၂၈ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်ခါက သူ့ကို ဖေ့စ်ဘုတ်ခ်မှာ ပိတ်ပင်ခဲ့တဲ့ Meta ရဲ့စီအီးအို မတ်ဇူကာဘတ်နှင့် ဖလော်ရီဒါရှိ ထရမ့်ရဲ့ မာအာလာဂိုကလပ်မှာ နိုဝင်ဘာ ၂၇ ရက်ဗုဒ္ဓဟူးနေ့က ညစာစားရင်း တွေ့ဆုံခဲ့ပါတယ်။
ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ ဒုတိယရုံးအဖွဲ့အကြီးအကဲအဖြစ်ခန့်အပ်ခံထားရတဲ့ စတိဖင်မီလာက ဇူကာဘတ်ဟာ အခြားသော စီးပွားရေးခေါင်းဆောင်တွေလိုပဲ ထရမ့်ရဲ့ စီပွားရေးအစီအစဉ်ကို ထောက်ခံ ခဲ့တယ်လို့ ထုတ်ဖော်ပြောပါတယ်။
ထရမ့်နှင့်ဆက်ဆံရေးတွေ ဆိုးရွားပြီးနောက် ဇူကာဘတ်ဟာ လက်ယာဝါဒီတွေအပေါ် သူ့ရဲ့အမြင်တွေ ပြောင်းဖို့ကြိုးစားနေတာဖြစ်တယ်လို့ သတင်းတွေကရေးသားပါတယ်။
“ မတ်ခ်ကြည့်ရတာ သူ့ကိုယ်ကျိုးရှိနေတာထင်ရှားတယ်။ သူမှာ ကိုယ်ပိုင်ကုမ္ပဏီနှင့် ကိုယ်ပိုင် အစီအစဉ်အာဂျင်ဒါတွေရှိနေတယ်” လို့ မီလာက ဖောက်စ်သတင်းဌာနနှင့် တွေ့ဆုံမှုအကြောင်း မေးမြန်း ခန်းမှာ ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့် ထရမ့်ရဲ့ခေါင်းဆောင်မှုအောက်မှာ အမေရိကန်ရဲ့ အမျိုးသားပြန်လည်သစ်လွင်မှုအစီအစဉ်ကို ထောက်ခံလိုတယ်ဆိုတာကို သူကရှင်းရှင်းလင်းလင်းပြသခဲ့တယ်လို့လည်း မီလာကဆိုပါတယ်။
ဇူကာဘတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွေ့ဆုံမှုကို အတည်ပြုပါတယ်။ ဇူကာဘတ်ဟာ ညစာအတူ စားဖို့ ထရမ့်ကဖိတ်ကြားခဲ့တာဖြစ်ပြီးထရမ့်နှင့်သူ့အဖွဲ့ဟာ လာမယ့်အစိုးရအကြောင်း ပြောဆိုဆွေးနွေး ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ထရမ့်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ အမေရိကန် ကွန်ဂရက်အဆောက်အအုံကို အတိုက် အခိုက်ခံရပြီးတဲ့နောက် ဖေ့စ်ဘုတ်က အဖယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အကောင့်ကို ၂၀၂၃ခုနှစ်စောစောပိုင်းမှာ ဖေ့စ်ဘုတ်ခ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။
Source AP
၂၀၂၄ခုနှစ် သမ္မတမဲဆွယ်ပွဲမှာ ဇူကာဘတ်ဟာ သမ္မတစ်ဦးဦးကို ထောက်ခံတာတွေမလုပ်ခဲ့ပါဘူး။ သူဟာ ယခုနှစ်စောစောပိုင်းကစပြီး ထရမ့်အပေါ်အပြုသဘောပိုမိုပြသလာခဲ့ပါတယ်
Naypyidaw, Myanmar, 27 November – Myanmar's ruling body, the State Administration Council (SAC), has officially dismissed reports claiming that the Chief Prosecutor of the International Criminal Court (ICC) has sought an arrest warrant for Senior General Min Aung Hlaing, the Chairman of the SAC.
"Myanmar is not a member of the ICC and, therefore, does not recognize any statements or actions made by the court," stated the SAC's Information Team.
The statement further emphasized that Myanmar adheres to an independent, active, and non-aligned foreign policy in its relations with regional and international communities. It also promotes peaceful coexistence among nations.
International news outlets reported on 27 November that ICC Chief Prosecutor Karim A. A. Khan had submitted a request to the court seeking an arrest warrant for Senior General Min Aung Hlaing in connection with alleged crimes committed against the Bengali community in 2017.
@ymg/knl
၂၇ နိုဝင်ဘာ ၂၀၂၄
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရန် ICC ရှေ့နေချုပ်ဆိုသူက လျှောက်ထားမယ်လို့ ထွက်ပေါ်နေတဲ့ သတင်းများနှင့်ပတ်သက်၍ နစက အစိုးရက တရားဝင်ပယ်ချလိုက်ပါတယ်။
“ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ” လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံး လျက်ရှိတယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်တဲ့ နိုင်ငံတကာသတင်းများတွင် ၂၀၁၇ ခုနှစ်အတွင် ဘင်္ဂါလီတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အေအေခန် Karim A.A Khan က တရားရုံးကိုလျှောက်ထားခဲ့တယ်လို့ ရေးသားခဲ့ကြတာဖြစ်ပါတယ်။
ကာရင်အေအေခန်ဟာ ပါကစ္စတန်သွေးပါတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ICC မှာ သူ့လက်ထောက် အမျိးသမီး ဝန်ထမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်လို့ အတိုင်အတန်းခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။
@ymg/knl
၂၅ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်ကနေ လိင်ပြောင်း စစ်မှုထမ်း တွေကို ထုတ်ပစ်မယ့် သမ္မတအမိန့်တစ်ခုကို ထုတ်ပြန်ဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ် သတင်း အရင်းအမြစ်ကိုကိုးကားပြီး တိုင်းမ်သတင်းဌာနက ရေးသားလိုက်ပါတယ်။
ထရမ့်ဟာ သမဖ်မတတာဝန်ကိုလာမယ့် နှစ်ဇန်နဝါရီ ၂၀ရက်မှာ စတင်ထမ်းဆောင်မှာဖြစ်ကာ သမ္မတ ဖြစ်ပြီးသိပ်မကြာခင်မှာပဲ အမေရိကန်စစ်တပ်မှာ လိင်ပြောင်းသူတွေ စစ်မှုထမ်းမှာကို ပိတ်ပင်မယ့် သမ္မတ အမိန့်တစ်ခုကို လက်မှတ်ရေးထိုးလိမ့်မယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီအမိန့်အရ လက်ရှိ လိင်ပြောင်းစစ်မှုထထမ်း ၁၅.၀၀၀ ဦးဟ အလိုလိုစစ်တပ်ကနေထွက်ပေးရတော့မှာဖြစ်ပြီး သူတို့ကို စစ်မှုထမ်းရန်မသင့်ဟုကြေညာခြင်းခံရမှာဖြစ်ပါတယ်။
အဲဒီအမိန့်အရ စစ်တပ်ကို လိင်ပြောင်းသူတွေ ထပ်မံဝင်ရောက်လာမှာကိုလည်း ပိတ်ပင်တားဆီးမှာဖြစ်တဲ့ အတွက် အမေရိကန်စစ်တပ်အနေနှင့် လိုအပ်တဲ့ စစ်သားစုဆောင်းရေးအရေအတွက်ရရှိဖို့ အတော် ရုန်းကန်ရလိမ့်မယ်လို့ သတင်းကဆိုပါတယ်။
အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ဟာ စစ်တပ်ထဲမှာ လိင်ပြောင်းသူတွေ မထားဖို့ သူရဲ့ ပထမသက်တမ်း ထဲမှာ ပြောထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေကြောင့် စစ်တပ်ထဲ ဆေးဝါးစရိတ်တွေနှင့် အလုပ်ပျက်အကိုင်ပျက်တွေ အများကြီးရှိခဲ့တယ်လို့ ဆိုကာ ၂၀၁၉ခုနှစ်မှာ အမိန့်ထုတ်တားဆီးခဲ့တာပါ။
ဒါပေမယ့် ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာပြီးတဲ့နောက် ပြောင်းပြန် ပြန်လုပ်ခဲ့ပါတယ်။ အခုထရမ့်က သမ္မတပြန်ဖြစ်လာတဲ့အခါ သူထုတ်ပြန်ခဲ့တဲ့ အမိန့်ကိုပြန်အသက်သွင်းမယ့် သဘောဖြစ်ပါတယ်။
Source : Times of India
၂၄ နိုဝင်ဘာ ၂၀၂၄
တရုတ်-မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံ မြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေ အားလုံးကို ချေမှုန်းပြီးပြီလို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မကြာသေးမီကကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မြောက်ပိုင်းကကျားဖျန့်လုပ်ငန်းတွေကို တရုတ်နှင့် မြန်မာရဲတပ်ဖွဲ့တွေ စတင်နှိမ် နှင်းခဲ့တဲ့အချိန်ကနေ ယခုအချိန်အထိ တရုတ်နိုင်ငံသား ငါးသိန်းသုံးသောင်ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်
Source CCTV+
၂၃ နိုဝင်ဘာ ၂၀၂၄
သူမအသတ်ခံရရင် သမ္မတ ဖာဒီန်မားကိုစ်ဂျုနီယာကို ပြန်လုပ်ကြံသတ်ဖြတ်ခိုင်းမယ်လို့ ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာ ဒူတာတီးက ပြောကြားလိုက်ပါတယ်။ အဲသလိုပြောကြားပြီးတဲ့နောက် ဖိလစ်ပိုင် လုံခြုံရေး အေဂျင်စီတွေဟာ သမ္မတရဲ့ လုံခြုံရေးကို တိုးမြှင့်လိုက်ရပါတယ်။
ဖိလစ်ပိုင်မှာ သမ္မတ မားကို့စ်ဂျူနီယာနှင့် ဒုသမ္မတ ဆာရာဒူတာတီးတို့အကြား အကွဲအပြဲတွေဖြစ်နေခဲ့ တဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ယခုပြောကြားချက်ဟာ သိသာထင်ရှားတဲ့ အကွဲအပြဲတစ်ခုကို ထင်ဟပ်ခဲ့တာဖြစ်ပါတယ်။
ဒုသမ္မတ ဆာရာဒူတာတီးက သူမသာအသတ်ခံရရင် မားကို့စ်၊ သူ့ဇနီးနှင့် ဖိလစ်ပိုင်အောက်လွှတ်တော် အမတ်တို့ကို သတ်ပစ်ဖို့ လုပ်ကြံမည့်သူတစ်ဦးကို သူမညွှန်ကြားထားပြီးဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“ ကျွန်မ တစ်ယောက်ကိုပြောထးတယ်။ ကျွန်မအသတ်ခံရရင် ဘီဘီအမ်(မားကို့စ်) လီဇာအာရင်တာ (သမ္မတကတော်)နှင့် မာတင်ရိုမူဒက်ဇ်( လွှတ်တော်ဥက္ကဋ္ဌ)တို့ကို သတ်ဖို့ ပြောထားတယ်။ နောက်တာ မဟုတ်ဘူးနော်၊ နောက်တာမဟုတ်ဘူး” လို့ ဒုသမ္မတ ဒူတာတီးကပြောပါတယ်။
သူမအနေနှင့် အန္တရာယ်ကင်းအောင်နေဖို့နှင့် ရန်သူရဲ့ပိုင်နက်ထဲ သူမရောက်နေတယ်လို့ အွန်လိုင်းဝေဖန် သူတစ်ဦးက ပြောကြားပြီးနောက် ဒူတာတီးက ယင်းကဲ့သို့တုန့်ပြန်ပြောကြားခဲ့တာပါ။
သမ္မတလုံခြုံရေးအဖွဲ့က သမ္မတရဲ့လုံခြုံရေးကိုတိုးမြှင့်ထားလိုက်ပြီး သမ္မတနှင့်သူ့မိသားစုအပေါ် မည်သည့် ခြိမ်းခြောက်မှုမျိုးမဆို တားဆီးဟန့်တားမယ်လို့ပြောပါတယ်။
၂၂ နိုဝင်ဘာ ၂၀၂၄
◾️အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းကို ယင်းတို့၏ လက်နက်များဖြင့် ရုရှားအား တိုက်ခိုက်ခွင့်ပြုခဲ့သည့် အတွက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ တစ်ခုအဖြစ် ဦးတည်၍ အရှိန်မြင့်လာပြီဟု ရုရှား သမ္မတ ဗလက်ဒီမာပူတင်က ကြာသပတေးနေ့က ပြောကြားလိုက်သည်။
◾️ရုရှားအနေဖြင့် အနောက်ကို ပြန်လည် တိုက်ခိုက်ရလိမ့်မည်ဟုလည်း ပူတင်က သတိပေးလိုက်သည်။
◾️အမေရိကန်နှင့်ဗြိတိန်တို့၏ ဒုံးကျည်များအသုံးပြုခဲ့ခြင်းအပေါ် ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ရုရှား သည် ဟိုက်ပါဆိုးနစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြင့် ယူကရိန်း၏ စစ်ဘက်အဆောက်အအုံများအား ပြန်လည်တိုက်ခိုက်ခဲ့သည်ဟုလည်း ပူတင်က ပြောသည်။ နောက်ထပ် ထပ်လာဦးမည်ဟုလည်းသူက သတိပေးလိုက်သည်။
◾️ဤကဲ့သို့သောလက်နက်များဖြင့် ထပ်မံတိုက်ခိုက်ရန်ရှိသည့်အတွက် အရပ်သား များ သတိထားနေထိုင်ရန်လည်း ပူတင်က သတိပေးလိုက်သည်။
◾️ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်ဖြင့် အမေရိကန် က ယင်း၏ ATACMS ဒုံးကျည်ခြောက်စီးဖြင့် နိုဝင်ဘာ ၁၉ ရက်တွင်လည်းကောင်း၊ ဗြိတိန်က ယင်း၏ Storm Shadow ဒုံးကျည်နှင့် အမေရိကန်လုပ် HIMARS တို့ဖြင့် နိုဝင်ဘာ ၂၁ရက်တွင် လည်းကောင်း ယူကရိန်းက ရုရှားကိုတိုက်ခိုက်ခဲ့သည်ဟုလည်း ပူတင်ကပြောသည်။
◾️ ကမ္ဘာကြီးကို ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအသွင်သို့ အမေရိကန်က တွန်းပို့နေသည်ဟု ပူတင်ကဝေဖန် သည်။
◾️ATACMS တိုက်ခိုက်မှုက ထိခိုက်ပျက်စီးမှု မပြောပလောက်ဖြစ်ခဲ့သော်လည်း နိုဝင်ဘာ ၂၁ရက်က Storm Shadow ဖြင့် ကတ်စ်ဒေသကို တိုက်ခိုက်ခြင်းက စစ်ဌာနချုပ်တစ်ခုကို တိုက်ရိုက်ထိမှန်၍ သေဆုံး ဒဏ်ရာရမှုတွေရှိခဲ့သည်ဟု ပူတင်ကထုတ်ဖော်ပြောကြားသည်။
Source Reuters
Page 8 of 209