Published 19 March 2022
အမေရိကန်ပြည်ထောင်စုဟာ တရုတ်နှင့် စစ်အေးတိုက်ပွဲလုပ်ဖို့မရှိပါဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထပ်မံပြောကြားလိုက်ပါတယ်။ သောကြာနေ့က အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ မေတ္တရပ်ခံချက်ကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဗွီဒီယိုနှင့် ပြောဆိုဆွေးနွေးကြရမှာ ဘိုင်ဒင်က ယခုလိုထပ်လောင်းပြောကြားခဲ့တာဖြစ်တယ်လို့ CMG က သတင်းထုတ်ပြန်ပါတယ်။
တရုတ်ဟာ အမေရိကန်ရဲ့စနစ်ကို ပြောင်းလဲလိုတဲ့ရည်ရွယ်ချက်မရှိဘူး၊ပြီးတော့ အမေရိကန်ရဲ့မဟာမိတ်တွေပြန်လည်သက် ဝင်လှုပ်ရှားလာတာဟာ တရုတ်ကို ပစ်မှတ်ထားတာမဟုတ်ဘူးလို့လည်း ဘိုင်ဒင်ကပြောပါတယ်။ အဲဒီအပြင် ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို အမေရိကန်ဟာ မထောက်ခံဘူးလို့လည်းဆိုပါတယ်။ ပြီးတော့ တရုတ်နှင့်ပဋိပက္ခဖြစ်ဖို့လည်း ရည်ရွယ်ချက်မရှိဘူးလို့ သူကပြောပါတယ်။
အမေရိကန်-တရုတ်ဆက်ဆံရေးလမ်းကြောင်းချဖို့ သမ္မတရှီနှင့် အနီးကပ်ထိတွေ့ဆက်ဆံရန် သူအသင့်ရှိကြောင်းကိုလည်း သူကထုတ်ဖော်ပြောကြားပါတယ်။
ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဖော်ဆောင်ရေးမှာ ကမ္ဘာကြီးဟာ ပြင်းထန်တဲ့စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်သက်ခြင်းလည်းမရှိ တည်ငြိမ်ခြင်းလည်းမရှိဘူးလို့ ရှီကပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်(၂)နိုင်ငံဖြစ်တဲ့ ကမ္ဘာ့ဦီးဆောင်စီးပွားရေးနိုင်ငံတွေဖြစ်တဲ့ တရုတ်နှင့်အမေရိကန်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းတစ်လျောက် သူတို့ရဲ့ ဆက်ဆံရေးကို ထိန်းကျောင်းရဖို့ တင်မကဘဲ နိုင်ငံတကာတာဝန်တွေကို မျှယူကြဖို့နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် မျှဝေလုပ်ဆောင်ကြရမယ်လို့ ရှီက ပြောပါတယ်။
အမေရိကန်က တရုတ်နှင့်စစ်အေးတိုက်ပွဲမဖြစ်လိုဘူး၊တရုတ်ရဲ့စနစ်ကိုမပြောင်းလဲလိုဘူး၊တရုတ်ကိုဆန့်ကျင်ဖို့ မဟာမိတ်တွေ သက်ဝင်လှုပ်ရှားတာမဟုတ်ဘူး၊ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံဘူး၊ တရုတ်နှင့်ပဋိပက္ခမဖြစ်လိုဘူး လို့ သမ္မတဘိုင်ဒင်ပြောခဲ့တဲ့ မှတ်ချက်တွေကို “ ကျွန်တော့်အနေနှင့် အဲဒါတွေကို အလေးအနက်ကို မှတ်သားထားပါတယ်” လို့ ရှီကပြန်ပြောခဲ့ပါတယ်။
ထိုင်ဝမ်နှင့်ပတ်သက်လို့ လွဲမှားစွာကိုင်တွယ်နေတာတွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပြတ်တောက်စေလိမ့်မယ်လို့ ရှီက ပြောလိုက်ပြီး အမေရိကန်အနေနှင့် ဒီပြဿနာကို အာရုံစိုက်လုပ်ဆာင်လိမ့်မယ်လို့ တရုတ်ကယုံကြည်တယ်လို့လည်း ပြောခဲ့ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ယူကရိန်းကိစ္စကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ပဲ တရုတ်အစိုးရရဲ့ မီဒီယာတွေက ရေးသားပေမယ့်တရုတ်အနေနှင့်ရုရှားကို ရုပ်ဝတ္ထုပိုင်း ကူညီပံ့ပိုးခဲ့ရင် ရှုပ်ထွေးဂယက်ရိုက်မှုတွေနှင့်အကျိုးဆက်တွေ ရရှိလာလိမ့်မယ်လို့ ဘိုင်ဒင်က ရှီကိုပြောခဲ့တယ်လို့ အနောက်မီဒီယာတွေကရေးသားပါတယ်။
ယူကရိန်းကိစ္စနှင့်ပတ်သက်လို အမေရိကန်ရဲ့ရပ်တည်ချက်ကို ဘိုင်ဒင်က အသေးစိတ်ရှင်းပြပြီး အခြေအနေပိုဆိုးရွားသွား မှာကို ဟန့်တားနိုင် အောင် အမေရိကန်ဟာ တရုတ်နှင့် ဆက်ဆံပြောဆိုဖို့ အဆင်သင့်ရှိတယ်လို့ ဘိုင်ဒင်ကပြောပါတယ်။
“ တရုတ်အနေနှင့် ယူကရိန်းအခြေအနေ ဒီလိုဖြစ်လာတာကို မမြင်တွေ့လိုပါဘူး။ တရုတ်ဟာ ငြိမ်းချမ်းရေးဘက်ကရပ် တည်ပြီး စစ်ပွဲကို ဆန့်ကျင်တယ်။ ဒါဟာတရုတ်ရဲ့ သမိုင်းနှင့်ယဉ်ကျေးမှုထဲမှာ စွဲခိုင်နေတဲ့အရာတွေဖြစ်တယ်” လို့ ရှီက ပြန်ပြောတယ်လို့ သတင်းကရေးသားပါတယ်။
အရေးကိစ္စတစ်ခုချင်းစီရဲ့ အဆိုး အကောင်းအပေါ် အခြေခံပြီး တရုတ်ဟာ လွတ်လပ်စွာ ကောက်ချက်ချတာတွေလုပ်တယ်၊ နိုင်ငံတကာဥပဒေတွေနှင့် အားလုံးလက်ခံထားတဲ့ နိုင်ငံတကာဆက်ဆံရေးကို စီမံနေတဲ့ နိုင်ငံတကာစံညွှန်းတွေကို ကိုင်စွဲတယ်။ ကုလသမဂ္ဂပဋိညာဉ်ကို လိုက်နာစောင့်ထိန်းတယ်။ ဘုံသဘောလက္ခဏာဆောင်ပြီး ပြည့်စုံကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်ပြိး ရေရှည်တည်တံ့တဲ့ လုံခြုံရေးအမြင်ကို အားပေးတယ်။ အဲဒါတွေဟာ ယူကရိန်းအကျပ်အတည်းကို တရုတ်ကချည်းကပ်ရာမှာ ကျောထောက်နောက်ခံပြုထားတဲ့ အဓိကကျတဲ့ အခြေခံသဘောတရားတွေပဲဖြစ်တယ်လို့ ရှီကပြောပါတယ်။
ဘက်တွေအားလုံးဟာ ရလာဒ်တွေထွက်ပြီး ငြိမ်းချမ်းရေးဦးတည်စေမယ့် တွေ့ဆုံဆွေးနွေးစေ့စပ်ညှိနှိုင်မှု တွေဖြစ်ဖို့ ရုရှားနှင့်ယူကရိန်းတို့ကို ပူးတွဲထောက်ခံအားပေးဖို့လိုအပ်တယ်လို့ ရှီကပြောပါတယ်။ အဲဒီအပြင် ယူကရိန်းအကျပ်အတည်းရဲ့ အခရာဖြစ်နေတာကို ဖြေရှင်းဖို့နှင့် ရုရှားနှင့် ယူကရိန်းတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပူပန်မှုတွေကို လျော့ပါးစေဖို့ အမေရိကန်နှင့် နေတိုးဟာ ရုရှားနှင့်ဆွေးနွေးသင့်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
ရှီက တရုတ်ဆိုရိုးစကားနှစ်ခုနှင့်လည်း ဥပမာပေးပြောကြားခဲ့ပါတယ်။ “လက်ခုတ်တီးဖို့ လက်နှစ်ဖက်လိုတယ်” ဆိုတာနှင့် “ကျားကိုခြူဆွဲပေးသူပဲ သူ့ဆီကခြူပြန်နှုတ်ပေးရလိမ့်မယ်” ဆိုတာဖြစ်တယ်လို့ ရှီကပြောပါတယ်။
Source CMG/Bloomberg
Published_ 18 March 2022
ငွေကြေးဈေးကွက်တည်ငြိမ်မှုအား ထိခိုက်စေသော ဆောင်ရွက်မှုများကို တိုင်ကြားနိုင်ကြောင်း ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီက ကြေညာထားပါတယ်။
တည်ငြိမ်မှုကို ထိခိုက်စေသော ဆောင်ရွက်မှုများမှာ နိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်း ပြုလုပ်သူများ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေခံပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက် များအတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ် ထိန်းသိမ်း ထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့်ကျပ်ငွေများကို ရာခိုင်နှုန်းယူ၍ ငွေသားဖြင့်လဲလှယ်ထုတ်ပေးခြင်းတို့ ဖြစ်ကြပါတယ်။
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ သည် ပြည်တွင်းငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်းကြပ်မတ်ရာတွင် အထောက်အကူဖြစ်စေရန် တိုင်ကြားစာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများတွင် ပါဝင် ပတ်သက်သူများကို သိရှိပါက ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ် ရေး လုပ်ငန်းကော်မတီရဲ့ တိုင်ကြားစာ စိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပတ် ၀၉-၄၃၀၀၆၈၃၃ နှင့် Email လိပ်စာ
Published - 18 March 2022
၂၀၂၂- ၂၀၂၃ ယခုဘဏ္ဍာရေးနှစ်တွင်း ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အရေးပေါ်ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ လျားထားတယ်လို့ နစက ဥက္ကဋ္ဌက ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့တာပါ။
သဘာဝဘေးအန္တရာယ်အတွက် ဗဟိုအဆင့်မှာ ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်တို့အတွက် ငွေကျပ် ၁၅ ဘီလီယံ ထည့်သွင်းထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကိုလည်း ယခုနှစ်နည်းတူ ငွေကျပ်ဘီလီယံ ၂၀ စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ ထည့်သွင်းလျာထားတယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။
သာမန် အသုံးစရိတ်အပိုင်းမှာ ဝန်ထမ်းသစ် ခန့်ထားတာတွေ ပါဝင်ပြီး စက်သုံးဆီသုံးစွဲတာတွေကိုလည်း အထူးစိစစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် လာမယ့် ဧပြီလက စတင်ပြီး အစိုးရက ခံစားခွင့်ပြုထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စက်သုံးဆီ သုံးစွဲခွင့်ပြုတာတွေကို လျော့ချသွားမယ်လို့ ကြေညာထားပါတယ်။
ငွေလုံးငွေရင်း အသုံးစရိတ်အပိုင်းမှာလည်း ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ ၅ နှစ် စီမံကိန်းလုပ်ငန်းတွေ၊ နိုင်ငံတော်မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းစီမံကိန်းတွေနဲ့ မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစီမံကိန်းတွေ ဆောင်ရွက်ဆဲစီမံကိန်းတွေအနက် ဦးစားပေးအဆင့်လိုက် ခွဲခြားစိစစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ပချေးငွေ၊ ထောက်ပံ့ငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေအတွက် ချေးငွေ၊ ထောက်ပံ့ငွေ အမှန်ရရှိသုံးစွဲနိုင်မယ့် လုပ်ငန်းတွေကိုသာ ဦးစားပေးလျာထားခွင့်ပြုပေးခဲ့ပြီး မူဝါဒနဲ့ ကိုက်ညီမှုမရှိတဲ့ အသုံးစရိတ်တွေကို စိစစ်လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ymg/ei
Published 18 March 2022
ရုရှားကို စစ်ရေးအကူအညီတွေပေးတာကို ရှောင်ရှားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် စကားပြောတဲ့အခါ သမ္မတဘိုင်ဒင်က သတိပေးလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောလိုက်ပါတယ်။
Source AFP
#WorldPolitics
Published - 18 March 2022
ယူကရိန်း-ရုရှားစစ်ပွဲဖြစ်ပွားရခြင်းအပေါ် နေတိုး(NATO)အဖွဲ့အား တောင်အာဖရိကသမ္မတ'ဆယ်ရဲလ်ရာမာဖိုဆာ'က ကြာသပတေးနေ့က အပြစ်တင်ပြောကြားလိုက်ပါတယ်။
ရုရှားကိုရှုတ်ချဝေဖန်ဖို့ တောင်းဆိုမှုများကိုလည်း 'ရာမာဖိုဆာ'ကငြင်းဆန်လိုက်တာကြောင့် တောင်အာဖရိကကို ကြားနေဖြန်ဖြေသူအဖြစ်ဆောင်ရွက်ပေးဖို့ ကိစ္စမှာ ယူကရိန်းရော အနောက်နိုင်ငံအနေနဲ့ပါ လက်ခံဖို့ ခက်ခဲသွားနိုင်ပါတယ်။
နေတိုးတပ်ဖွဲ့ တွေ ဥရောပအရှေ့ဘက်ကို တိုးချဲ့လာခြင်းဖြင့် ယင်းဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ကြောင်း တာဝန်ရှိသူခေါင်းဆောင်များရဲ့သတိပေးချက်ကို နေတိုးအဖွဲ့အနေနဲ့လိုက်နာခဲ့ပါက စစ်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ 'ရာမာဖိုဆာ'က ပါလီမန်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ယူကရိန်းကို ရုရှားတိုကျူးကျော်ခဲ့ခြင်းဟာလည်း အင်အားသုံးအနိုင်ကျင့်တာဖြစ်ပြီး နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာကျတဲ့အတွက် တောင်အာဖရိကအနေနဲ့ လက်သင့်ခံစရာမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။
ယူကရိန်းစစ်အင်အားကိုဖြိုခွဲရန်၊ လူမျိုးရေးဝါဒဆန့်ကျင်တိုက်ဖျက်ရန်၊ နေတိုးတပ်ဖွဲ့များတိုးချဲ့လာခြင်းကိုကာကွယ်ရန် စတဲ့အကြောင်းပြချက်များဖြင့် ရုရှားတို့အထူးစစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကိုချေမှုန်းရန်ရည်ရွယ်ချက်ဖြင့် ရုရှားတိုအကြောင်းမဲ့သက်သက် တိုက်ခိုက်ခဲ့တာဖြစ်မယ်လို့ ယူကရိန်းနဲ့အနောက်မဟာမိတ်နိုင်ငံတွေက ယူဆထားကြပါတယ်။
ဆွေးနွေးညှိနှိင်းမှုတွေက အခြေအနေတိုးတက်မှုရှိကြောင်း 'ပူတင်'ကအခိုင်အမာဆိုထားတယ်လို့ 'ရာမာဖိုဆာ'က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တောင်အာဖရိကသမ္မတဟာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ မတွေ့ဆုံရသေးပေမယ့် သူနဲ့လည်းပြောဆိုဖို့ဆန္ဒရှိနေပါတယ်။
ရုရှား-ယူကရိန်းအရေးကိစ္စမှာ တောင်အာဖရိကကို ကြားဝင်ဖြန်ဖြေဖို့ တောင်းဆိုခဲ့ကြတယ်လို့ 'ရာမာဖိုဆာ'က သောကြာနေ့က ပြောကြားခဲ့ပေမယ့် ဘယ်သူကအဲဒီလိုတောင်းဆိုသလဲဆိုတာကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။
"ရုရှားကို တောင်အာဖရိအနေနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်သင့်တယ်လို့ တိုက်တွန်းပြောဆိုသူတွေရှိနေပါတယ်။ ကျွန်တော်တို့ ချဉ်းကပ်နေတဲ့နည်းလမ်းက ပြောဆိုဆွေးနွေးဖို့ ပါပဲ။ ပဋိပက္ခကိုဖြေရှင်းရာမှာ အော်ဟစ်ဆူပူနေလို့ ဘာမှမထူးပါဘူး" လို့ 'ရာမာဖိုဆာ'က ဆိုပါတယ်။
၁၉၉၄ ခုနှစ်နောက်ပိုင်း တောင်အာဖရိကမှာ 'ရာမာဖိုဆာ'ရဲ့အာဖရိကအမျိုးသားကွန်ဂရက်ပါတီက အုပ်ချုပ်လာခဲ့တာဖြစ်ပြီး အရင်ဆိုဗီယက်ပြည်ထောင်စုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိထားဖူးပါတယ်။
ဆိုဗီယက်ပြည်ထောင်စုဟာ စစ်အေးကာလအတွင်း လူမျိုးခွဲခြားရေးဆန့်ကျင်လှုပ်ရှားသူများကို ထောက်ပံ့လေ့ကျင့်ပေးခဲ့ကြပါတယ်။ ဒါကြောင့် အနောက်ပိုင်းရှိ ရုရှားပြိုင်ဘက်တွေကြားမှာ တောင်အာဖရိကကို သံသယဖြင့်စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းပြီးကတည်းက စီးပွားရေးအင်အားထက် သံတမန်ရေးရာပိုင်းက ပိုပြီးဩဇာလွှမ်းမိုးမှုရှိနေခဲ့ပါတယ်။
တောင်အာဖရိကက ဘယ်ဘက်ကိုမှမလိုက်တာကြောင့် ကြားနေဖြန်ဖြေသူအဖြစ်ဆောင်ရွက်ပေးဖို့ တောင်းဆိုလာကြတာပါဆိုပြီး 'ရာမာဖိုဆာ'က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
"အခြားနိုင်ငံတွေလို အင်အားကြီးနိုင်ငံမျိုးအဖြစ် ဘယ်တော့ကမှ ဟန်ဆောင်မနေခဲ့ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်ကို ပြစ်တင်ရှုတ်ချဖို့ တောင်းဆိုလာမှုတွေရှိနေပါတယ်" လို့ ပြောကြားသွားပါတယ်။
Source: Reuters
Published 17 March 2022
အနောက်နိုင်ငံတွေရဲ့ စီးပွားရေးမိုးကြိုးမုန်တိုင်းဆင်တာကို အတူတကွကျော်လွှားကြဖို့ ရုရှားသမ္မတပူတင်က သူ့နိုင်ငံကို ဆော်ဩလိုက်ပါတယ်။ အဲဒီအပြင် သာမာန်ပြည်သူတွေနှင့် စီးပွားရေးလုပ်ငန်းတွေကိုလည်း ငွေကြေးအကူအညီပေးဖို့ သူက ကတိပေးလိုက်ပါတယ်။ အစိုးရအစည်းအဝေးတစ်ခုမှာ သူ့ရဲ့ပြောကြားချက်ကို ရုပ်သံထုတ်လွှင့်ရာမှာ “ ရုရှားကို စီးပွားရေးမိုးကြိုးမုန်တိုင်းဆင်တာတွေ မအောင်မြင်ဖြစ်သွားတယ်” လို့လည်း ထည့်သွင်းပြောကြားပါတယ်။
Source AFP
Published 17 March 2022
အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က ယူကရိန်းအတွက် နောက်ထပ် လုံခြုံရေးအကူအညီအသစ် ဒေါ်လာ တစ်ဘီယီယံဖိုး ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ရုရှားနှင့်စစ်ပွဲမှာ အမေရိကန်ရဲ့ မကြုံစဖူး ထောက်ပံ့ကူညီမှုအတွက် ယင်းရဲ့ မဟာမိတ်ကိုအာမခံကြောင်းလည်းပြောဆိုသွားပါတယ်။ “ဒါတွေဟာ ယခုကျူးကျော်မှုကို တိုက်ခိုက်ရာမှာ ကူညီပေးဖို့အတွက် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ယူကရိန်းစစ်တပ်အတွက် ကိရိယာပစ္စည်းတွေ တိုက်ရိုက်လွှဲပြောင်းမှုဖြစ်ပါတယ် လို့ ဘိုင်ဒင်က မှတ်ချက်ပြုပြောကြားသွားပါတယ်။
Source AFP
Page 188 of 211