Published 3 November 2023

ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင် ရရှိထားသည့် အေဂျင်စီ များထဲ မှ အချို့ အေဂျင်စီများ သည် တရားမဝင် အောက်လမ်းမှ တစ်ဆင့် လုပ်သား ပို့ဆောင်နေမှု ရှိနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)ထံ မှ သိရသည်။

ထိုသို့ တရားမဝင် ပို့ဆောင် ခြင်းကြောင့် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) ထံ ကို တိုင်ကြားထားမှု များလည်း ရှိနေကြောင်း သိရသည်။

'' လိုင်စင် ရှိပြီးတော့ မလေးရှား ကို အောက်လမ်း က ပို့တယ်၊ ပို့နေတာ ကြာပြီ ထင်တယ် သူတို့ ပို့ပေးတဲ့ ကလေးတစ်ယောက်က မလေးရှားလေဆိပ်ကနေ ပြန်ကန်လာတာ ကနေ အဖွဲ့ချုပ်ကို လာတိုင် မှ လိုင်စင်ရှိပြီး အောက်လမ်း က ပို့နေတယ်လို့ သိရတာ၊အခုကိုဗစ်နောက်ပိုင်း မှ လိုင်စင်ရတဲ့ အေဂျင်စီ အသစ်တွေ၊သူတို့ကို စစ်မေးတော့ တရားဝင်လိုင်စင်ရထားပြီးတော့ အခုလို အောက်လမ်းက ပို့လို့မရဘူးဆိုတာ မသိဘူး ဝန်ကြီးဌာန ကို အမှု ပို့ပေးထားတယ် ''ဟု မြန်မာြပည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ အထွေထွေအတွင်းေရးမှုးဦးမြတ်သူက ပြောသည်။

ကိုဗစ်ကာလ ပြီးနောက်ပိုင်း တွင် ပြည်ပအလုပ်ကိုင် လိုင်စင်ရ အေဂျင်စီအသစ် များ များပြားလာသကဲ့ သို့ ပြည်ပ သို့ အလုပ်သွားရောက် လုပ်ကိုင်သည့် လုပ်သားများ လည်း များပြားလာကြောင်း သိရသည်။

'' အမှု တွေလည်း များလာတယ် တစ်ရက် ကို အနည်းဆုံး နှစ်မှု သုံးမှု ရှိတယ်၊အေဂျင်စီနဲ့ ပက်သက်တာဆိုရင် အဖွဲ့ချုပ် က ဖြေရှင်းပေးရတယ်၊အေဂျင်စီ မပါတဲ့ အမှု တွေ ဆိုရင်တော့ အလုပ်သမား ဝန်ကြီးဌာန ကို လွဲပေးလိုက်တယ်''ဟု ဦးမြတ်သူက ဆက်လက်ပြောသည်။

လက်ရှိ တွင် ပြည်ပ အလုပ်ကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၅၀၀ခန့်ရှိပြီး ထိုင်းလိုင်စင်ရ အေဂျင်စီ ၁၅၀ကျော်ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group