#Local_News
Published_ 22 February 2023
၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ အစပိုင်းကစပြီး ဈေးဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေးဟာ လက်ရှိအချိန်အထိ ဈေးမြင့်တက်နေတယ်လို့ ပြည်တွင်းဆန်ဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Rice #Business# ပြည်တွင်းဆန်ဈေးကွက်
#YMG #Yangon_Media_Group
#DailyNews
Published_ 22 February 2023
၁။ ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းအမြင့်ပိုင်းသို့ရောက်ရှိနေ
၂။ ရခိုင်ရိုးရာသင်္ကြန်သည် အစောဆုံးသင်္ကြန်ဖြစ်ပြီး နှစ်သက်တမ်း၂၀၀၀ ကျော်ရှိပြီဖြစ်ဟုဆို
၃။ တက္ကသိုလ်ဝင်စာမေးပွဲမတ်လ(၈)ရက် စတင်ကျင်းပမည်၊ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားထုတ်ယူနိုင်ပြီဟုဆို
၄။ စစ်ဘေးဒဏ်ခံစားခဲ့ရသည့် ဆူဒန်သားတို့အတွက် လူရွှင်တော်အဖွဲ့မှအပတ်စဉ်ဟာဒယရွှင်ဆေးတိုက်ကျွေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 February 2023
ယာယီရပ်ထားတဲ့ passport လုပ်ငန်းစဉ်တွေကို မကြာတော့တဲ့ အချိန်မှာ ပြန်ပြီးတော့ စတင်တော့မယ်လို့ နစက သတင်းပြန်ကြားရေးအဖွဲ့က သိရပါတယ်။
#Local_News #Passport #နိုင်ငံကူးလက်မှတ်
#YMG ##Yangon_Media_Group
#Local_News
Published-22 February 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၁၉ ရက်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ရာအိမ်မှူးနှစ်ဦးသေဆုံးကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ ရပ်ကွက်နေ ရာအိမ်မှူး ဦးထွန်းထွန်းဝင်း(၄၆)နှစ် (ဘ)ဦးလှအောင်၊ ရာအိမ်မှူး ဦးဝင်းမြင့်(၆၀)နှစ် (ဘ)ဦးကြင်၊ ရာအိမ်မှူး ဦးမြင့်ဝေ(ခ)ဦးပု(၅၂)နှစ် (ဘ)ဦးထွန်းခင်၊ ဆယ်အိမ်မှူး ဦးဖြိုးကိုကိုအောင် (၂၈)နှစ် (ဘ)ဦးသန်းမြင့်၊ ရုံးအကူ ဦးအောင်ဝင်း(၃၁)နှစ် (ဘ)ဦးခင်ဝင်း၊ ရာအိမ်မှူး ဒေါ်ခင်ဆွေဝင်း (၆၅)နှစ် (ဘ)ဦးပူခိတို့ ရုံး၌လုပ်ငန်းများ ဆောင်ရွက်နေစဉ် နစက ဆန့်ကျင်အဖွဲ့မှ အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရုံးအရှေ့သို့ရောက်ရှိလာပြီး ရုံးအတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဦးထွန်းထွန်းဝင်းနှင့် ဦးဝင်းမြင့်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဦးမြင့်ဝေ(ခ)ဦးပု၊ ဦးဖြိုးကိုကိုအောင်၊ ဒေါ်ခင်ဆွေဝင်းနှင့် ဦးအောင်ဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#ymg/mt #Crime #Local_News #ဒဂုံဆိပ်ကမ်း(၉၄)
#ရာအိမ်မှူးနှစ်ဦးသေဆုံး #YMG #Yangon_Media_Group
#Local_News
Published-22 February 2023
ကွယ်လွန်သွားကြပြီ ဖြစ်သော ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုးနှင့် အကယ်ဒမီ ဇင်မာဦးတို့ ဇနီးမောင်နှံတို့၏ ရင်သွေးများအား သီဟတင်စိုး၏ ညီမအရင်းဖြစ်သူ ခင်စံပါယ်ဦးက စောင့်ရှောက်မည်ဖြစ်ကြောင်း သိရသည်။
ခင်စံပါယ်ဦးက သူ၏ ခင်ပွန်းဖြစ်သူ Ayarwady Lu Min (Lu Minn) facebook လူမှုကွန်ရင်ကတစ်ဆင့် အထက်ပါအတိုင်း ရေးသားထားခြင်းလည်း ဖြစ်သည်။
"ကိုညာဆုံးတာ ၄ လမပြည့်သေးဘူးကိုကြီးရေ၊ အကိုတွေထဲမှာသဘောအကောင်းဆုံး၊ မဇင်မာမဆုံးခင်က သမီးကို ကလေးတွေကိုအပ်သွားတယ်၊ အမေ့ကိုလည်း သမီးကနေတစ်ဆင့်တောင်းပန်ကန်တော့သွားတယ်၊ အမေက ကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့၊ သမီးလေးစပယ်ဖူးငုံဦးက မဇင်မာမရှိတော့ကတည်းက သမီးတို့အိမ်မှာပဲနေတာ။ အခုတော့သူ့သမီးလေးကို စိတ်ချထားသွားခဲ့ပြီ၊ ကလေး၂ယောက်ကို သမီးတို့အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ် ကိုကြီးရေ၊ အေးချမ်းတဲ့ဘုံဘဝကို စိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော်"ဟု ရေးသားထားခြင်း ဖြစ်သည်။
သီဟတင်စိုးသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက နှလုံးရောဂါဖြင့် သင်္ကန်းကျွန်း စံပြဆေးရုံအသွား ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး အသက် ၅၇ နှစ်အရွယ်ရှိပြီ ဖြစ်ကာ သူ၏ ဇနီးဖြစ်သူ အကယ်ဒမီ သရုပ်ဆောင်ဇင်မာဦးက လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင်အဆုတ်ကင်ဆာရောဂါဖြင့် အသက် ၅၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းတို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
သီဟတင်စိုး၏ ဈာပနာကို ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ (၂) နာရီအချိန် ရေဝေးသုသာန်၌ မီးသင်္ဂြိုလ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Myanmar_Actor #YMG
#Yangon_Media_Group
#Local_News
Published-22 February 2023
မြန်မာ - ထိုင်းနှစ်နိုင်ငံ ပူးပေါင်း၍ မူးယစ်ကင်းစင်သော ဒေသတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးအတွင်း ပြောသည်။
ယခင်က မူးယစ်ဆေးဝါး ပြဿနာဟုဆိုလျှင် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသာ အဓိကပြဿနာဖြစ်ခဲ့သော်လည်း ယနေ့တိုးတက်လာသည့် ခေတ်စနစ် အခြေအနေများအရ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာမှာ လွန်စွာရှုပ်ထွေးလာပြီး နိုင်ငံတိုင်း ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများထဲမှ အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်ကြောင်းလည်း ယင်းက ပြောသည်။
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အလွဲသုံးမှုတို့မှာ နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဆက်နွှယ်ကြီးထွားလာပြီး ယင်းပြဿနာကြောင့် နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကိုပါ ကြီးမားသော ဆိုးကျိုးဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအဖြစ် မဲခေါင်အဖွဲ့ဝင်နိုင်ငံ များ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က ဆိုသည်။
ယင်းအပြင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့နှင့်လည်း နှစ်နိုင်ငံနားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများကို အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းတည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ရဲချုပ်က ပြောသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရာရှိများအတွက် ထိုင်းနိုင်ငံက စွမ်းရည်မြှင့်သင်တန်းများ၊ နည်းပညာနှင့် ပစ္စည်း ကိရိယာများ ထောက်ပံ့ကူညီမှုများအပြင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ၌ ကူညီပေးမှုများ ရှိသည့်အပြင် ဆက်လက်၍လည်း ပံ့ပိုးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon က ပြောသည်။
#ymg/mt #မူးယစ်ကင်းစင် #Local_News
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂၇ သိန်း ၉ သောင်းနှုန်းဖြင့် ရောင်းချပေးရန် ပြည်တွင်းရှိ ရွှေဆိုင်များနှင့် ရွှေကုန်သည်များကို မေတ္တာရပ်ခံကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်သည်။
ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက သတ်မှတ်ထားသည့် နှုန်းအတိုင်းတစ်ပြေးညီရောင်းချပေးဖို့ ဖေဖော်ဝါရီလ၂၂ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်သည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ အစိုးရရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှင့် ရန်ကုန်ရွှေအသင်း၏ ဈေးအဖွင့်ကတော့ ၂၁ သိန်းကျော်သတ်မှတ်ထားပြီး ပြင်ပရွှေပေါက်ဈေးမှာ ၂၈သိန်း ၅ သောင်းဝန်းကျင်သတ်မှတ်ထားသည်။ ဖော်ပြပါဈေးနှုန်းများဟာ အချိန်နေရာပေါ် မူတည်ပြောင်းလဲနိုင်သည်။
#ymg/ynzw #Local_News #Business #Gold #Market_Price
#YMG #Yangon_Media_Group
Page 1261 of 2049