လာမယ့် ကြံကြိတ်ခွဲရာသီအတွက် မြန်မာ့သကြားဝယ်ယူဖို ကို ပြည်ပနိုင်ငံတွေက ကမ်းလှမ်းမှုတွေ များနေပေမယ့်ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံတဲ့သကြားတွေကိုသာ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းထံက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မြန်မာ့သကြား #ကြံထွက်ပစ္စည်း
#YMG/NN #Yangon_Times
‘စားအုန်းဆီတွေကို အခုချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်တွေကနေစီစဉ်ပြီးတော့ လိုက်လံရောင်းချပေးနေတဲ့အတွက် အရင်ကထက်စာရင်တော့ကျယ်ကျယ်ပြန့်ပြန့်လေးတော့ရရှိသွားမှာဖြစ်တယ်’ ဘုရင့်နောင်စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 2 October 2023
#Local_News
#စားအုန်းဆီ #လိုက်လံရောင်းချပေး
#tthl #Yangon_Times
စက်တင်ဘာလနှောင်းပိုင်းက စတင်ကျဆင်းလာတဲ့ ပြည်တွင်းစားဆန်ဈေးနှုန်းတွေဟာ အခုအပတ်မှာ ဆက်လက်ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မိုးစပါးပေါ်ချိန် #မြန်မာနိုင်ငံဆန်စပါး
#YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ ဒညင်းကုန်းလက်ကားဈေးကြီးမှာ အခြေခံ စားသောက်ကုန်တွေကို လက်ကားသီးသန့်ရောင်းချနိုင်မယ့် ဈေးရုံကြီးတစ်ခုကို ယခုနှစ်ကုန်ပိုင်းမှာ ထပ်မံဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ ဒညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
Published_ 2 October 2023
#Local_News
#ဒညင်းကုန်း #အခြေခံစားသောက်ကုန် #အင်းစိန်မြို့နယ်
#YMG/LW #Yangon_Times
‘၂၀၂၃ ခုနှစ်အောက်တိုဘာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ မင်္ဂလာခန်းမငှားရမ်းမှုတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အရင်နှစ်တွေက အောက်တိုဘာလလယ်ပိုင်းမှာ ဝါကျွတ်ပြီဖြစ်ပေမယ့် အခုနှစ်ဟာနှစ်ဝါထပ်နေပြီး ဝါကျွတ်ချိန် နောက်ကျတဲ့အတွက် အောက်တိုဘာလ၂၉ ရက်ဝါကျွတ်ချိန်ကစလို့ မင်္ဂလာဧည့်ခံပွဲတွေကျင်းပနိုင်မှာဖြစ်တယ်’ မင်းကွန်းတိပိဋကကျောင်း၊ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး
Published_ 2 October 2023
#Local_News
#မင်္ဂလာအခမ်းအနား #ဝါကျွတ်ချိန်
#tthl #Yangon_Times
#Local_News
Published_ 2 October 2023
၂၀၂၃ ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ(၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူ(၉)သန်းအထိရှိလာကြောင်း သိရသည်။
အဆိုပါလူဦးရေစာရင်းကို၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးခန့်မှန်းလူဦးရေ (၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ(၉)သန်းဖြင့်လူဦးရေ အထူထပ်ဆုံးဒေသဖြစ်နေသလို မန္တလေးတိုင်းတွင် လူဦးရေ(၆.၈)သန်း၊ရှမ်းပြည်နယ်တွင် လူဦးရေ(၆.၈)သန်းဖြင့် ဒုတိယလူဦးရေအထူထပ်ဆုံးမြို့များဖြစ်ကာ ဧရာဝတီတိုင်းတွင် လူဦးရေ(၆.၂)သန်းဖြင့်တတိယလူဦးရေ အများဆုံးဒေသဖြစ်နေကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့်လေးနှစ်တာ၂၀၁၉ခုနှစ်တုန်းကလူဦးရေ(၅)ဒသမ(၆)သန်းကျော်သာရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်အောက်တိုဘာလ၁ရက်တွင် ခန့်မှန်းလူဦးရေ(၉)သန်းအထိများလာခြင်းဖြစ်သည်။
ကယားပြည်နယ်နှင့်ချင်းပြည်နယ်သည် လူဦးရေအနည်းဆုံးနေထိုင်သည့်ဒေသများဖြစ်ပြီး ကယားပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၄)သန်း၊ချင်းပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၅)သန်းသာရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
#Local_News #မြန်မာ့ခန့်မှန်းလူဦးရေ(၅၆.၂)သန်း #ရန်ကုန်တိုင်း
#tthl #Yangon_Times
#Local_News
Published-2 October 2023
မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာကျော်စိုးဝင်း ခေါင်းဆောင်သောအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံမှ နှလုံးအထူးကု ဆရာဝန်ကြီး Dr. Nguyen Lan Hieu တို့ ဦးဆောင်သော အဖွဲ့တို့ ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါလူနာ (၃၄) ဦးကို Device Closure နည်းလမ်းဖြင့် ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် စက်တင်ဘာ (၂၃) ရက်မှ (၂၄) ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှလုံးရောဂါလူနာများအား ခွဲစိတ်စရာမလိုဘဲ ပေါင်ခြံသွေးကြောမှတစ်ဆင့် အပေါက်ပိတ် စက်ကိရိယာဖြင့် ပိတ်ခြင်းနည်းလမ်း (Device closure) ဖြင့် မွေးရာပါ နှလုံးရောဂါလူနာများအနက် (၃၄) ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
နှစ်ရက်တာ ကာလအတွင်း နှလုံးအပေါ် ခန်းတွင် အပေါက်ပါသောလူနာ (၂၁)ဦး၊ နှလုံးအောက်ခန်းတွင် အပေါက်ပါသော လူနာ (၂) ဦး၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်း လူနာ (၄)ဦး နှင့် နှလုံးသွေးကြောမကြီးနှင့် အဆုတ်သွေးကြောမကြီးဆက်နေသော လူနာ (PDA) (၇)ဦး တို့ကို ကုသပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်-မြန်မာ အဖွဲ့များ ပူးပေါင်း၍ Congenital Heart Disease Device Closure အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ နှလုံးအပေါ်ခန်းတွင် အပေါက်ပါခြင်း (Atrial Septal Defect-ASD)၊ နှလုံးအောက်ခန်းတွင် အပေါက်ပါခြင်း (Ventricular Septal Defect-VSD)၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်းခြင်း (Pulmonary Stenosis) စသည့် မွေးရာပါ နှလုံးရောဂါလူနာ ရှာဖွေခြင်းကို လက်တွေ့ နှလုံးတီဗွီဓာတ်မှန် (Echocardiogram) ကြည့်ရှုစစ်ဆေးပြီး နှလုံးခွဲစိတ်ကုသခြင်း သို့မဟုတ် Device closure နည်းလမ်းဖြင့် ကုသခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း လည်းသိရသည်။
#Local_News #ဗီယက်နမ်-မြန်မာ #နှလုံးအထူးကုအဖွဲ့ #Device Closure
#Yangon_Times/PP
Page 1257 of 2423