#Local_News
Published_ 4 May 2023
လာမယ့်အကယ်ဒမီပေးပွဲမှာ သုံးနှစ်စာရုံတင်ဇာတ် ကား(၁၃၈)ကားရှိတဲ့အနက် ဇာတ်ကား(၇၀)ထဲမှ အကယ်ဒမီဆုတွေကိုရွေးချယ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #အကယ်ဒမီဆုပေးပွဲ #အကယ်ဒမီဆုချီးမြှင့်
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
ပုဂံဒေသညောင်ဦးမြို့နယ်မှာ မေလ(၃)ရက်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေပြိုလဲကျပြီးကဇာတ်ရုံနဲ့ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #ပုဂံညောင်ဦး #လေပြင်းတိုက်ခတ် #ကဇာတ်ရုံ #နေအိမ်အချို့ထိခိုက်ပျက်စီး
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
စက်သုံးဆီဈေးမှာနှုန်းထား ယခင်လကထက်နှစ်ရာကျပ်ဝန်းကျင်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်း
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
လာမယ့်ရက်ပိုင်း မေလ(၈)ရက်မှာ မြန်မာနိုင်ငံမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာမှာဖြစ်ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲတိုက်ခတ်နိုင်ခြေ ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #ဆိုက်ကလုန်းမုန်တိုင်း #ကမ်းရိုးတန်းဒေသများ
#YMG #Yangon_Media_Group
#Daily_News
Published_ 4 May 2023
၁။ မေလအတွင်း ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိ၊ ကမ်းရိုးတန်းဒေသများ အထူးသတိထားရမည်
၂။ စက်သုံးဆီဈေး ဆက်လက်ကျဆင်းနေ
၃။ ပုဂံညောင်ဦးတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကဇာတ်ရုံနှင့်နေအိမ်အချို့ ထိခိုက်ပျက်စီး
၄။ကမ္ဘာတစ်ဝှမ်းမှအသက်များကိုကယ်ဆယ်နိုင်ရန် မက္ကဆီကိုခွေးများအား လေ့ကျင့်သင်ကြားပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 4 May 2023
ပြည်တွင်းရွှေဈေးဟာ မေလ ၄ ရက်နေ့မနက်ပိုင်းမှာ သိန်း ၃၀ကျော် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၂၀၅၀ ကိုစံချိန်တင်မြင့်တက်နေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
သီပေါရှိ ဘုန်းကြီးကျောင်းနှစ်ထပ်ကျောင်ဆောင် မီးလောင်မှု ၁ နာရီကျော် မီးငြှိမ်းခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သိရသည်။
မေလ ၄ ရက်နေ့လယ် ၁၂ နာရီခန့်ကရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နောင်တော်ကြီးကျေးရွာ၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကို သီပေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ နမ့်လန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပန်ညုအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နောင်ကော်ကြီးအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည်တစ်နာရီအချိန် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ မီးသတ်တပ်ဖွဲ့က သိရသည်။
#ymg/ppk #Local_News #သီပေါ #ဘုန်းကြီးကျောင်းမီးလောင်မှု
#YMG #Yangon-Media-Group
Page 1203 of 2116