#Health_Matters
Published_8 April 2023
- ကနေဒါအပါအဝင် အနောက်နိုင်ငံအချို့မှာ ကလေးငယ်တွေ ဆစ်ဖလစ်ကာလသားရောဂါပိုးကူးစက်မွေးဖွားလာကြတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ် ဘာဖြစ်လို့ပါလဲ??
#Dr.KML #Health_Matters #ဆစ်ဖလစ်ကာလသားရောဂါ
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဧပြီလ ၈မှစပြီး ၁၀ရက်ကြာ ပိတ်ထားလိုက်ပြီလို့ သိရပါသည်။
သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်တွေအတိုင်း ဧပြီလ ၈ ရက်ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာ ပိတ်ထားမှာဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့မှ ကုန်စည်ဒိုင်မှာ ပုံမှန်အရောင်းအဝယ်လုပ်ဆောင်မယ်လို့ သိရသည်။
“ကုန်စည်ဒိုင်အနေနဲ့ ပိတ်ပေမယ့် တချို့ပွဲရုံတွေက လိုအပ်ချက်အရ ငရုတ်၊ ကြက်သွန်ပွဲရုံတချို့ကတော့ ဧပြီ ၁၂ရက်လောက်ထိ ဖွင့်ကြမယ်ထင်ပါတယ်။သင်္ကြန်မပိတ်ခင်ကာလမှာ နယ်ဘက်တွေက ကုန်တွေအဝင်များတော့ ကားပိတ်တဲ့အထိကို အရောင်းအဝယ်ကကောင်းခဲ့တယ်”လို့ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ က ပြောပါသည်။
သင်္ကြန်ကာလမတိုင်မီ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူးတို့အပြင် ရေထွက်ကုန် ငခြောက်လို ကုန်ပစ္စည်းတွေ အပါအဝင် ကုန်မျိုးစုံ ဝင်ရောက်ခဲ့ပြီး ပွဲရုံ ၇၀၀ ကျော်က အရောင်းအဝယ်ပြူလုပ်ခဲ့ကြောင်းသိရပါသည်။
ymg/ppk
#Local_News #ဘုရင့်နောင်ကုန်စည်ဒိုင်
#Yangon_Media_Group
#Local_News
Published_ 8 April 2023
သုဝဏ္ဏဘောလုံးကွင်းအနီးတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုများ၍ တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်၊၊
ဧပြီ(၈)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးကွင်းအနီးတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ငြှိမ်းသတ်ခဲ့သည်၊၊
ယင်းမီးလောင်ကျွမ်းသည် ၁၄နာရီ၁၃မိနစ်တွင်စတင်မီးလောင်ကျွမ်းခဲ့ပြီး၁၄နာရီ ၂၅ မိနစ်အချိန် မီးထိန်းနိုင်ကာ ၁၅နာရီ၂၉မိနစ် အချိန်၌မီးငြိမ်းသွားကြောင်း သိရသည်၊၊
လတ်တလောတွင်ရန်ကုန်မြို့၌မီးလောင်ကျွမ်းမှုများ အဖြစ်များနေပြီး လျှပ်စစ်မီးနှင့်ပေါ့ဆမီးများကြောင့် လောင်ကျွမ်းမှုအများဆုံးဖြစ်နေသလို စက်ရုံ၊အလုပ်ရုံများတွင်လည်း မီးလောင်ကျွမ်းမှုများနေသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်၊၊
ymg/tthl
#Local_News #သုဝဏ္ဏဘောလုံးကွင်း #မြက်ခြောက်မီးလောင်မှု
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၂/၆)အနီးတွင် ယနေ့ ဧပြီလ ၈ ရက် မွန်းလွဲ ၃ နာရီခန့်က Swift အမျိုးအစား ယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး အမျိုးသမီး ၃ ဦးလိုက်ပါခဲ့ကြရာ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အခင်း ဖြစ်ပွားရာနေရာသို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူတို့ကို မေတ္တာရေစင်လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ymg/mt
#Local_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #ယာဉ်တိမ်းမှောက်မှု
#YMG #Yangon_Media_Group
#Local_News
Published-8 April 2023
ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးပညာပိုင်း ရာထူးဝင်ရာ အလုပ်အကိုင်နေရာများအပါအဝင် ဝန်ကြီးဌာန ၄ခုက အလုပ်အကိုင် (၁၉၉)နေရာအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။
ယင်းကဲ့သို့ လစ်လပ်လျက်ရှိသည့် အလုပ်အကိုင်ရာထူး (၁၉၉)ခုအတွက် လျှောက်လွှာခေါ်ယူနေသည့် ဝန်ကြီးဌာန (၄) ခုမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက် မှုဝန်ကြီးဌာနတို့လည်း ပါဝင်နေကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ ဧပြီ (၃) ရက်ကထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
အဆိုပါ ကြေညာချက်အရ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် ဆရာဝန်(သရုပ်ပြ)ရာထူး (၉၇) နေရာ၊ ဆရာဝန် (သွားနှင့်ခံတွင်း) (သရုပ်ပြ) ရာထူး (၃၀) နေရာ၊ တိုင်းရင်းဆေးတက္ကသိုလ်၊တိုင်းရင်းဆေးပညာဦးစီးဌာနအတွက် ဆရာဝန် (သရုပ်ပြ) ရာထူး (၁၃) နေရာ၊ အစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေး ဦးစီးဌာနအတွက် ဦးစီးအရာရှိ (အစားအသောက်)ရာထူး (၂၀) နေရာ၊ ဦးစီးအရာရှိ (ဆေးဝါး) ရာထူး (၁၆) နေရာ၊ ဦးစီးအရာရှိ (ဆေးပစ္စည်း/အလှကုန်) (၆)နေရာအတွက် လျှောက်လွှာများခေါ်ယူနေခြင်းဖြစ်ဦးစီးထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟို ပို့ဆောင်ဆက်သွယ်ရေး ကျောင်းအတွက် ဆရာဝန် (၁) နေရာ၊ မြန်မာ့မီးရထားအတွက် လက်ထောက်ဆရာဝန် (၁၂) နေရာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန/ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအတွက် ဆရာဝန်(အမျိုးသား) (၁) နေရာ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအတွက် လက်ထောက်ဆရာဝန် (၁) နေရာ၊ စက် မှုဝန်ကြီးဌာန၏ မြန်မာ့ဆေးဝါးလုပ်ငန်းအတွက် အလုပ်ရုံခွဲမှူး (၂) နေရာတို့အတွက်လည်း ခေါ်ယူလျက်ရှိထားကြောင်း သိရသည်။
ဝင်ရောက်လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး (နေပြည်တော်)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (ရန်ကုန်ရုံးခွဲ)၊ တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးများတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထားနိုင်ပြီး လျှောက်ထားမည့်သူများအနေဖြင့် လူကိုယ်တိုင်(သို့မဟုတ်) စာတိုက် မှတစ်ဆင့်ဖြစ်စေ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) နေပြည်တော်သို့ Online စနစ်ဖြင့် e-Recruitment and Selection System (e-R SS) (UCSBe-RSS Mobile Application နှင့် UCSBe- RSS Web Based) တို့ကို အသုံးပြုကာ မေ (၁၀) ရက်တွင်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
#ymg/mt
#Local_News #ကျန်းမာရေးနှင့်လျှပ်စစ်ဝန်ကြီးဌာန #လျှောက်လွှာများခေါ်ယူနေ
#YMG #Yangon_Media_Group
#Local_News
Published_8 April 2023
သင်္ကြန်ပွဲတော်ရှိ၍ ဧပြီလ(၁၃)ရက်မှ (၁၆)ရက်အထိ ရန်ကုန်မြို့ရှိ မဟာဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းအချို့ နေရာများအား ခေတ္တပိတ်ထားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်၊၊
ရန်ကုန်မြို့တော်ခန်းမရှေ့ မြို့တော်ဝန်မဏပ်တွင် ရေကစားခြင်း၊သင်္ကြန်ယိမ်းအကအလှဖြင့် ဖျော်ဖြေမည်ဖြစ်၍ ဧပြီလ(၁၃)ရက်မှ(၁၆)ရက်အထိမဟာဗန္ဓုလလမ်းအားဆူးလေဘုရားလမ်းမှပန်းဆိုးတန်းအထိလည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိ လည်းကောင်း နံနက်၇နာရီညနေ၆နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်သည်ဟုဆိုသည်၊၊
ယင်းကဲ့သို့ လမ်းခေတ္တပိတ်ထားမည်ဖြစ်၍ မော်တော်ယာဉ်မောင်းသူများအနေဖြင့် လမ်းလွှဲများမှ သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှအသိပေးချက်ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Local_News #သင်္ကြန်ပွဲတော် #ရန်ကုန်မြို့ #မဟာဗန္ဓုလလမ်း #ဆူးလေဘုရားလမ်း #ခေတ္တပိတ်မည် #YMG #Yangon_Media_Group
#World_Politics
Published_ 8 April 2023
တရုတ်က စနေနေ့ကစပြီး ထိုင်ဝမ်အနီးတဝိုက်မှာ စစ်ရေးလေ့ကျင့်မှုများ ၃ ရက်တိုင်အောင် ပြုလုပ်မှာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ'ဆိုင်အင်ဝမ်' အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ပြီးနောက်နေ့မှာပဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့တိုင်းစစ်ဌာနချုပ်က ကြေညာပြီး စစ်ရေးလေ့ကျင့်မှုစတင် လိုက်ပါတယ်။
ထိုင်ဝမ်ရဲ့ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နဲ့ ထိုင်ဝမ်ရေလက်ကြားအနားတဝိုက်မှာ တရုတ်တို့က တိုက်ခိုက်ရေးအသင့်ရှိကင်းလှည့်ခြင်းနဲ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဆိုင်အင်ဝမ်က လော့စ်အိန်ဂျလိစ်သို့ရောက်နေစဉ် ဗုဒ္ဓဟူးနေ့က အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'ကီဗင်မက္ကာသီ'နဲ့ တွေ့ဆုံခဲ့ရာ တရုတ်အတွက် အမျက်ထွက်စရာ ဖြစ်ခဲ့ပါတယ်။
ထိုင်ဝမ်ဘက်မှ တုန့်ပြန်ချက်ထွက်မလာသေးဘဲ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက ထိုင်ဝမ်လေကြောင်းခုခံရေးပိုင်နက်ထဲမှာ တရုတ်လေယာဉ် ၄ စင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့နံနက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။
ဆိုင်အင်ဝမ်ဟာ စနေနေ့နှောင်းပိုင်းမှာလည်း အောက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ'မိုက်ကယ်မက်ကာလ်' ဦးဆောင်တဲ့ အမေရိကန်ဥပဒေပြုလွှတ်တော်အမတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဦးမှာဖြစ်ပါတယ်။
ထိုင်ဝမ်ဘက်မှ လွတ်လပ်ခွင့်ရရှိရေးကြိုးပမ်းမှုမှန်သမျှကို တရုတ်ဘက်က ပြင်းပြင်းထန်ထန်ချေဖျက်နိုင်စွမ်းရှိတယ်လို့ တရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့ တရားဝင်သတင်းစာ People's Daily က ဖော်ပြလိုက်ပါတယ်။
တရုတ်အစိုးရရဲ့ တန်ပြန်ဆောင်ရွက်ချက်တွေက နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေး ကာကွယ်ပိုင်ခွင့်အတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထိုင်ဝမ်အပေါ် တရုတ်အာဏာသက်ရောက်မနေဘူးလို့ ပြင်းထန်စွာငြင်းဆိုထားပြီး တရုတ်နဲ့ဆွေးနွေးဖို့ အကြိမ်ကြိမ်ကမ်းလှမ်းထားပေမယ့် တရုတ်အစိုးရက သူမကို ခွဲထွက်ရေးသမားအဖြစ်မြင်နေကြောင်း ဆိုလိုက်ကာ ထိုင်ဝမ်ပြည်သူတွေကသာ အနာဂတ်ကိုဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဩဂုတ်လက အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ပေသို့ လာရောက်စဉ်ကလည်း တရုတ်က ဒုံးကျည်များစမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်။
Source: Reuters
#World_Politics #ထိုင်ဝမ်သမ္မတ #အမေရိကန်အောက်လွှတ်တော်ဥက္ကဌ #တရုတ်က စစ်ရေးလေ့ကျင့် #YMG #Yangon_Media_Group
Page 1199 of 2062