#Local_News
Published_ 7 February 2023
ညောင်ဦးမြို့ရှိ ပလင်းကမ်းသာယာဆင်စခန်းကို ဆင်စာကျွေးသူတွေ၊ ဆင်စခန်းမှာ လာရောက်အပန်းဖြေပြီး အနားယူသူတွေများပြားလာတယ်လို့ ပလင်းကမ်းသာယာဆင်စခန်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 7 February 2023
ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီကိုဈေးကစားဖို့ရည်ရွယ်ပြီးသိုလှောင်မူတွေရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူမယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကဖေဖော်ဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 February 2023
အခုရက်ပိုင်းအတွင်း အေးခဲတဲ့ ကချင်ပြည်နယ်၊ ခေါင်လံဖူးဒေသနေဒေသခံတိုင်းရင်းသား(၅၀၀)ကျော်အတွက် အနွေးထည်တွေ၊အဝတ်အထည်တွေနဲ့ သနပ်ခါးဗူးတွေလှူခဲ့ဒါန်းနိုင်ခဲ့တယ်လို့ အကြီးကိုကိုဖောင်ဒေးရှင်းဥက္ကဌ စာရေးဆရာအကြီးကိုကိုက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 7 February 2023
မန္တလေးရွှေချည်ထိုးလုပ်ငန်းအကြောင်း၊ ရေစက်သွန်းဓလေ့နဲ့ထိန်းမြန်းမင်္ဂလာဓလေ့တွေ အကြောင်းကို သုတေသနပြုလုပ်ထားပြီး သမိုင်းသုတေသနစာတမ်းဖတ်ပွဲကျင်းပသွားဖို့ရှိတယ်လို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 7 February 2023
၁။ မန္တလေးရွှေချည်ထိုးလုပ်ငန်းနှင့် ရေစက်သွန်းဓလေ့များအကြောင်းသုတေသနပြုစာတမ်းဖတ်မည်
၂။ အေးခဲသည့် ခေါင်လံဖူးဒေသနေ ဒေသခံ(၅၀၀)ကျော်အတွက် အနွေးထည်များလှူဒါန်းခဲ့
၃။ စားအုန်းဆီကို ဈေးကစားဖို့ ရည်ရွယ်ချက်နှင့်သိုလှောင်ထားပါက ဥပဒေအရအရေးမည်
၄။ လစ်ဗျားနိုင်ငံတွင် ပဋိပက္ခများရန်မှ ငြိမ်းချမ်းလာသည့် အိုအေစစ်မြို့တွင် ရိုးရာလက်မှုပစ္စည်းများပြသရောင်းချ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 February 2023
ထိုင်း-မြန်မာနယ်စပ်အနီး တာ့ခ်ခရိုင်ထဲမှာနေတဲ့ မြန်မာမိသားစုထဲက အသက် ၁ နှစ် ၇ လ အရွယ် မြန်မာကလေးငယ်တစ်ယောက်ဟာ အဝီစိတွင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 February 2023
မက္ကဒေးမီးယားကို စိုက်ပျိုးရာတွင် ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများအသုံးမပြုဘဲ အော်ဂင်းနစ်စနစ်ဖြင့်စိုက်ပျိုးပါက ကမ္ဘာ့ဈေးကွက်အထိ မြန်မာ မက္ကဒေးမီးယားသည် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
မြန်မာနိုင်ငံသည် မက္ကဒေးမီးယားစိုက်ပျိုးနိုင်သည့် ဒေသရာသီဥတုနှင့် ကိုက်ညီသော မြေယာများစွာရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မက္ကဒေးမီးယားစိုက်ပျိုးမှုများကို တိုးချဲ့ စိုက်ပျိုးလျက်ရှိတယ်လို့ဆိုပါတယ်။
မဲခေါင် - လန်ချန်း ဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအထောက်အပံ့ဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေအစီအစဉ်ဖြင့် မြန်မာမက္ကဒေးမီးယားပြပွဲ (Myanmar Macadamia Fair) ကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ပြင်ဦးလွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာမက္ကဒေးမီးယားပြပွဲတွင် မက္ကဒေးမီးယားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ စာတမ်းဖတ်ကြားခြင်း အစီအစဉ်များလည်း ထည့်သွင်းထားပြီး မြန်မာ မက္ကဒေးမီးယားစိုက်ပျိုးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ ပြခန်းများ၊ မက္ကဒေးမီးယား ထုတ်ကုန်ပြခန်းများ၊ မက္ကဒေးမီးယား အခြောက်ခံစက်ပြခန်းများ စုံလင်စွာခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
မြန်မာမက္ကဒေးမီးယားပြပွဲသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တောင်သူများ၊ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၊ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ စိတ်ဝင်စားသူပြည်သူများ တက်ရောက်လေ့လာခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1215 of 1973