“အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ပါတယ်။”
၂၇ ဩဂုတ် ၂၀၂၃
မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့်အဖွဲ့ဝင်တွေအားလုံးကို မြန်မာနိုင်ငံမှ စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထား အပြီးထွက်ခွာပေးရန် မြန်မာနစကအစိုးရက အကြောင်းကြားလိုက် ကြောင်းသိရပါတယ်။
“ တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့် အဖွဲ့တွေကို မြန်မာနိုင်ငံမှ စက်တင်ဘာ(၁)ရက်နေ့နောက်ဆုံးထားပြီး မြန်မာနိုင်ငံကနေ အပြီးထွက်ခွာဖို့ အကြောင်းကြားပါမယ်။အဲဒီအကြောင်းကြားစာလည်း မကြာခင်ထွက်ပါမယ်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက Yangon Times ကိုပြောကြားပါတယ်။
“အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တီမောက အမြဲတမ်းပြောတယ်။ မြန်မာနိုင်ငံရေးကို အာဆီယံက မဖြေရှင်းနိုင်ရင် အာဆီယံထဲဝင်ဖို့စဉ်းစားမယ်လို့ပြောတယ်။ ဒီပြောကြားချက်က ပြောင်းပြန်ပြောကြားချက်ပဲ။ အာဆီယံထဲသူဝင်ဖို့ဆိုတာ အာဆီယံ (၁၀)နိုင်ငံလုံး အာဆီယံရဲ့ ပဋိဉာဉ်တစ်ခုလုံးက စုံညီသဘောတူမှုရှိရမယ်။ (၁၀)နိုင်ငံလုံးသဘောတူမှရတာဖြစ်တယ်။ မြန်မာနိုင်ငံကိုယ်စားပြု မပါဝင်တဲ့ အာဆီယံအစည်းအဝေးက သူ့ကိုအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလို့ကိုမရဘူး။ဒါကိုအကြောင်းရှာပြီး လုပ် ခြင်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
Health_Matters
Published_ 26 August 2023
- အစဉ်အလာမဟုတ်တဲ့ လုံခြုရေးအတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲဆရာ...??
#Health_Matters #ဗီဇပြောင်းကိုဗစ် #အင်္ဂလန်
#Dr.KML #YMG #Yangon_Media_Group
Health_Matters
Published_ 26 August 2023
- အစဉ်မလာမဟုတ်တဲ့ လုံခြုံရေးဟာ ဘာကြောင့် ရှေ့တန်းရောက်လာပါသလဲဆရာ...??
#Health_Matters #ဗီဇပြောင်းကိုဗစ် #အင်္ဂလန်
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 26 August 2023
၁။ ရန်ကုန်မြစ်အတွင်း ငါးရက်ကြာ ထူးကဲဒီရေ မြင့်တက်မည်
၂။ ရန်ကုန်အပြင် ရခိုင်၊ မွန်၊ မကွေး၊ ကရင် နှင့် ပဲခူးဒေသများတွင်လည်း ဆန်တစ်ပြည်(၂၅၀၀)ဖြင့်ရောင်းချနိုင်အောင် ဆောင်ရွက်ပေးနေ
၃။ ဆန်တပြည် ၁၀၀ကျပ် ၊ကြက်ဥ တစ်ကတ် ၁၀၀ ကျပ် ဖြင့် လူ၃၀၀ ခန့် ကို ရောင်းချ
ပေးမည်
၄။ BRICS ထိပ်သီးအစည်းအဝေးတွင် အဖွဲဝင်နိုင်ငံများ တိုးချဲ့ရေးနှင့်ပတ်သက်၍ ရှီကျင့်ဖင်ဂုဏ်ပြုပြောဆို .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Health_Matters
Published_ 26 August 2023
- အစဉ်အလာမဟုတ်တဲ့ လုံခြုံရေး non traditional security ဆိုတာ ဘာလဲဆရာ...??
#Health_Matters #ဗီဇပြောင်းကိုဗစ် #အင်္ဂလန်
#Dr.KML #YMG #Yangon_Media_Group
Published_ 26 August 2023
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင်လုပ်ကိုင်နေသည့်ကျန်းမာရေးစောင့်ရှောက်ပေးနေသူများ(မကျန်းမာသူထံမှ အခကြေးငွေရယူဆောင်ရွက်ပေးသူ)၊ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ထမ်းဆောင်နေသည့်အမြဲတမ်း ဝန်ထမ်းများအနေဖြင့် စက်တင်ဘာ(၁)ရက်မှစတင်၍ ဝင်ငွေခွန်များဆောင်ကြရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေအရ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင်ကျန်းမာရေး စောင့်ရှောက်မှုပေးရသူများ(နာမကျန်းဖြစ်နေသူများ)ထံမှ အခကြေးငွေရယူပြီး ကျန်းမာရေးစောင့်ရှောက် ပေးနေသူများအနေဖြင့်မိမိတို့ရရှိလာသည့် မူလဝင်ငွေများထဲမှ(၂)ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေးဆောင်ရ မည်ဖြစ်သည်။
ယင်းကဲ့သို့ပေးဆောင်ရာတွင် ငွေထုတ်ပေးရန်တာဝန်ရှိသူ(ကျန်းမာရေးစောင့်ရှောက်မှုခံယူရသည့်သူ)သည် ကျန်းမာရေးစောင့်ရှောက်ပေးသည့်အတွက်ကျသင့်ငွေထုတ်ပေးချိန်တွင် ပေးချေသည့်ပင်ရင်းငွေထဲမှ ဝင်ငွေခွန်(၂) ရာခိုင်နှုန်းကိုနုတ်ယူထားပြီး ငွေလက်ခံရရှိသူ(သို့မဟုတ်) မိမိကိုကျန်းမာရေးစောင့်ရှောက်ပေးသူအမည်ဖြင့် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး(သို့မဟုတ်)အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (သို့မဟုတ်) အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ဘဏ်စာရင်းသို့ပေးသွင်းရမည်ဟုဖော်ပြထားသည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် အမြဲတမ်းဝန်ထမ်းများအဖြစ်လစာရရှိနေသူများအနေကတော့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအတွက်ရရှိသော ပင်ရင်းမှနှုတ်ယူသည့်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းအစား လစာငွေထဲမှ ဝင်ငွေခွန်ကိုဆောင်ကြရမည်ဖြစ်သည်။
လစာရရှိသောကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှအပ လစာဖြင့်မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက် ပေးသူများထံမှအခကြေးငွေရရှိသူများအနေဖြင့် မိမိတို့ရရှိသည့် ဝင်ငွေအပေါ် ဝင်ငွေခွန်ဆောင်ကြရမည် ဖြစ်ပြီး နှစ်စဉ်ဝင်ငွေကြေညာလွှာပေးပို့ကာ ဝင်ငွေခွန်ကြီးကြပ်မှုခံယူရမည်ဟုဖော်ပြထားသည်။
မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီးနောက်အခွန်စည်းကြပ်မှုဆောင်ရွက်ရာတွင်ပင်ရင်းမှ နှုတ်ယူပေးသွင်းခဲ့သည့် ဝင်ငွေခွန်ကို စည်းကြပ်မှုအရ ကျသင့်ဝင်ငွေခွန်မှ ခုနှိမ်ပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Page 1212 of 2318