#Local_News
Published_ 11 January 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြေအရောင်းအဝယ်တွေလုပ်တဲ့အခါ ပိုင်ဆိုင်မှုစာရွက်တွေဖြစ်တဲ့ စလစ်တွေ၊ ပါမစ်တွေကိုပွားပြီး အတုလုပ်ရောင်းချနေတာတွေ ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်မိုးမက ပြောပြပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 11 January 2023
၁။ ရန်ကုန်တွင် မြေပိုင်ဆိုင်မှုစာရွက်များ အတုလုပ်၍ ရောင်းချမှုရှိနေဟုဆို
၂။ ကိုးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅၄၈ ဒသမ ၇၃ သန်းရရှိထား
၃။ နယ်စပ်ကုန်သည်များ၏ ဝယ်လက်နည်းပါးခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းကျဆင်းလာ
၄။ ကပ်ရောဂါကြောင့် အိမ်၌ပင်ချက်ပြုတ်စားသောက်လာကြရာ ဂျပန်နိုင်ငံထုတ်မီးဖိုချောင်သုံးဓားများ ဝယ်လိုအားမြင့်တက်
#Yangon_Media_Group
#Local_News
Published_11 January 2023
ပြင်ပရွှေဈေးကွက်ထဲက ဈေးကစားနေသူတွေကြောင့် ပြည်တွင်းရွေဈေးနှုန်းတက်လာတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 11 January 2023
ရွှေဆိုင်များ၏ လုံခြုံရေးအတွက် သင်တန်းပို့ချရန် ရွှေဆိုင်လုပ်ငန်းရှင်များကို လာမည့် ဇန်နဝါရီလ ၁၇ ရက်တွင် ရန်ကုန်တိုင်းရွှေအသင်းကို လာရောက်ရန် အစည်းအဝေးခေါ်ယူထားကြောင်း သိရသည်။
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် မကြာခဏရွှေဆိုင်များ၊ ဘဏ်များ ဓားပြတိုက်၊ လုယက်ခံနေရသည့် ကာလတွင်ယခုလို သင်တန်းခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် သက်ဆိုင်ရာမှ ရွှေဆိုင်များအတွက် လုံခြုံရေးနှင့် မှုခင်းများနှင့် ပတ်သက်၍ လမ်းညွှန်မှုနှင့် သင်တန်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းမှ သိရသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွင် မန္တလေး၊ မော်လမြိုင် စသည့် မြို့များတွင်ရွှေဆိုင်များ လုယက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 11 January 2023
ဇန်နဝါရီလသည်ဆောင်းရာသီကာလဖြစ်သော်လည်း ဇန်နဝါရီလ(၁၀)ရက်မှ (၂၀)ရက်အတွင်း လေဖိအားနည်းရပ်ဝန်း(၁) ကြိမ်ဖြစ်ပေါ်နိုင်ပြီး တနင်္သာရီတိုင်း ဒေသကြီးတွင် မိုးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်မည်ဖြစ်သည်၊၊
မိုးရွာသွန်းမှုအခြေအနေအနေဖြင့် တနင်္သာရီတိုင်းတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာကချင်ပြည်နယ်တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်မည်ဟုဆိုသည်၊၊
တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် (၂)ရက်မှ (၃)ရက်ခန့်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၁)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်းသိရသည်၊၊
ညအပူချိန်အနေဖြင့်နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်ဟုဆိုသည်၊၊
မြူအခြေအနေအနေဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅)ရက်မှ (၉)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၁)ရက်မှ (၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_11 January 2023
တရုတ်နှစ်သစ်ကူးနီးလာသည့်အတွက် ဖရဲ၊ သခွားဈေးကွက်မှာ အဝယ်လိုက်နေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်ဘက်မှ ကိုဗစ်ကန့်သတ်ချက်များဖြေလျှော့မှုများ ပြုလုပ်ထားသည့်အတွက် နေ့စဉ်မူဆယ်နယ်စပ်ဂိတ်သို့ ဖရဲကားအစီးရေ ၁၀၀ ဝန်းကျင်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးဈေးကွက်အချိန်တွင် ပျမ်းမျှ ဖရဲသီးကား အစီးရေနှစ်စီး၊ သုံးစီးခန့်သာဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များတွင် တရုတ်ဘက်သို့တစ်ရက်လျှင် ဖရဲကားအစီးရေ ၃၀၀ ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဖရဲတန်ချိန်ပေါင်း ၈ သိန်းကျော်နှင့် သခွားမွှေးတန်ချိန်ပေါင်း ၁ သိန်းခွဲကျော်ကို တင်ပို့နေရပြီး၂၀၂၁ – ၂၀၂၂ ခုနှစ်၏ လေးပုံ ၁ ပုံသာဖြစ်သည့် ဖရဲတန်ချိန် ၂ သိန်းဝန်းကျင်နှင့် သခွားမွှေးအနည်းငယ်သာ တင်ပို့နိုင်ခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_11 January 2023
မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် တရုတ်နှစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲကို ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အ.ထ.က (၂) လသာ ဘင်ခရာအဖွဲ့နှင့်ပန်းပွါးအဖွဲ့၊ တရုတ်ရိုးရာ ခြင်္သေ့အလှအကနှင့် နဂါးအလှအက အဖွဲ့တို့က သရုပ်ပြတင်ဆက်ခဲ့ကြကြောင်းလည်း သိရသည်။
ယင်းပြိုင်ပွဲကို အားကစားသမားများ စွမ်းရည်တိုးတက် မြင့်မားပြီး နိုင်ငံဂုဏ်ဆောင်ဖြစ်စေရန် ရည်ရွယ်ကြောင်းနှင့် နှစ်စဉ်ပံ့ပိုးကျင်းပနိုင်ရေးဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။
“ဒီတစ်ခေါက် ချစ်ကြည်ရေး ဘတ်စကက်ဘော ပြိုင်ပွဲကျင်းပခြင်းက တရုတ်မျိုးနွယ်ဖွားများရဲ့ ဘဝကို ပျော်ရစေပြီး စည်းလုံးညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များကလည်း ဘတ်စကက်ဘောကစားခြင်းကနေ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က ပြောသည်။
ယင်းပြိုင်ပွဲတွင် ကလပ်အသင်း ၃၈ သင်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ အသက် ၂၀ နှစ် အောက်ပြိုင်ပွဲ၊ အလွတ်တန်းနှင့် သက်လတ်ပိုင်း ကစားသမားများက 3 on 3 သုံးဦးပြိုင်ပွဲ၊ 5 on 5 ငါးဦးပြိုင်ပွဲအဖြစ် အသီးသီးယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၇ ရက်ထိ ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးအနိုင်ရရှိသော ချန်ပီယံအသင်းနှင့် သက်လတ်ပိုင်း ၄၅ နှစ်နှင့် အထက် ဘတ်စကက်ဘောကစားသမားများအဖွဲ့တို့မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘတ်စကက်ဘောအဖွဲ့တို့ ချစ်ကြည်ရေးပွဲစဉ်များကို ထည့်သွင်းကစားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1262 of 1971