Published 6 November 2023

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဝဲကရင်ကျေးရွာ အုပ်စု ရွာသစ်ကုန်းကျေးရွာ သမတ်ကွေ့ ကူးတို့ဆိပ်တွင် ဖောင်ကူးတို့ကူးစဉ် မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်းပြုတ်ကျ၍ ၂ ဦးသေဆုံးခဲ့မှု အောက်တိုဘာ လ ၄ရက် မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ ကြောင်း သိရ သည်။

အခင်းဖြစ်ရာ နေရာသို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)မှ ရေငုပ်ရှာဖွေကယ်ဆယ် ရေးအဖွဲ့ RESCUE DIVER TEAM KAYIN က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေခဲ့ရာ ချောင်း အတွင်း ပြုကျခဲ့သော မော်တော်ယာဉ်အတွင်းမှ အမျိုးသားနှစ်ဦး ကို ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

"ကူးတို့ကူးရင်းနဲ့ ကားက ဖောင်ပေါ်ကနေ အရှိန်လွန်ပြီး ချောင်းထဲကျသွားတာ ၊ ရေစီးကလည်းသန်တော့ မတွေ့ဘူး နောက်နေ့မနက်ပိုင်းလဲရှာတယ် မတွေ့ဘူး ၊ ညနေလောက်မှ ပြုတ်ကျတဲ့နေရာနဲ့ နည်းနည်း ဝေးဝေးမှာ ကားကိုတွေ့တယ် ပထမတစ်ယောက်ကိုတော့ လွယ်လွယ်ကူကူကား ထဲကထုတ်လို့ရတယ်။ နောက်တစ်ယောက်က ကားထဲညှပ်နေတော့ မှန်ခွဲပြီး ထုတ်ရတယ်။မနေ့က ည၈နာရီ ခွဲလောက်မှ ထုတ်လို့ ရတယ်" ဟုမြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့( ဘားအံ ) ၏ တာဝန်ရှိသူ ဦးမောင်မောင်ဖြိုးလျံဝင်းက ပြောသည်။

မော်တော်ယာဉ် ပြုတ်ကျရာတွင် ပါသွားသည့်အတွက် သေဆုံးသွားသူ နှစ်ဦးမှာ ဘားအံမြို့နယ်အတွင်း နေထိုင်ကြသော အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့်အသက်၈၄နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group