၃၁ အောက်တိုဘာ ၂၀၂၄
သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ့ထောက်ခံသူတွေကို အမေရိကန်နိုင်ငံရဲ့ နှလုံးသားဝိညာဉ်တွေလို့ ခေါ်လိုက်ပြီး ချီးကျူးလိုက်ပါတယ်။ သမ္မတဘိုင်ဒင်က ထရမ့်ထောက်ခံသူတွေကို ပေါလောမျောနေတဲ့ အမှိုက်သရိုက်တွေနှင့် တူတယ်လို့ ပြောဆိုခဲ့ပြီး တစ်ရက်အကြာမှာ ထရမ့်က အဲသလိုပြောလိုက်တာပါ။
“ ကာမာလာ(ဟာရစ်) နှင့် ဂျိုး( ဘိုင်ဒင်) တို့က ကျွန်တော်တို့ကို အမှိုက်သရိုက်တွေတဲ့။ ကျွန်တော်က ခင်ဗျားတို့ကို အမေရိကန်ရဲ့ နှလုံးသားဝိညာဉ်တွေလို့ခေါ်မယ်” “ ခင်ဗျားတို့ဟာ နှလုံးသားဝိညာဉ်တွေ ဖြစ်တယ်။ ခင်ဗျားတို့က ကျွန်တော်တို့နိုင်ငံကိုတည်ဆောက်နေတယ်။ သူတို့တည်ဆောက်တာထက် အများကြီးကွာတယ်” လို့ ထရမ့်ကပြောပါတယ်။
“ အမေရိကန်တွေကို ခင်ဗျားတို့မချစ်ရင် အမေရိကန်နိုင်ငံကို ခင်ဗျားတို့ ဦးဆောင်လို့မရနိုင်ဘူး” လို့လည်း ထရမ့်ကပြောပါတယ်။
ထရမ့်ဟာ အကြိတ်အနယ်ပြိုင်ရမယ့် ဝစ်ကိုစင်ပြည်နယ်ရဲ့ မဲဆွယ်ပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
ထရမ့်ဟာ ဂျိုဘိုင်ဒင်ပြောတဲ့ အမှိုက်သရိုက်တွေ ဆိုတဲ့စကားကို တုန့်ပြန်တဲ့အနေနှင့် သန့်ရှင်းရေး လုပ်သားတစ်ဦးလိုဝတ်ဆင်ပြီး အမှိုက်သယ်ထရပ်ကားတစ်စီးကိုလည်း ကိုယ်တိုင်မောင်းကာ မဲဆွယ်ပွဲ ကိုလာခဲ့ပါတယ်။
“ ကျွန်တော့်လူတစ်ယောက်က လာပြီးပြောတယ်။ အခု “အမှိုက်” ဆိုတဲ့ စကားလုံးက ဟော့တ်ဖြစ် နေတယ်။ အမှိုက်ကား တစ်စီး မောင်းမလားဆရာ” လို့ မေးတယ်” လို့ ထရမ့်ကပြောပါတယ်။
“ သူတို့ဟာ အမှိုက်ကားတစ်စီး ဆွဲလာတော့တာပဲ။ သူတို့ အဲသလောက်မြန်မြန်ကြီး ဘယ်လိုလုပ်ချ လိုက်သလဲမသိဘူး”လို့ ထရမ့်က ဆက်ပြောပါတယ်။
“ ကျွန်တော့်ထောက်ခံသူတွေဟာ လူလိမ်လူညစ်ဂျိုး(ဘိုင်ဒင်) ဒါမှမဟုတ် လူလိမ်ကာမာလာ(ဟားရစ်) တို့ထက် အရည်အချင်းအများကြီးသာတယ်” လို့ ထရမ့်က ပြောပါတယ်။
Source NYPost
#World_Health
Published 31 October 2024
▪️ လူ ၅ ဦးလျှင် ၁ ဦးနှုန်းက ကင်ဆာဖြစ်ပွားကြပြီး အသက်အရွယ်၊ မိသားစုမျိုးရိုးတို့က အဓိကပတ်သက်နေပါတယ်။
▪️ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာများက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အထူးသဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးမှုများမှ ကာကွယ်ပေးပါတယ်။
(၁) လိုင်ကိုပင်း
▪️ ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး ဆဲလ်ထိခိုက်ခြင်းကို ကာကွယ်ပေးကာ ခန္ဓာကိုယ်ကို အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါတယ်။
အကျိတ်ကြီးထွားမှုနဲ့ ရောဂါဆိုးရွားလာခြင်းတို့ကို တားဆီးပေးပါတယ်။
▪️ လိုင်ကိုပင်းက ကယ်ရိုတီနွိုက် မျိုးနွယ်ဝင်ဖြစ်ပြီး လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်များ ဖြစ်စေကာ မျက်လုံးကျန်းမာရေးကို ထောက်ကူပေးပြီး အူမကြီး၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတို့မှ ကာကွယ်ပေးပါတယ်။
(၂) ရက်စ်ဗရာထရိုလ်
▪️ ဘယ်ရီသီးများ၊ စပျစ်သီး၊ ဝိုင်နီ၊ မြေပဲတို့မှာ တွေ့ရတဲ့ ရက်စ်ဗရာထရိုလ်က ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
▪️ ဒါ့အပြင် သုတေသနများအရ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးပါတယ်။
(၃) လူတိန်းနဲ့ ဇီဇန်သင်း
▪️ ကယ်ရိုတီနွိုက်များဖြစ်တဲ့ လူတိန်းနဲ့ ဇီဇန်သင်းတို့ကို ကြက်ဥအနှစ်မှာ တွေ့ရပြီး မျက်လုံးရေတိမ်၊ အမြင်အာရုံ ချို့ယွင်းခြင်းတို့ ဖြစ်နိုင်ခြေနည်းစေပါတယ်။
၂၀၁၉ လေ့လာချက်အရ ထိုဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
(၄) ဗိုက်တာမင်-အေ
▪️ အရေပြားနဲ့ မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးကာ ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ဒါ့အပြင် ဗိုက်တာမင်-အေ အမျိုးအစားက ကင်ဆာအကျိတ်ကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ထောက်ပံ့ပေးတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဗိုက်တာမင်-အေကို ငါး၊ အမဲသားအသည်း၊ နို့ထွက်ပစ္စည်းများနဲ့ ကြက်ဥတို့မှာ တွေ့ရပါတယ်။
#Source: New York Post
#World_Health
Published 31 October 2024
▪️ မက်ဒေါ်နယ်ဆိုင်မှ ဘာဂါများနဲ့ ဆက်စပ်ပြီး အီးကိုလိုင်(E. coli) ရောဂါကူးစက်မှုများ ဖြစ်ပွားနေသဖြင့် အမေရိကန်တဝှမ်း စိုးရိမ်ပူပန်လာရကာ ပြင်းထန်စွာ နေမကောင်းဖြစ်ခြင်း၊ အသက်သေဆုံးခြင်းတို့ပင် ရှိနေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူများ တင်ပြလာပါတယ်။
▪️ ဒီရောဂါကြောင့် အစားအစာ ဘေးကင်းရေးအလေ့အကျင့်များ လိုက်နာကျင့်သုံးဖို့ တောင်းဆိုလာကြပါတယ်။
▪️ အီးကိုလိုင်က လူသားတွေနဲ့ တိရိစ္ဆာန်များရဲ့ အူတွေထဲမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားမျိုး ဖြစ်ပါတယ်။
▪️ မျိုးနွယ်အများစုက အန္တရာယ်မရှိပေမယ့် အချို့ကတော့ အပြင်းအထန် နေမကောင်း ဖြစ်တတ်ပါတယ်။
▪️ ထိုထဲကမှ ရှီဂါအဆိပ်ထုတ် အီးကိုလိုင်(STEC)ဟာ ရောဂါလက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ပါတယ်။
▪️ အီးကိုလိုင်က ရောဂါပိုးထိတွေ့ပြီးနောက် ၃-၄ ရက်အတွင်း လက္ခဏာပေါ်တတ်ပြီး အပြင်းအထန် ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ အချို့ကတော့ သာမန်ဖျားနာတာလောက်သာ ဖြစ်ကြပေမယ့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့ ပြင်းထန်တတ်ပါတယ်။
▪️ အစိုးရိမ်ရဆုံးက ကျောက်ကပ်ပျက်ပြီး အသက်သေဆုံးသည်အထိ ဖြစ်တတ်တဲ့ HUS ရောဂါဖြစ်ပါတယ်။
▪️ ရောဂါလက္ခဏာ ပြင်းထန်ပါက ဆေးကုသမှု လာရောက်ခံယူဖို့ ကျန်းမာရေး တာဝန်ရှိသူများ တိုက်တွန်းနေကြပါတယ်။
▪️ အစားအစာ ကိုင်တွယ်ခြင်းနဲ့ ချက်ပြုတ်ခြင်းတို့မှာ သေချာသန့်ရှင်းစွာ ပြုလုပ်ကြဖို့လည်း အလေးပေး ဖော်ပြထားပါတယ်။
▪️ မက်ဒေါ်နယ်ကတော့ ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ဖို့အတွက် စားသောက်ဆိုင်များကို ယာယီပိတ်ထားကာ ကျန်းမာရေး အာဏာပိုင်များနဲ့ ပူးပေါင်းစစ်ဆေးနေပါတယ်။
▪️ ကုမ္ပဏီကတော့ ယင်းတို့ရဲ့ အစားအစာ ဘေးကင်းရေး လုပ်ငန်းစဉ်များနဲ့ အလေ့အကျင့်များကို ပြန်လည်သုံးသပ်နေပါတယ်။
▪️ ဒါ့အပြင် ကျန်းမာရေး တာဝန်ရှိသူများက ရောဂါကူးစက်ရာ ရင်းမြစ်ကို ခြေရာခံနေပြီး နောက်ထပ်ပျံ့ပွားမှု မဖြစ်ရန် လုပ်ဆောင်နေကြပါတယ်။
#Source: India Today
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့ စိုက်ပျိုးမွေးမြူရေးစခန်းဟာ အဖွဲ့ဝင်နိုင်ငံများအတွက် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းကြောင်းဖွင့်ထားပေးသလို ပိုမိုနီးစပ်စွာ ဆက်ဆံရေးထူထောင်ဖို့လည်း ကူညီပေးနေကြောင်း SCO လက်ထောက်အထွေထွေအတွင်းရေးမှူး နျူရန်နီယာဇာလီယက်ဗ်က ပြောပါတယ်။
#World_Event
Published 30 October 2024
#စိုက်ပျိုးမွေးမြူရေးပြပွဲ #ရှန်ဟိုင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 October 2024
၁။ ရွှေတိဂုံစေတီတော်တွင် တန်ဆောင်မုန်းလပြည့်နေ့၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကျင်းပမည်
၂။ ပြည်တွင်းသို့ ၁၁ လတာအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၅၇၀) ကျော် ဝင်ရောက်ဆိုက်ကပ်
၃။ ခြောက်လအတွင်း ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ပျားရည်များတင်ပို့ထားပြီး ဂျပန်သို့အများဆုံးတင်ပို့
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ စိုက်ပျိုးမွေးမြူရေးပြပွဲကြီး ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၃၀ အောက်တိုဘာ ၂၀၂၄
ဂျာမန်ကားကုမ္ပဏီကြီးဖြစ်တဲ့ ဗောက်စ်ဝက်ဂွန်ဟာ ဂျာမဏီမှာ သူတို့ရဲ့ ကားစက်ရုံ အနည်းဆုံး (၃)ရုံကို ပိတ်သိမ်းပစ်ဖို့စီစဉ်ထားပါတယ်။ အဲဒီအတွက် လူရာထောင်များစွာ အလုပ်ပြုတ်ဖို့ရှိနေပါတယ် လို့ အဲဒီ ဗောက်စ်ဝက်ဂွန်အုပ်စုရဲ့ အလုပ်ကောင်စီဥက္ကဋ္ဌ ဒန်နီယယ်လာကာဗာလိုက ပြောလိုက်ပါတယ်။
Source CCTV+
#World_News
Published 30 October 2024
▪️ ရုရှားသမ္မတဗလာဒီမာပူတင်မှ အမိန့်ပေးပြီးနောက် ရုရှားနျူကလီးယားတပ်တွေဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ အထူးလေ့ကျင့်ရေး စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
▪️ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အခက်ခဲဆုံးအဆင့် အရေးကြီးဆုံးအချိန်အတွင်း အခုလို လေ့ကျင့်မှု ပြုလုပ်လာတာ ဖြစ်ပါတယ်။
▪️ ဒါဟာ ပူတင်မှ အမိန့်ပေးတဲ့ ဒုတိယမြောက် စစ်ရေးလေ့ကျင့်မှုမျိုး ဖြစ်ပြီး ဒီလိုအခြေအနေကို နေတိုး(NATO)အဖွဲ့က ဘယ်လိုတုန့်ပြန်မလဲဆိုတာ မသေချာသေးပါဘူး။
▪️ အမေရိကန်ဦးဆောင်တဲ့ အနောက်တိုင်းအဖွဲ့တွေက ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုစေပြီး ရုရှားနိုင်ငံထဲ ပစ်ခတ်ဖို့ စီစဉ်ရာကနေ တင်းမာမှု မြင့်တက်လာပါတယ်။
▪️ ရုရှားဘက်က ဘယ်လို ပြတ်ပြတ်သားသား ကြေညာထားလဲဆိုတော့ ယူကရိန်းအနေနဲ့ အနောက်တိုင်း အကူအညီဖြင့် ဒီလိုမျိုး တိုက်ခိုက်လာပါက ရုရှားဟာ အမိမြေကို ကာကွယ်ဖို့ နျူကလီးယား အသုံးပြုရန် စဉ်းစားသွားမှာ ဖြစ်ပါတယ်။
▪️ ယမန်လက ပူတင်အသိအမှတ်ပြုလိုက်တဲ့ နျူကလီးယားလမ်းစဉ်သစ်ထဲမှာ ရုရှားဟာ နျူကလီးယားပိုင်မဟုတ်တဲ့ နိုင်ငံတွေကို နျူကလီးယားအသုံးပြုသွားနိုင်ပြီး အနောက်တိုင်းကို သတိပေးနေသလို ဖြစ်နေပါတယ်။
▪️ နျူကလီးယားလက်နက်များကို ပဲ့ထိန်းဒုံးကျည်များ လက်တွေ့ပစ်လွှတ်ခြင်းနဲ့အတူ ထိန်းချုပ်အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း၊ နျူကလီးယားလက်နက် အသုံးပြုခြင်းဟာ အလွန်ဖြစ်ခဲတဲ့ အခြေအနေတွေအတွက်ဖြစ်ပြီး အသုံးပြုနိုင်ရန် အသင့်ထားရှိဖို့လိုကြောင်း သမ္မတပူတင်က ပြောသွားပါတယ်။
▪️ နေတိုးဟာ ရုရှားနိုင်ငံထဲသို့ မြောက်ကိုရီးယား တပ်သား ၁ သောင်းအနည်းဆုံး ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချထားကာ ဒါကိုပူတင်က ရုရှားကာကွယ်ရေးမှာ လုပ်ဆောင်နေတာဟာ ရုရှားကိစ္စသာဖြစ်ကြောင်း တုန့်ပြန်သွားပါတယ်။
▪️ ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားအင်အား အကြီးဆုံးနိုင်ငံဖြစ်ပြီး ရုရှားနဲ့ အမေရိကန် ပေါင်းလိုက်ရင် ကမ္ဘာပေါ်က နျူကလီးယားထိပ်ဖူးအားလုံးရဲ့ ၈၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြပါတယ်။
#Source: NDTV
Page 208 of 1013