Published 11 January 2023
အသစ်ခန့်အပ်လိုက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် Qin Gang ဟာ အာဖရိကနှင့်အာရပ်နိုင်ငံအချို့ကို သွားရောက်တဲ့ခရီးစဉ်အတွင်း အီသီယိုပီးယားမဆိုက်ရောက်ခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၁၀ရက်က မကြေညာဘဲ ခရီးတစ်ထောက် ရပ်နားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေ အက်ဒူလ်မိုမင်နှင့်တွေ့ဆုံခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတွေ့ဆုံစဉ်မှာ သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီတွေကိစ္စ အပါအဝင် အခြားနှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။
ပြဿနာဖြေရှင်းလို့မရသေးရင် ဒါဟာ အစွန်းရောက်ဝါဒတွေကြောင့်ဖြစ်နိုင်တယ်လို့ မိုမင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုပြောကြားခဲ့ပါတယ်။
မြနမာနိုင်ငံက ဘင်္ဂလီကိစ္စနှင့်ပတ်သက်ရင် သူတို့ကို ပြန်ပို့ဖို့ကိစ္စ နှောင့်နှေးနေရတာဟာ မြန်မာနိုင်ငံမှာပြဿနာအချို့ရှိနေတာကြောင့်လို တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်ကပြောတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဒါကာမှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ဒါပေမယ့်.. တရုတ်နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်ယုံကြည်ဆဲဖြစ်တယ်” လို့ ဒေါက်တာ မိုမင်ကပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာဖြစ်တဲ့ ဒါကာထရိုင်ဗျူးသတင်းစာကရေးသားပါတယ်။
“သူတို့ဟာ နိုင်ငံမဲ့ပြီး အနာဂတ်ဟာ မသေမချာမရေမရာဖြစ်နေကြရတယ်။ အဲဒါတွေကြော့် အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒတွေကို သူတို့ မလွန်ဆန်နိုင်ဖြစ်သွားနိုင်တယ်။ ရလာဒ်အားဖြင့် ငြိမ်းချမ်းရေးဟာ ပျက်စီးသွားလိမ့်မယ်” လို့ သူကပြောတယ်လို့ ဒါကာသတင်းစာကရေးပါတယ်။
ပြဿနာကို အမြန်ုဆုံးပြေလည်သွားဖို့ တရုတ်ဘက်ကနေ အထူးအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ကြိုးစားနေပါတယ်။
“ အနည်းဆုံးတော့ သူ့အနေနှင့် လုပ်ငန်းစဉ်ကိုစတင်သင့်တယ်” လို့ မိုမင်ကပြောပါတယ်။
Source” Dhaka Tribune
#Myanmar_Bangladesh
#China_Bangladesh
#Myanmar_China
#Local_News
Published_11 January 2023
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပမှဝယ်လိုအားနည်းသည့်အတွက် သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှု လျော့ကျလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပသို့ သတ္တုနှင့်တွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၂ ဒသမ ၃၄၁ သန်း ရရှိထားကြောင်း၊ အဆိုပါဝင်ငွေသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၃၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၅ သန်းတင်ပို့ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၁၉ သန်းတင်ပို့ထားကြောင်း သိရသည်။ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုထဲတွင် သတ္တု၊သတ္တုရိုင်း၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာနှင့် တခြားတွင်းထွက်ပစ္စည်းများပါဝင်ကြောင်း သိရသည်။ ကျောက်စိမ်း၊ကျောက်မျက်ရတနာများကို ပြည်ပမှ အဝယ်နည်းခဲ့သည့်အတွက်ကြောင့် ကျောက်စိမ်း၊ ကျောက်မျက်ရတနာတင်ပို့မှုသည် သိသိသာသာလျော့နည်းလာကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_11 January 2023
မိတ္ထီလာမြို့နယ်တွင် ကုန်တင်ယာဉ်နှင့်အိမ်စီးယာဉ် မျက်နှာချင်းဆိုင် တိုက် မိ၍ အမျိုးသား တစ်ဦးသေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၀ ရက် ညပိုင်းက မိတ္ထီလာမြို့သစ်အထွက် ဘီးခွန်ဂိတ်အကျော် နဝရတ်ဆီဆိုင်အနီးတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ည ၈ နာရီကျော်လောက်မှာ ကုန်ကားနဲ့ အိမ်စီးကားနဲ့တိုက်မိလို့ဆိုပြီး ကျွန်တော်တို့ဆီကို ဖုန်းဝင်လာလို့ သွားရောက်အကူအညီပေးခဲ့ပါတယ်။ တိုက်မိတာကတော့ ကား၂စီး မျက်နှာချင်းဆိုင်တိုက်တာ၊အပြည်သာယာလူငယ် အသင်းကလူနာတင်ကား (၂)စီး ၊ မေတ္တာပါရမီအသင်းကလူနာတင်ကား (၁)စီး နဲ့ သွားရောက်ကူညီပေးခဲ့တယ်။ ဒဏ်ရာရတဲ့ထဲက အမျိုးသားတစ်ယောက်က ပြင်းထန်တဲ့အတွက် အဲဒီမှာပဲဆုံးသွားပါတယ်"ဟု ယင်းကဆိုသည်။
လက်ရှိတွင် ညာဘက်ခြေထောက်ကျိုးကာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှာ နှင့် မိတ္ထီလာဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 10 January 2023
မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်မယ်လို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအားလုံးမှာ တယ်လီမက်တစ်စနစ်ကို တပ်ဆင်ပြီးဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
ယခုဘဏ္ဍာနှစ်ရဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ (၉)လအတွင်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၆) ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း - FDI (၅၉)ခု ဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
ပြီးခဲ့တဲ့ရက်ပိုင်းက အင်းလေးဒေသမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
Page 1263 of 1971