#Local_News
Published-28 September 2023

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီးတွင်Hijet (အဖြူရောင်)ယာဉ်က လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်အား အနောက် မှ ဝင်ရောက်တိုက်မိပြီးသေဆုံးသူ ၂ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၈ရက် ၊ နံနက် ၆နာရီအချိန်က မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီး၊မိုင်တိုင်အမှတ်(၈၉/၇)နှင့်(၉၀/၀)ကြားတွင် Hijet (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်အား အနောက်မှဝင်ရောက်တိုက်မိပြီး Hijet (အဖြူရောင်)ယာဉ်မှ ယာဉ်မောင်းကားခေါင်းခန်းတွင် ညပ်နေမှုဖြစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကျား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး (သေဆုံး)ခဲ့ပြီးအမျိုးသား၃ဦးနှင့် အမျိုးသမီး ၄ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဥ်နေရာသို့ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်​ဆောင်ရွက်ခဲ့ပြီးဟဲဟိုးမြတ်စေတနာလူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#Local_News #ယာဉ်တိုက်မှုဖြစ်ပွား #ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိ
#Yangon_Times/PP