့လျားခြင်း၊ ကျောရိုးမဖွဲ့စည်းမှုများနဲ့ ကြွက်သားများ သန်မာစေခြင်း၊ စိတ်ပြေလျော့စေခြင်း၊ ဖိအားလျော့စေခြင်း၊ နာကျင်မှုကို သက်သာစေတဲ့ အင်ဒေါ်ဖင်းဟော်မုန်းများ ထွက်စေခြင်းတို့တော့ ပါဝင်နေပါတယ်။
#Source: India Today
အသီးတို့ရဲ့ ဘုရင်လို့တင်စားထားတဲ့ ဒူးရင်းသီးတွေကို တရုတ်တွေအလွန်နှစ်ခြိုက်တာကြောင့် ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီးစီးပွားရေး စံချိန်တင်မြင့်တက်လာကာ စိုက်ပျိုးသူများအတွက် အခွင့်အလမ်းတွေ ထွက်ပေါ်လာပါတယ်။
#World_Business
Published 01 July 2024
#ထိုင်းဒူးရင်းသီးစိုက်ပျိုးသူများ #စီးပွားအလွန်ဖြစ်နေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 01 July 2024
၁။ ဩဂုတ်လထဲတွင် 'တောင်ပြုံးပွဲတော်ကြီး' (၁၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂။ ယခုအပတ်အဖွင့်ရွှေဈေး(YGEA)သောင်းဂဏာန်းတက်၊ (၄၅)သိန်းကျော်သွား
၃။ ထိုင်း ဆီးဂိမ်း၌ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲပြုလုပ်
၄။ ထိုင်းဒူးရင်းသီးများကို တရုတ်မှ စံချိန်တင်ဝယ်ယူလာသဖြင့် ထိုင်းမှ ဒူးရင်းသီးစိုက်ပျိုးသူများ စီးပွားအလွန်ဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁ ဇူလိုင် ၂၀၂၄
ဇွန်၃၀ရက် တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံ ဂျေဂျူးမှာ မိုးသည်ထန်ပြီးလေပြင်းများ တိုက်ခိုက်တဲ့ အတွက် လေယာဉ်နှင့် သင်္ဘောခရီးစဉ်အချို့ကိုဖျက်သိမ်းခဲ့ရပါတယ်။
Source CCTV+
#World_News
Published 01 July 2024
▪️ အမေရိကန်သမ္မတ မဲပေးပွဲမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရမ့်ဟာ ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲစည်းရုံးရေး အလုပ်များနဲ့ အလုပ်ရှုပ်နေပါတယ်။
▪️ အကယ်၍ ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်လာမယ်ဆိုရင် သူ့ဇနီးဖြစ်သူ မယ်လာနီယာထရမ့်နဲ့ သိပ်ပြီး မြင်တွေ့ရဖွယ် မရှိပါဘူး။
▪️ မယ်လာနီယာဟာ အသက် ၇၈ နှစ်ရှိ သမ္မတဟောင်းနဲ့ အပေးအယူတစ်ခု ပြုလုပ်ခဲ့တယ်လို့ Page Six သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
▪️ ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်သွားရင် မယ်လာနီယာဟာ သမ္မတကတော်အဖြစ် ၂၄ နာရီတစ်ပတ်လုံး ရှိနေနိုင်မှာမဟုတ်ဘူးဆိုတဲ့ အပေးအယူ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ သတင်းရင်းမြစ်မှာ ဖော်ပြထားပါတယ်။
▪️ သမ္မကတော်ဟောင်းဟာ သားဖြစ်သူ ဘာရွန်ထရမ့်အတွက် အချိန်ပိုပေးချင်တဲ့အတွက် ဒီလိုအပေးအယူ လုပ်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
▪️ အသက် ၁၈ နှစ်ရှိ ဘာရွန်ထရမ့်ဟာ နယူးယော့ခ်စီးတီးရှိ တက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့တော့မှာဖြစ်ပြီး မယ်လာနီယာက သူ့သားဘဝသစ်စနိုင်အောင် ကူညီထောက်ပံ့ပေးချင်တာ ဖြစ်ပါတယ်။
▪️ သူမဟာ ကိုယ်တိုင်ပြုစုပေးချင်တဲ့ မိခင်ဖြစ်ပြီး နယူးယော့ခ်စီးတီးမှာ လတိုင်းအပတ်တိုင်း အချိန်အတော်များများ ရှိနေဖို့ အစီအစဉ် ဆွဲပြီးသားဖြစ်နေပါပြီ။
▪️ "ဘာရွန်ဟာ သူ့ဘာသာ ဘယ်တုန်းကမှ မနေခဲ့ဖူးကြောင်း၊ ကောလိပ်မှာ ကျောင်းသားသစ် ဖြစ်နေတဲ့အပြင် သမ္မတဖြစ်လာနိုင်သူ တစ်ယောက်ရဲ့ သားအဖြစ် ဖိအားတွေရှိနေကြောင်း၊ သူ့အဖေသာ သမ္မတဖြစ်လာရင် ကျောင်းမှာတုန့်ပြန်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အပေါ် မယ်လာနီယာက စိုးရိမ်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
▪️ မယ်လာနီယာဟာ အလွန်ကာကွယ်ပေးတတ်တဲ့ မိခင်တစ်ဦးဖြစ်ပြီး ဘာရွန်ဟာ ဖလော်ရီဒါကနေ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်နိုင်မယ်ဆိုတဲ့ အကြောင်းအရာကိုလည်း ငြင်းဆန်ခဲ့ပါတယ်။
▪️ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒင်တို့ဟာ နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်မှာ မဲရရှိမှုအခြေအနေသူမသာကိုယ်မသာ ဖြစ်နပေါတယ်။
#Source: NDTV
#World_Health
Published 1 July 2024
▪️ ခန္ဓာကိုယ်မှာ ဖိစီးမှုပမာဏ မြင့်မားခြင်းဟာ ကော်တီဆောလ်ဟော်မုန်း ထွက်စေပြီး ဝမ်းဗိုက်နေရာမှာ အဆီစုပုံလာစေပါတယ်။
▪️ ဗိုက်ရွှဲခြင်းဟာ ပုံပန်းသဏ္ဍာန် ပျက်စီးစေရုံမက ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
▪️ ကော်တီဆောလ်ပမာဏ မြင့်တက်တဲ့အခါ စားချင်စိတ်များလာပြီး အချိုဓာတ်များပြီး ကယ်လိုရီများတဲ့ အစာတွေကို စားလာချင်ပါတယ်။
▪️ ဖိစီးမှုမြင့်တက်လာပြီဆိုရင် လေ့ကျင့်ခန်း၊ အစားထိန်းခြင်းတို့ဖြင့်ပင် ဗိုက်အဆီကို မထိန်းချုပ်နိုင်ပါဘူး။
▪️ ဝမ်းတွင်းအဆီဆိုတာဟာ ကိုယ်အတွင်းထဲရှိ အင်္ဂါတွေတဝိုက်မှာ စုပုံလာတဲ့ အဆီတွေဖြစ်ပါတယ်။
▪️ ဖိစီးခြင်းကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ကာ ဇီဝဖြစ်စဥ်တွေကို ထိခိုက်စေပြီး အဆီတွေပျံ့နှံ့စေပါတယ်။
▪️ ဖိစီးမှုလျော့နည်းစေရန် အချိန်ကြာရှည်စွာ အစာမစားဘဲနေခြင်းမှ ရှောင်ရှားခြင်း၊ ရေဓာတ်ပြည့်ဝစွာနေခြင်းတို့ ပြုလုပ်သင့်ပါတယ်။
#Source: India Today
#World_Health
Published 1 July 2024
▪️ အသက် ၉၀ အရွယ် အဘိုးတစ်ဦးဟာ ရှားပါးရောဂါတစ်မျိုး ခံစားနေရပြီး သူ့ရဲ့အစာအိမ်က ရင်ဘတ်သို့ တွန်းရောက်နေကာ အသက်ရှူခြင်းနဲ့ အစာအစားခြင်းတို့ ပြုလုပ်ရာမှာ ခက်ခဲနေပါတယ်။
▪️ စားလိုက်တိုင်း အော့အန်နေပြီး ရင်ဘတ်မှာ အောင့်နာခြင်းမျိုး ခံစားရပါတယ်။
▪️ နောက်ဆုံးမှာ အောင့်နာမှာကြောက်ပြီး အစားမစားတော့တာကြောင့် ၁၁ ရက်အတွင်း ၅ ကီလိုဂရမ် ကိုယ်အလေးချိန် ကျသွားပါတယ်။
▪️ ဆာဂမ်ဂါရမ်ဆေးရုံမှ ဆရာဝန်များက သူ့ကို အူကျွံတယ်လို့ ဆိုခဲ့ပြီး ခွဲစိတ်မှုလုပ်ခဲ့ပါတယ်။
▪️ မှန်ပြောင်းဖြင့် ကြည့်ရှုရာမှာ အစာအိမ် တစ်စိတ်တစ်ပိုင်းက ရင်ဝမ်းခြားကြွက်သားရှိ အပေါက်တစ်ခုကနေ ရင်ဘတ်သို့ တွန်းထွက်နေပြီး အဆုတ်တွေကို ဖိနေကာ လက္ခဏာပြင်းထန်စေတာ ဖြစ်ပါတယ်။
▪️ ဒီလိုအူကျွံတာမျိုးက ကုသမှု မလိုအပ်တတ်ပေမယ့် လူနာရဲ့ အသက်အရွယ်နဲ့ လက္ခဏာတွေကြောင့် ခွဲစိတ်မှု လိုအပ်လာပါတယ်။
▪️ အူကျွံတဲ့နားတဝိုက်မှာ ပြန်လည်ဖာထေးတာတွေ လုပ်ခဲ့ရပြီး ရင်ဝမ်းခြားကြွက်သားကို ပိတ်လိုက်ရကာ အစာအိမ်ကို ဝမ်းခေါင်းမှာ ပြန်ထားခဲ့ပါတယ်။
▪️ ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့အပြင် အလျင်အမြန် ရောဂါသက်သာလာပြီး လမ်းလျှောက်နေပြီ ဖြစ်ပါတယ်။
#Source: India Today
Page 307 of 1030