#Local_News
Published -27 Oct 2023

သီတင်းကျွတ်ကာလအတွက် လေအိတ်အမြန်ရထားကိုးစီးကို ယနေ့အောက်တိုဘာ၂၇ ရက်မှစတင်၍ ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။

 

အဆိုပါ ကဲ့သို့ပြေးဆွဲရာတွင် ရန်ကုန်_နေပြည်တော်၊ ရန်ကုန်_မန္တလေး၊ ရန်ကုန်_ပြည်၊ ရန်ကုန်_‌မော်လမြိုင်အထူးရထားများကိုပြေးဆွဲ‌ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

"ဒီနေ့မှာလေအိတ် အမြန်ရထား စုစုပေါင်း ၉ စီး ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်ရထားတွေကတော့ အရင်အတိုင်းပဲ ပြေးဆွဲပေးမှာပါ"ဟု မြန်မာ့မီးရထားမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထိုသို့ လေအိတ်ရထားများပြေးဆွဲရာတွင် နေပြည်တော် - ရန်ကုန် အစုန်အထူး၊ ရန်ကုန် -မန္တလေး အမှတ် ၅ အဆန်ရထား၊ မန္တလေး - ရန်ကုန် အမှတ် ၆ အစုန်၊ ရန်ကုန် - မော်လမြိုင် အမှတ် ၈၁ အဆန်ရထား၊ ရန်ကုန် - မော်လမြိုင် အဆန်အထူးရထား၊ ရန်ကုန် - ပြည် အမှတ် ၇၁ အဆန်၊ ရန်ကုန် - ပြည် အဆန်အထူးရထား၊ပြည် - ရန်ကုန် အမှတ် ၇၂ အစုန်နှင့်ပြည် - ရန်ကုန် အစုန်အထူးရထားများပါဝင်ကြောင်း သိရသည်။

 

အဆိုပါ အထူးရထားများ၏လက်မှတ်ခနှုန်းထား‌များမှာ ပြောင်းလဲခြင်းမရှိဘဲ တစ်ဆင့်မြှင့်ထားသည့် မူလနှုန်းထားအတိုင်း အထူးရထားရိုးရိုးတန်းအတွက်လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ လေးရက်ကြိုတင်၍ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးခဲ့‌ရာကြိုတင်လက်မှတ်ဝယ်ယူမှုများပြားခဲ့ကြောင်းသိရသည်။

 

ယနေ့တွင် အဆိုပါအထူးလေအိတ် အမြန်ရထား ကိုးစီးစတင် ပြေးဆွဲပေးခြင်းအပြင် AAR တွဲဆိုင်း အမြန်ရထား၊ ရန်ကုန် - မန္တလေး အမှတ် ၃ အဆန်၊ မန္တလေး - ရန်ကုန် အမှတ် ၄ အစုန်၊မော်လမြိုင် - ရန်ကုန် အမှတ် ၈၂ အစုန်၊ မော်လမြိုင် - ရန်ကုန် အစုန် အထူး၊ရန်ကုန် - ပုဂံ အမှတ် ၆၁ အဆန်ရထားများအား ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီး ပုဂံရထားကိုလည်းပုံမှန်သောကြာနေ့အပြင်စနေနေ့တွင်လည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #သီတင်းကျွတ်ကာလ #လေအိတ်အမြန်ရထားကိုးစီး #YMG/NN #Yangon_Times