ယခင်နှစ်ထက် သနပ်ဖက်ဈေး ပိုရသော်လည်း အထွက်နှုန်းနည်း
ဆေးပေါလိပ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ သနပ်ဖက် ဈေးကွက်ဟာ ယခင်နှစ်ထက် ဈေးပိုရပေမယ့် မိုးများခဲ့တာကြောင့် ထွက်နှုန်းနည်းတယ်လို့ သနပ်ဖက် စိုက်တောင်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 3 November 2023
ထိုင်းနိုင်ငံ လာချပူရီခရိုင် အတွင်း ရှိ အထည်ချုပ်စက်ရုံ ပိုင်ရှင်က ကြိုတင် အကြောင်းကြားမှု မရှိဘဲ အလုပ်ရပ်နား လိုက်တာကြောင့် ယင်းစက်ရုံ တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ၁၀၀ကျော် အခက်ခဲ ဖြစ်နေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက် သူများထံ က သိရသည်။
အဆိုပါ စက်ရုံ တွင် MOU လုပ်သားများနှင့် နှစ်ရှည် အထည်ချုပ် ကျွမ်းကျင် လုပ်သားများ စုစုပေါင်း ၁၃၀ ဦး ရှိကြောင်း သိရသည်။
''ကျွှန်တော်တို့ အဖွဲ့ ကို အကူညီတောင်းလို့ သွားရောက် ဖြေရှင်းပေးတဲ့ အခါ မှာ အလုပ်ရှင်က အော်ဒါတွေ နည်းပြီး ရေရှည် ရပ်တည် လို့ မရလို့ အခုလို ရပ်နားတာလို့ ပြောတယ် အလုပ်ရပ်နား ရင် အခုလို မျိုး လုပ်လို့မရ ဘူး အလုပ်သမား တစ်ဦးချင်း လုပ်သက် အလိုက် နစ်နာကြေးတွေ ရရှိရမှာပါ''ဟု အလုပ်သမားအရေးဆောင်ရွက်ပေးသူတစ်ဦးကပြောသည်။
ထိုင်း အလုပ်သမား ဥပဒေ အရ အလုပ်မှ ရပ်နားပါက အလုပ်သမား တစ်ဦးချင်း လုပ်သက်အလိုက် ခံစားခွင့် နစ်နာကြေး များ ကို အလုပ်ရှင် ကပေးရမည် ဖြစ်ပြီး ထိုင်းအလုပ်သမားအကာကွယ်ပေးရေးဌာန မှ သက်ဆိုင်ရာ ပကန်စံခွန် အလုပ်လက်မဲ့ နစ်နာကြေး ကို ပေးရမည် ဖြစ်ကြောင်း ကို ထိုင်း အလုပ်သမားဝန်ကြီဌာန တည်ဆဲဥပဒေ အရ အတည်ပြုသတ်မှတ်ထားကြောင်း သိရသည်။
ထိုကြောင့် မြန်မာအလုပ်သမား အရေးဆောင်ရွက်သူများ က အလုပ်သမား များ ရပိုင်ခွင့်များ ကိုအချိန်တိုအတွင်း ရရှိရန် အလုပ်သမားတရားရုံးကို ဦးတိုက် လျှောက်ရန် အလုပ်သမားများ၏ သဘောတူညီချက် ဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group

Published-3 November 2023
ကိုရီးယား အလုပ်လျှောက်လွှာတင်သူများအနေဖြင့် ကိုယ်ပိုင်ငွေစာရင်း ဘဏ်အကောင့်ကိုပါ ဖော်ပြပေးရ မည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ထုတ်ပြန်ထားသည်။
ကိုးရီးယားဘာသာအရည်အချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) စာမေးပွဲ အောင်မြင်ထားသူ များ အနေဖြင့် အလုပ်လျှောက်လွှာခေါ်ယူထားရာတွင် အလုပ်လျှောက်လွှာနှင့် အတူပူးတွဲတင်ပြရ မည့်စာရွက် စာတမ်းများတွင် အထက်ပါ ဘဏ်ငွေစာရင်း အကောင့်ကိုပါ တွဲတင်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများတွင် ကိုယ်ပိုင်ငွေစာရင်း Bank Account ဖော်ပြရာ၌ နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကဘဏ် တစ်ခုခုတွင် နိုင်ငံကူးလက် မှတ်ပါ အမည်အတိုင်း ဖွင့်လှစ်ထား သည့် ကိုယ်ပိုင် ဘဏ်ငွေစာရင်း စာအုပ် မိတ္တူ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ကိုးရီးယားဘာသာအရည်အချင်းစစ်အထူး သီးသန့် စာမေးပွဲ(Special EPS-TOPIK)အောင် မြင်သူများအတွက် အလုပ်လျှောက်လွှာများကို နိုဝင်ဘာလ ၁ဝ ရက် တွင် ထုတ်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် အလုပ်လျှောက်လွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 03 November 2023
မြန်မာနိုင်ငံတွင် မြန်မာနှင့်ရုရှားပူးပေါင်း၍ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းများပြုလုပ်ရန် ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer)နှစ်စီးပါဝင်သော ရေတပ်စစ်ရေယာဉ်(၃)စီး တို့သည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ရုရှားစစ်ရေယာဉ်(၃)စီးမှာ ဖျက်သင်္ဘော Admiral Tributs ၊ Admiral Panteleyev နှင့် Sea Tanker Pechenga တို့ဖြစ်ကြပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၂ရက် ညနေပိုင်းက ဆိုက်ကပ်ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာပြီး ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်ရွက်ရန်အပြင် ချစ်ကြည်ရေးခရီးစဉ်များအဖြစ်လည်း လာရောက်ခြင်းဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။
ရုရှား ရေတပ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း(Harbour Phase) ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်တယ်လို့သိရှိရပါတယ်။
-ymg’knl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group

Published 3 November 2023
ရန်ကုန်မြို့တွင်း ပြေးဆွဲဝန်ဆောင်မှုပေးလျက်ရှိသည့် YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက် ပါက Viber မှ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရသည်။
YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ မဆင်မခြင် အရှိန်ပြင်း မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်းနှင့် ကားဘေးတံခါးဖွင့် မောင်းနှင်ခြင်းစသည့် စည်းကမ်း ဖောက်ဖျက်မှုများ တွေ့ရှိပါကဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းနှင့်တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင်နေရာများဖြင့် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဆက်သွယ် တိုင်ကြား နိုင်မည့် ဖုန်းနံပတ် များ အနေဖြင့် YRTC ၏ Viber ဖုန်းနံပါတ် ၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃၊ ၀၉-၄၄၈၁၄၇၁၅၄ တို့ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီမှ စက်တင်ဘာအထိ ကိုးလတာအတွင်း စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်များမှ ယာဉ်မောင်းများကို အပြစ်ပေး အရေးယူခြင်းများ လုပ်ဆောင်ခဲ့ရာ စုစုပေါင်းအမှု ၁၆,၆၉၉ မှုရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 3 November 2023
ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင် ရရှိထားသည့် အေဂျင်စီ များထဲ မှ အချို့ အေဂျင်စီများ သည် တရားမဝင် အောက်လမ်းမှ တစ်ဆင့် လုပ်သား ပို့ဆောင်နေမှု ရှိနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)ထံ မှ သိရသည်။
ထိုသို့ တရားမဝင် ပို့ဆောင် ခြင်းကြောင့် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) ထံ ကို တိုင်ကြားထားမှု များလည်း ရှိနေကြောင်း သိရသည်။
'' လိုင်စင် ရှိပြီးတော့ မလေးရှား ကို အောက်လမ်း က ပို့တယ်၊ ပို့နေတာ ကြာပြီ ထင်တယ် သူတို့ ပို့ပေးတဲ့ ကလေးတစ်ယောက်က မလေးရှားလေဆိပ်ကနေ ပြန်ကန်လာတာ ကနေ အဖွဲ့ချုပ်ကို လာတိုင် မှ လိုင်စင်ရှိပြီး အောက်လမ်း က ပို့နေတယ်လို့ သိရတာ၊အခုကိုဗစ်နောက်ပိုင်း မှ လိုင်စင်ရတဲ့ အေဂျင်စီ အသစ်တွေ၊သူတို့ကို စစ်မေးတော့ တရားဝင်လိုင်စင်ရထားပြီးတော့ အခုလို အောက်လမ်းက ပို့လို့မရဘူးဆိုတာ မသိဘူး ဝန်ကြီးဌာန ကို အမှု ပို့ပေးထားတယ် ''ဟု မြန်မာြပည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ အထွေထွေအတွင်းေရးမှုးဦးမြတ်သူက ပြောသည်။
ကိုဗစ်ကာလ ပြီးနောက်ပိုင်း တွင် ပြည်ပအလုပ်ကိုင် လိုင်စင်ရ အေဂျင်စီအသစ် များ များပြားလာသကဲ့ သို့ ပြည်ပ သို့ အလုပ်သွားရောက် လုပ်ကိုင်သည့် လုပ်သားများ လည်း များပြားလာကြောင်း သိရသည်။
'' အမှု တွေလည်း များလာတယ် တစ်ရက် ကို အနည်းဆုံး နှစ်မှု သုံးမှု ရှိတယ်၊အေဂျင်စီနဲ့ ပက်သက်တာဆိုရင် အဖွဲ့ချုပ် က ဖြေရှင်းပေးရတယ်၊အေဂျင်စီ မပါတဲ့ အမှု တွေ ဆိုရင်တော့ အလုပ်သမား ဝန်ကြီးဌာန ကို လွဲပေးလိုက်တယ်''ဟု ဦးမြတ်သူက ဆက်လက်ပြောသည်။
လက်ရှိ တွင် ပြည်ပ အလုပ်ကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၅၀၀ခန့်ရှိပြီး ထိုင်းလိုင်စင်ရ အေဂျင်စီ ၁၅၀ကျော်ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_03 November 2023
အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတွင် E-Book ထုတ်ဝေစာများ ဆောင်ရွက်နေသူများအနေဖြင့် ဥပဒေပုဒ်မ ၁၅ နှင့်အညီ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက် အရ သိရသည်။
ယင်းထုတ်ပြန်ချက်တွင်၂၀၁၄ ခုနှစ်ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖန်တီး၍ ထုတ်ဝေလိုက်သည့်စာတို့အပြင် ယင်းတို့နှင့်အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန်ရှိသည့်အရာ သို့မဟုတ်ပုံအားဖြင့်သော်လည်းကောင်းသဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးများကိုဖြစ်စေ၊ အတွေးအခေါ်များကိုဖြစ်စေ သိရှိစေနိုင်သည့်အရာများနှင့် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကိုဆိုသည်ဟုလည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။
ယခုတွင် အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတည်ထောင်၍ E-Book ထုတ်ဝေစာများအား ထုတ်ဝေဖြန့်ချိ လျက်ရှိသည်ကိုတွေ့ရှိရပြီ အဆိုပါ E-Book ထုတ်ဝေစာများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ထုတ်ဝေစာအဓိပ္ပာယ် ဖွင့်ဆိုချက်တွင် အကျုံးဝင်ပါသဖြင့် သက်ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကျရန် ပြန်ကြားရေး ဝန်ကြီးဌာန မှ အသိပေးထားသည်။
ထို့ကြောင့် မိမိတို့၏ထုတ်ဝေစာများသည် ပုဒ်မ ၈ ပါစည်းကမ်းချက်များနှင့်အညီ ရေးသားထုတ်ဝေ ဆောင်ရွက်ရန်နှင့် နည်းဥပဒေ ၁၅ (ခ) နှင့်အညီ E-Book Soft Copy (၅) အုပ်/ (၅) စောင်ကိုမူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ပေးအပ်ရန် လိုအပ်ပါကြောင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှအသိပေးထုတ်ပြန်ထားသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1203 of 2423