#Local_News
Published_ 2 May 2023
လတ်တလောမှာ ကိုဗစ်ပိုးတွေ့လူနာတွေများလာသလို ပိုးတွေ့လူနာနဲ့ထိစပ်မိသူတွေလည်းများပြားလာပြီးမြောက်ဥက္ကလာပမြိုနယ်ထဲမှာ တစ်ရက်တည်းမှာပင်ကိုဗစ်သံသယရှိလိုကိုဗစ်ပိုးစစ်ဆေးဖိုပိုဆောင်ရမယ့်သူ(၂၅)ဦးအထိရှိနေတယ်လို လူမှုကူညီရေးအဖွဲထံမှသိရပါတယ်၊၊
#Local_News #ကိုဗစ်ပိုးတွေ့လူနာ #ကိုဗစ်သံသယရှိသူ
#YMG #Yangon_Media_Group
#Daily_News
Published_ 2 May 2023
၁။ ကိုဗစ်ပိုးတွေ့လူနာ နှင့်ထိစပ်မိသူများ ပိုများလာ ၊မြောက်ဥက္ကလာတွင် တစ်ရက်အတွင်းကိုဗစ်သံသယရှိသူ (၂၅)ဦးအထိ ပိုဆောင်စစ်ဆေးပေးနေရ
၂။ ကဆုန်လပြည့် ဗုဒ္ဓနေ့ကိုရည်မှတ်၍ ရွှေတိဂုံစေတီတော်တွင် သံဃာတော်(၁၁၁၁၁)ပါးဖြင့်အနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကျင်းပ
၃။ နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာနိုင်
၄။ ယခင်ကထက် ခရီးသွားဧည့်သည်များ ရောက်ရှိလာစေရန် ဂျပန်ခရီးသွားလုပ်ငန်းများ မျှော်လင့်ဆောင်ရွက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 2 May 2023
ယခုသီတင်းပါတ်အတွက်စားသုံးဆီတင်သွင်သိုလှောင်ဖြန်ဖြူးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကလက်ကားဈေးစားအုန်းဆီတစ်ပိသာကို၄၅၇၀ကျပ်သတ်မှတ်ကြောင်းသိရပါတယ်။
#Local_News #စားအုန်းဆီ #လက်လီလက်ကားဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ရှိ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက သုဿန်သို့ ပို့ဆောင်ကာ မီးသဂြိုလ်ပေးခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းထံမှ သိရသည်။
မေ ၁ ရက်၊ ညပိုင်းက ပြည်မြို့ကုတင် - ၅၀၀ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြင့် ကွယ်လွန်သွားသည့် အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား မေ ၂ ရက်၊ ယနေ့နံနက်ပိုင်းက ဆေးရုံမှ အကြောင်းကြားချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့် PPE ဝတ်စုံများ ဝတ်ဆင်ကာ ပြည်မြို့ရှိ အေးငြိမ်းရာသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"သူတို့က ဘာရောဂါလို့တော့ မတပ်ဘူး။ ကိုဗစ်ရောဂါရဲ့ နောက်ဆုံးလက္ခဏာနဲ့ ဆုံးပါးသွားတယ်လို့ ပြောပါတယ်။ မိသားစုက မြန်အောင်ဘက်ကပါ။ နေရပ်ကို ပြန်သွားကြပြီ“ ဟု အသင်းမှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူမှာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှ ပြည်မြို့ ကုတင်-၅၀၀ ဆေးရုံရှိ ကူးစက်ဆောင်တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဆေးရုံလာရောက်တက်နေသူဖြစ်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
ပြည်မြို့၌ ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှုမှာ ယခုလပိုင်းများအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ဧပြီလတစ်လအတွင်း ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ရှစ်ရာဝန်းကျင်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရပြီး မေ ၁ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင်ပင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၆ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ပြည်တွင်းရှိ စားသုံးသူများ အနေနှင့် Online Shopping များနှင့်ပတ်သက်၍ အခက်အခဲ များ၊ မကျေနပ်မှုများရှိပါက စား သုံးသူရေးရာဦးစီးဌာနသို့ ဆက် သွယ် တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှအသိပေး ကြေညာချက် ထုတ်ပြန်ထား သည်။
ပြည်သူများအနေဖြင့် Online Shopping တွင် ငွေပေးချေပြီး နောက် ပစ္စည်းပေးပို့မှုမရှိခြင်း၊ ကြော်ငြာထားသော ပစ္စည်းနှင့် လက်ခံရရှိသော ပစ္စည်း၏ အရည်အသွေး ကွဲလွဲနေခြင်းတို့ ကို တိုင်ကြားနိုင်ကြောင်းသိရသည်။
ထို့ပြင် စားသုံးသူထံမှ ငွေကြေးရယူပြီး နောက် သက်ဆိုင်ရာ Online Shopping ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ မရခြင်းအပြင် ကုန်ပစ္စည်းများပေါ်တွင် ရိုက်နှိပ် ထားသော အချက်အလက်များ အား ချဲ့ကားဖော်ပြထားခြင်းများ ကိုလည်း တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပေးကြေညာထားသည်။
အလားတူ ကုန်ပစ္စည်းများ ကို သဘောတူညီထားသည့် အချိန်အတွင်း ပို့ဆောင်မှုမရှိ ခြင်း၊ Online Shopping ၏ ကုန်ပစ္စည်းပို့ဆောင်ရေး ဝန် ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်း လက်ခံပြေစာများကို အတုပြုလုပ် ခြင်း စသည်တို့ကိုလည်း တိုင် ကြားနိုင်ကြောင်း သိရသည်။
စားသုံးသူများ အနေဖြင့် တိုင်ကြားလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၏ Official Website တွင် လည်းကောင်း၊ DOCA Myanmar Mobile Application အား Download ဆွဲ၍လည်းကောင်း တိုင်ကြားနိုင်ကြောင်း စားသုံးသူ ရေးရာဦးစီးဌာနမှ အသိပေးကြေညာ ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် Consumer Call Center ၏ Hot Line ဖုန်းနံပါတ် ၁၅၃၅ သို့ ခေါ်ဆို၍ဖြစ်စေ၊ စား သုံးသူရေးရာဦးစီးဌာန၏ Face- book မှတစ်ဆင့်ဖြစ်စေ၊ စားသုံး သူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (CICC) တွင် ဖြစ် စေ တိုင်ကြားနိုင်ကြောင်း သိရ သည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ကုန်စျေးနူန်းကြီးမြင့်လာခြင်းနဲ့လျှပ်စစ်မီးမမှန်တာတွေကြောင့်ဆံပင်ညှပ်ခတွေစျေးမြင့်လာပြီး အနည်းဆုံး ငွေကျပ်၂ထောင်ကနေ ၃ထောင်အထိ ပေးနေရသည်။
အဲ့ဒီအခက်အခဲများကို ဖြေရှင်းဖို့ရည်ရွယ်ပြီး လက်ရှိမှာအခြေခံလူတန်းစားတွေဆံပင်ညှပ်ခံသက်သာစေဖို့ ဆံသ သင်တန်းသားတွေစုပေါင်း ရန်ကုန်မြို့ရဲ့လမ်းဆုံ လမ်းခွ တွေမှာအခမဲ့ဆံပက်ညှပ်ပေးနေသည်။
ရန်ကုန်တိုင်းအတွင်းအခြေခံလူတန်းစားအများစုနေထိုင်သည့် လှည်းကူး ၊ဒလ စသည့်မြို့နယ်တွေကို သွားရောက်ပြီ အခမဲ့ဆံသပေးနေတာဖြစ်ကြောင်း အဆိုအဖွဲ့ မှလူငယ်တစ်ဦးက YMG ကိုပြောသည်။
ယခုမေလတစ်လလုံး လမ်းဆုံလမ်းခွများတွင် လိုက်လံ ဆံပင်ညှပ်ပေးမှာဖြစ်ပြီး မည်သူမဆိုလာရောက်ဆံပင်ညှပ်နိုင်ကြောင်း အဆိုပါလူငယ်များကပြောသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတိုက် အနီး၊ ရေသန့်ဆည်မြောင်းအတွင်း ရေဆင်းခပ်ရာမှ ကျောင်းနေစာသင်သားကိုရင်းတစ်ပါး မြောင်းအတွင်းပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေလ၂ရက် နံနက် ၈နာရီ ၂၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကလီထော်အနောက်ကျေးရွာ၊ မဟာဝိဟာရကျောင်းတိုက်အနီး၊ ရေသန့်ဆည်မြောင်းအတွင်း ရေဆင်းခပ်ရာမှ ကျောင်းနေစာသင်သားကိုရင်တစ်ပါးသည် မြောင်းအတွင်းပြုတ်ကျပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
အဆိုပါဖြစ်စဥ်ကိုသတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းနောက် နံနက် ၁၁နာရီ၄၀ မိနစ်တွင် ရေနစ်ပျောက်ဆုံးသူကိုရင်(သေဆုံး)၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
#ymg/pl
#YMG #Yangon_Media_Group
Page 1207 of 2116