#Local_News
Published_ 31 March 2023
မတ်လ ဒုတိယအပတ်ထဲမှာ ဈေးမြင့်တက်လာတဲ့ ရွှေဈေးလက်ရှိအချိန်အထိ ၂၉ သိန်းအထက်မှာပဲရှိနေသေးတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်းဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက YMG ကို ပြောပါတယ်။
#Local_News #ရွှေဈေးကျဆင်း #Gold #အရောင်းဝယ်မရှိ
#YMG#Yangon_Media_Group
#Local_News
Published 31 March 2023
ဧပြီလဆန်းပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News
#ဧပြီလဆန်း #မိုးရွာခြင်း #မိုးကြိုးပစ်ခြင်း #မိုးသီးကြွေခြင်း
#YMG#Yangon_Media_Group
#Daily_News
Published_ 31 March 2023
၁။ဧပြီလဆန်းတွင်အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်မည်
၂။ရွှေဈေးကျဆင်းမှာကို စောင့်နေသည့်အတွက် ဈေးကွက်ထဲအရောင်းဝယ်မရှိသလောက်ဖြစ်နေ
၃။ သရက်မြို့ရှိ ဇက်ဆိပ်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး
၄။ကန္တာရများထဲတွင် ကမ္ဘာ့အကြီးဆုံးလေစွမ်းအင်နှင့် ဆိုလာစွမ်းအင်ဓာတ်အားစခန်းကြီး တရုတ်တွင်ဆောက်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 31 March 2023
မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီလမ်းမှယာဉ်သွားလာမှုတွေကို ပိတ်ဆို့ထားတာဖြစ်ပါပြီး မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းကနေလက်ရှိအချိန်အထိတော့ ယာဉ်သွားလာမှုတွေ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီးလို့ အလင်းသစ်မြဝတီပရဟိတအသင်း တာဝန်ခံက ပြောပါတယ်။
#Local_News #ခေတ္တပိတ် #မြဝတီအာရှလမ်းမကြီး
#YMG#Yangon_Media_Group
#Local_News
Published_ 31 March 2023
မော်လမြိုင်မြို့နယ်မှာ ကားနဲ့ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ၂ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့(မော်လမြိုင်)ထံက သိရသည်။
မတ်လ ၃၀ရက်နေ့ ညနေပိုင်းအချိန်က မော်လမြိုင်မြို့ အုတ်ဖိုလမ်းမကြီးမှာ ကားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ အသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
"ရပ်ထားတဲ့ ရေသန့်ပို့တဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိတာ၊ ဆိုင်ကယ်မောင်းတဲ့ကောင်လေးကတော့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်၊ ကလေးကတော့ ဆေးရုံပို့ရင်း လမ်းမှာသေဆုံးသွားတာပါ"လို့ အသင်းက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကလေးငယ်တစ်ဦးသည် ဦးခေါင်းထိခိုက်လက်ထိခိုက်(အနီရောင်အဆင့်)ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူသည် နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးလူနာတစ်ဦးနဲ့ ကလေးငယ်တို့ကို မော်လမြိုင်ဆေးရုံကြီးသို့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/ppk #Local_News #မော်လမြိုင် #ကားနဲ့ဆိုင်ကယ်တိုက်မိ
#YMG #Yangon_Media_Group
#Local_News
Published_ 31 March 2023
မန္တလေးမြို့၌ လူသတ်ဓားပြတိုက်မှု ကျူးလွန်သူ ၄ ဦးအား ဖမ်းမိခဲ့ပြီးနောက် ၂ ဦးကို ၄င်းတို့သိမ်းဆည်းထားသည့် လက်ပစ်ဗုံးနှစ်လုံးအား ယမန်နေ့ညက လိုက်လံပြသခိုင်းစဉ် ပြန်လည်ခုခံသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးစလုံး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဓားပြမှုဖြင့် ဖမ်းမိသူ ၄ ဦးအား စစ်ဆေးရာမှ ဖောက်ခွဲရန် ဗုံးနှစ်လုံးအား သိမ်းဆည်းထားကြောင်း သိရသဖြင့် မတ် ၃၀ ရက်၊ ယမန်နေ့ ညပိုင်းက ဖမ်းမိထားသူ အမျိုးသား ၂ ဦးအား လုံခြုံရေးအဖွဲ့များက ခေါ်ဆောင်ကာ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ ၁၃၁ လမ်း၊ ၄၈ နှင့် ၄၉ လမ်းကြားရှိ သစ်ပင်တစ်ပင်အောက်သို့ သွားရောက်ရှာဖွေခဲ့သည်ဟု သိရသည်။
ထိုသို့ ရှာဖွေစဉ် ဖမ်းမိထားသူ တစ်ဦးက လက်ထိပ်ခတ်ထားသည့် လက်ဖြင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး၏ သေနတ်အား လုကာ ပြန်လည်ခုခံရန် ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ကျန်ဖမ်းမိထားသူတစ်ဦးမှာလည်း လက်ပစ်ဗုံး၏ ကလစ်အား ဖြုတ်၍ ဖောက်ခွဲရန် ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး နေရာ၌ပင် သေဆုံးခဲ့ကြောင်း လုံခြုံရေးအဖွဲ့က သိရသည်။
အဆိုပါ ဓားပြမှုဖြင့် ဖမ်းဆီးရမိသူ အမျိုးသား ၄ ဦးမှာ အမရပူရမြို့နယ်၊ ကျေးရွာတစ်ရွာတစ်ရွာတွင် ဓားပြတိုက်ကာ နေအိမ်၌ရောက်ရှိနေသူ အိမ်ရှင်၏ မောင် တော်စပ်သည့် ဒုရဲမှူးတစ်ဦးကို သတ်ဖြတ်ကာ ရွှေထည်နှင့်ငွေများ လုယက်သွားခဲ့မှု၊ မန္တလေးရှိ နာမည်ကြီး ဒေါ်တောမုန့်တီဆိုင်အား ဓားပြတိုက်ကာ ရွှေထည်များ လုယက်မှု၊ ချမ်းအေးသာစံမြို့နယ်၌ ဖွင့်လှစ်ထားသည့် စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး ဆိုင်ရှေ့တို့တွင် ငွေကျပ်သိန်းထောင်ချီ လုယက်ခဲ့သဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။
#ymg/ppk #Local_News #မန္တလေး #ဓားပြ၄ဦး #သက်သေခံပစ္စည်း #YMG
#Yangon-Media-Group
#Local_News
Published_ 31 March 2023
ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးကိုတရုတ်နိုင်ငံမှ နိုင်ငံတော်အဆင့်အဖြစ်မြှင့်တင်ဆောင်ရွက်နေပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလုပ်ငန်းကျွမ်းကျင်သောရှီအမ်းပြည်နယ် ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းရေးဌာနကိုတာဝန်ပေးထားကြောင်းသိရသည်၊၊
မြန်မာနိုင်ငံကိုလာရောက်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Qun Li ၏ ပြောကြားချက်အရသိရခြင်းဖြစ်သည်၊၊
တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖွဲ့သည်မတ်လ(၃၀) ရက်တွင်မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့နှင့် သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းမှုအပါအဝင်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများကိုတွေ့ဆုံဆွေးနွေးခဲ့သည်၊၊
ယင်းသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကို ဆက်လက် ကူညီဆောင်ရွက်ပေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးကို နိုင်ငံတော်အဆင့်အဖြစ် မြှင့်တင်ဆောင်ရွက်နေ ပြီး လုပ်ငန်းကျွမ်းကျင်သော ရှီအမ်းပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနကို တာဝန်ပေးထားပြီး မိမိတို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးကြပ်ပေးနေပါကြောင်း တရုတ်သမ္မတကြီး ရှီကျင့်ဖျင်က အာရှယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးအတွက် မြှင့်တင်ဆောင်ရွက်ရန် အဆိုပြုထား၍ မြန်မာနိုင်ငံကိုလည်း ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ပါကြောင်း ဆက်လက်၍လည်း နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်မြှင့်တင်ရေးတွက် ကူညီ ပူးပေါင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊
အဆိုပါတွေ့ဆုံမှုတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် နားလည်မှု စာချွန် လွှာကို ၂၀၁၇ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး ပဏာမ သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် မေလ(၂၅) ရက်နေ့တွင် လည်းကောင်း၊ သဘောတူ စာလွှာ Exchange Letter ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ(၂၂) ရက်နေ့တွင် လည်းကောင်း၊ သဘောတူညီချက်ကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၂)ရက်နေ့တွင် လည်းကောင်း လက်မှတ်ရေး ထိုးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအစိုးရ အကူအညီဖြင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ သဗ္ဗညုဘုရား ပြုပြင်မွမ်းမံရေးစီမံကိန်း လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ(၁)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပညာရှင်များသည် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်း လေ့လာခြင်း၊ ယာယီရုံးခန်း၊ အလုပ်ရုံ၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘောတူညီချက်အတိုင်း ဆက်လက်၍ သဗ္ဗညု ဘုရား ပြုပြင်ထိန်းသိမ်းပေးမည်ကို သိရှိရသဖြင့် ကျေးဇူးတင်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုဒေသ တစ်ခုလုံးအား အဆင့်မြင့် နည်းပညာဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့် ထိန်းသိမ်း ကွပ်ကဲသည့် စနစ် တပ်ဆင်မှုလိုအပ်သဖြင့် ကူညီဆောင်ရွက်ပေး စေလိုပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ အနော်ရထာနန်းတော်အား အဆင့်မြှင့်တင်ရေးနှင့် ခင်းကျင်းပြသရေးတို့အတွက် ဆက်လက်ကူညီဆောင်ရွက်စေလိုပါကြောင်းနှင့် ရခိုင်ပြည်နယ်မြောက်ဦးဒေသအား ကမ္ဘာ့အမွေ အနှစ်ဒေသအဖြစ် စာရင်းတင်သွင်းရေးဆိုင်ရာ ကူညီဆောင်ရွက်ရန် အတွက် လက်မှတ်ရေးထိုးရန် ၂၀၁၈ခုနှစ် ဇွန်လမှစ၍ ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်(၁၉) ကမ္ဘာ့ကပ်ရောဂါကြောင့် ယနေ့ထိ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသဖြင့် ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
#ymg/tthl #Local_News #ပုဂံသဗ္ဗေညု #ရှီအန်းပြည်နယ်
#YMG #Yangon_Media_Group
Page 1217 of 2062