#World_News
Published 04 December 2024
▪️ အင်္ဂါနေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ နေတိုး(NATO)မဟာမိတ်အဖွဲ့ဝင် ဖြစ်ရေးအတွက် ဖိတ်ကြားရန် ယူကရိန်းရဲ့ တောင်းဆိုချက်ကို နေတိုးက လက်ရှောင်ခဲ့သဖြင့် ယူကရိန်းက အနာဂတ် လုံခြုံရေး အာမခံချက်ရရှိဖို့အတွက် နေတိုးအဖွဲ့ဝင် ဖြစ်ရေးမှတပါး အခြားမရှိဘူးလို့ ကြေညာလိုက်ပါတယ်။
▪️ ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ရေး ဖိတ်ခေါ်လိုက်ပါက ဒီဖြစ်ရပ်ကို တားဆီးဖို့ စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားအကြောင်းပြချက် တစ်ခုကိုလည်း ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆစ်ဘီဟာက စာရေးသားပေးပို့ခဲ့ပါတယ်။
▪️ နေတိုးအဖွဲ့က ဖိတ်ကြားချက် ထုတ်ပြန်ဖို့ နေ့ရက်ကို မသတ်မှတ်ရသေးဘဲ အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ သံတမန်များက ဆိုပါတယ်။
▪️ မကြာခင် အမေရိကန်သမ္မတ ရာထူးရယူတော့မယ် ဒေါ်နယ်ထရမ့်အစိုးရရဲ့ သက်ရောက်မှုကို မသိရမချင်း အဖွဲ့ဝင်နိုင်ငံအချို့က စောင့်ဆိုင်းနေပါသေးတယ်။
ညစာစားပွဲအပြီးမှာ လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂေဘရီယယ်လီယပ်စ်လန်းစ်ဘာဂျစ်က အဖွဲ့ဝင်ဖြစ်ရေးကိစ္စ တိုးတက်မှုမရှိသေးဘူး သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ချက်နိုင်ငံခြားရေးဝန်ကြီး ယန်းလီပက်ဗ်စကီက ယူကရိန်းကို ဖိတ်ကြားဖို့က လိုအပ်တယ်ဆိုပေမယ့် သဘောတူညီချက် မရသေးဘူးလို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ဆက်ဆံရေးနီးစပ်တဲ့ ဟန်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး ပီတာဆစ်ဂျာတိုကတော့ ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုးတစ်ဖွဲ့လုံးထက်စာရင် အနောက်တိုင်း တစ်နိုင်ငံချင်းစီကနေ လုံခြုံရေး အာမခံချက်များ ရနိုင်တယ်လို့ သံတမန်အချို့က အကြံပြုပါတယ်။
▪️ နေတိုးမဟာမိတ် သဘောတူညီချက်အရ တစ်နိုင်ငံတိုက်ခိုက်ခံရပါက ဝိုင်းဝန်းခုခံတိုက်ခိုက်ရမှာဖြစ်တဲ့အတွက် ယူကရိန်းက နေတိုးအဖွဲ့ဝင် ဖြစ်ချင်နေတာ ဖြစ်ပါတယ်။
#Source: Reuters
#World_Health
Published 04 December 2024
▪️ ပုံမှန်မဟုတ်တဲ့ အချိန်တွေမှာ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် မကောင်းနိုင်တာ သိထားကြပေမယ့် ယခုလေ့လာချက်အသစ်မှာတော့ အသက်အန္တရာယ်ပါ ရှိစေတယ်လို့ တွေ့ရှိလာကြပါတယ်။
▪️ အိပ်ချိန်ပုံမှန်မရှိတာဟာ နှလုံးသွေးကြောရောဂါများဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ပင် ဖြစ်စေနိုင်ပါတယ်။
▪️ တွေ့ရှိချက်များအရ အိပ်ချိန်မှန်ကန်စွာ သတ်မှတ်ဖို့က အိပ်ချိန်လုံလောက်တာထက် ပိုပြီးသင့်လျော်နေတယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။
▪️ အသက် ၄၀ မှ ၇၉ နှစ်ကြား လူပေါင်း ၇၂၀၀၀ ကျော်ကို တစ်ပတ်ကြာအောင် အိပ်စက်မှုပုံစံများ လေ့လာခဲ့ကြပါတယ်။
▪️ ရမှတ် ၈၇ မှတ်အထက်ကို အိပ်ချိန်ပုံမှန်လို့ သတ်မှတ်ကာ ၇၂ မှတ်အောက်ကိုတော့ အိပ်ချိန်ပုံမှန် မဟုတ်ဘူးလို့ သတ်မှတ်ပြီး ကြားရမှတ်ကတော့ သာမန်လို့ သတ်မှတ်ပါတယ်။
▪️ နောက် ၈ နှစ်အတွင်းမှာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်းတို့ ဖြစ်ပျက်တဲ့ အချက်အလက်များကို စုဆောင်းခဲ့ရာမှာ အိပ်ချိန်ပုံမှန်မရှိသူတွေက နှလုံးသွေးကြော ပြဿနာကြီးများ ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။
▪️ အိပ်ချိန်ပုံမှန်အိပ်လေ့ရှိသူတွေက တစ်ညကို ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန် ၇ နာရီမှ ၉ နာရီကြား ပိုမိုရရှိစေတာကိုလည်း တွေ့ရပါတယ်။
▪️ အိပ်ရေးပျက်ခဲ့တာကို ပြန်ဖြည့်အိပ်ခြင်းက နှလုံးသွေးကြောပြဿနာများ ဖြစ်နိုင်ခြေကို မလျော့ကျစေပါဘူး။
▪️ ညအိပ်ချိန်မှာ ပုံမှန်သတ်သတ်မှတ်မှတ် မရှိပါက နှလုံးပြဿနာများ ဖြစ်နိုင်ခြေ များစေတာနဲ့ ဆက်စပ်နေပုံကို ဖော်ပြနေပါတယ်။
▪️ ဒါကြောင့်အိပ်ချိန်ကို ပုံမှန်သတ်မှတ်အိပ်စက်ဖို့က အရေးကြီးတယ်လို့ အကြံပြုသွားပါတယ်။
#Source: New York Post
#World_Health
Published 04 December 2024
▪️ လူတွေ အသက်ကြီးလာတဲ့အခါ ဦးနှောက်ကျုံ့လာတာကို မကာကွယ်နိုင်ပေမယ့် နှောင့်နှေးအောင်တော့ လုပ်လို့ရပါသေးတယ်။
▪️ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းက ဦးနှောက်ကျန်းမာရေးအပေါ် သက်ရောက်နိုင်ပြီး ဦးနှောက်ကျန်းမာရေး ကျဆင်းလာခြင်းကို နှောင့်နှေးစေတယ်လို့ ဘန်ဂူရီယန်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိလာပါတယ်။
▪️ မက်ဒီတာရေးနီးယန်း စားသောက်မှုပုံစံရဲ့ အာရုံကြောကာကွယ်နိုင်စွမ်းမှာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုက ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ဦးနှောက်ရင့်ရော်ခြင်းကို နှောင့်နှေးစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
▪️ လူတွေမှာ နေထိုင်မှုသက်တမ်းရှိသလို ဦးနှောက်မှာလည်း သူ့သက်တမ်းနဲ့သူ ရှိပါတယ်။
▪️ ဦးနှောက်သက်တမ်းနုနယ်စဉ်မှာ ဦးနှောက်ကျန်းမာရေး ပိုကောင်းပြီး ဦးနှောက်သက်တမ်း အိုမင်းတဲ့အခါ မှတ်ဉာဏ်နဲ့ အသိဉာဏ်ကျဆင်းလာပါတယ်။
▪️ မက်ဒီတာရေးနီးယန်း အစားအစာတွေက အသက်အရွယ်ကြောင့် ဦးနှောက်ကျုံ့ခြင်းကို တစ်နှစ်ခွဲအတွင်း တဝက်လောက် လျှော့ချပေးတယ်လို့ တွေ့ထားကြပါတယ်။
▪️ ထိုအစားအစာတွေမှာ ပိုလီဖီနောလ်ဓာတ် ကြွယ်ဝပြီး ဇီဝဖြစ်စဉ်ကျန်းမာရေးကို ထောက်ပံ့ရုံမက ဦးနှောက်တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တို့ကိုလည်း ကာကွယ်ပေးပါတယ်။
▪️ ဘဲစားရေမှော်ပင်တွေဆိုရင် သွေးတွင်းသကြားဓာတ်နဲ့ ဦးနှောက်ကျန်းမာရေးတို့အတွက် တိုးတက်စေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ အပင်အခြေပြု စားစရာတွေမှာ တွေ့ရတဲ့ ပိုလီဖီနောလ်က သွေး-ဦးနှောက်ပိုင်းခြားမှုကို ဖြတ်သန်းကာ ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချပေးတယ်လို့ သိရပါတယ်။
#Source: The Jerusalem Post
လက်ဘနွန်နဲ့ အစ္စရေးလ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဗုဒ္ဓဟူးနေ့ အာရုံတက်ချိန်မှာ စတင်သက်ရောက်လာပြီး မရေရာမှုတွေရော ပျော်ရွှင်မှုတွေပါ ခံစားနေရတဲ့ ထောင်ပေါင်းများစွာသော လက်ဘနွန်ရွှေ့ပြောင်းအရပ်သားတွေဟာ မြို့တော်ဘေရုကနေ နေရပ်ပြန်နေပြီဖြစ်ကာ သူတိုရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်နေပါပြီ။
#World_News
Published 3 December 2024
#လက်ဘနွန်-အစ္စရေးလ် #စစ်ဘေးရှောင်အရပ်သား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 3 December 2024
၁။ ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းနှင့် ကောလဟာလများပျောက်ကွယ်သွားခြင်းကြောင့် မြန်မာ့ရွှေဈေးကျဆင်းလာ
၂။ ဆန်စပါးအထွက်တိုးရန် ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများရှိနေ
၃။ အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲတစ်သောင်းကျော်ကို ယခုလ ၃၁ ရက်နောက်ဆုံးထားထုတ်ယူနိုင်
၄။ လက်ဘနွန်-အစ္စရေးလ်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စတင်အသက်ဝင်လာလာချင်းမှာပင် စစ်ဘေးရှောင်အရပ်သားများနေရပ်ပြန်နေကြ
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 03 December 2024
▪️ အီရန်ကျောထောက်နောက်ခံပြု အီရန်တိုက်ခိုက်ရေးသမား ရာနဲ့ချီဟာ တနင်္လာနေ့က ဆီးရီးယားကို ဖြတ်ကျော်လာပြီး အလက်ပိုကို သိမ်းပိုက်ထားတဲ့ သူပုန်တွေနဲ့ တိုက်ခိုက်နေတဲ့ အစိုးရကို ကူညီသွားမှာဖြစ်ပါတယ်။
▪️ ဒါပေမဲ့ လက်ဘနွန်မှ ဟက်ဇ်ဘိုလာတို့ကတော့ အခုအချိန်မှာ ပူးပေါင်းပါဝင်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သတင်းရင်းမြစ်များက ဆိုပါတယ်။
▪️ ရုရှားလေကြောင်း အကူအညီ အပါအဝင် ဒေသတွင်း အီရန်ရဲ့ မဟာမိတ်တပ်ဖွဲ့များ စုစည်းထားခြင်းက အစိုးရလိုလားတဲ့ တပ်ဖွဲ့များ အောင်နိုင်ရေးအတွက် အဓိကကျနေပြီး ၂၀၁၁ သမ္မတဘာရှာအယ်အက်ဆက်ဒ်ကို ပုန်ကန်ခဲ့ကြတဲ့ ဆီးရီးယားမှ သူပုန်တွေကို နှိမ်နင်းခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ ရုရှားတို့က ယူကရိန်းစစ်ပွဲကို အာရုံစိုက်နေပြီး ဟက်ဇ်ဘိုလာတို့က အစ္စရေးလ်နဲ့ ပဋိပက္ခဖြစ်နေချိန်မှာ ဆီးရီးယားအနောက်မြောက်မှ သူပုန်များ အလျင်အမြန် ချီတက်လာကြပါတယ်။
▪️ အလက်ပိုမြို့ကို ဝင်ရောက်သောင်းကျန်းနိုင်ခဲ့တာဟာ အက်ဆက်ဒ်ဆန့်ကျင်ရေးသမားများ အတွက်တော့ အကြီးမားဆုံး အောင်မြင်မှု ဖြစ်နေပါတယ်။
▪️ သူပုန်တွေက မြို့ကို အလျင်အမြန်ပဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အတိုက်အခံအဖွဲ့ ခေါင်းဆောင် ဟေဒီအယ်ဘာရာက ပြောပါတယ်။
▪️ အလက်ပိုကို တိုက်ခိုက်ဖို့က မနှစ်တည်းက ပြင်ဆင်နေခဲ့ပေမယ့် ဂါဇာစစ်ပွဲကြောင့် ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။
▪️ ဆီးရီးယားပြည်တွင်းစစ်ဟာ ၂၀၂၀ နောက်ပိုင်း ရပ်ဆိုင်းနေခဲ့ပြီး အက်ဆက်ဒ်အစိုးရ နယ်မြေအများစုနဲ့ အဓိကမြို့ကြီးအားလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။
▪️ အီရတ်မှ တိုက်ခိုက်ရေးသမား အနည်းဆုံး ၃၀၀ လောက်ဟာ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ မြေလမ်းတစ်ခုကို ဖြတ်သန်းလာခဲ့တယ်လို့ သိရပါတယ်။
▪️ အက်ဆက်ဒ်တို့သာ အီရန်အပေါ် မှီခိုမှုလျှော့ချလာပါက ယူအေအီးနဲ့ အမေရိကန်တို့က ယင်းအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို လျှော့ချဖို့အရေး ဆွေးနွေးထားပါတယ်။
#Source: Reuters
#World_Lifestyle
Published 03 December 2024
▪️ ဘောလုံးခေါင်းတိုက်ခြင်းဟာ ဦးနှောက်ထိခိုက်စေတာကို ယခင်ကထက်ပိုပြီး တွေ့လာကြပါတယ်။
▪️ မြောက်အမေရိက ဓာတ်ရောင်ခြည်အဖွဲ့မှ သုတေသီတွေက ဘောလုံးခေါင်းတိုက်ခြင်းနဲ့ အာရုံကြောချို့ယွင်းရောဂါများကြား ဆက်စပ်မှုတွေကို ရှာဖွေတွေ့ခဲ့ကြပါတယ်။
▪️ ဘောလုံးကို အကြိမ်များစွာ ခေါင်းတိုက်ခဲ့တဲ့ ဘောလုံးသမားတွေဟာ ဦးနှောက်ရဲ့ အဖြူသားနေရာမှာ ပုံမှန်မဟုတ်ဘဲ ဦးနှောက်ထိခိုက်ဒဏ်ရာ ရထားတာတွေကို တွေ့ခဲ့ကြပါတယ်။
▪️ ဘောလုံးသမားတွေ ဘောလုံးနဲ့အထိများတဲ့ ဦးနှောက်အရှေ့ခြမ်းနေရာမှာ အထိခိုက်ဆုံးဖြစ်နေတာ တွေ့ရပါတယ်။
▪️ အားကစားမှာ ကြိမ်ဖန်များစွာ ခေါင်းတိုက်ခြင်းရဲ့ သက်ရောက်မှုတွေက ယခင်သိထားတာထက် ပိုကျယ်ပြန့်နေတယ်လို့ နယူးယော့ခ် ကိုလံဘီယာတက္ကသိုလ်မှ ဓာတ်ရောင်ခြည်ပရော်ဖက်ဆာ ဒေါက်တာ မစ်ချဲလ်လစ်ပ်တန်က ပြောသွားပါတယ်။
▪️ ဦးနှောက်အဖြူသားနေရာကို ထိခိုက်ခြင်းက ဦးနှောက်စွမ်းဆောင်ရည် ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဆိုပါတယ်။
▪️ စမ်းသပ်ပါဝင်ခဲ့တဲ့ ဘောလုံးသမားတွေနဲ့ အားကစား ၄၀၀ ကျော် အများစုဟာ ဦးနှောက်ထိခိုက်ဒဏ်ရာမျိုး မရှိခဲ့ကြပါဘူး။
▪️ ခေါင်းတိုက်ခြင်းက ချက်ချင်းတော့ ဒဏ်ရာမဖြစ်ပေမယ့် ရေရှည်မှာ ဦးနှောက်ထိခိုက်နိုင်တယ်လို့ သုတေသီများ ပြောပါတယ်။
▪️ ယခုလေ့လာချက်မှာ ဦးနှောက်မျက်နှာပြင်နဲ့ နီးကပ်တဲ့ အစိတ်အပိုင်းတွေကို MRIနည်းပညာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
#Source: New York Post
Page 148 of 977