#TV Yangon Times Matters အစီအစဉ်
Published_ 30 April 2023
တားရော့ပညာကို စတင်လေ့လာဖြစ်ခဲ့ပုံအကြောင်း တားရော့ကြည့်ပေးဖြစ်တဲ့ အချိန်တိုင်းအစောင့်အရှောက်တွေကို မေတ္တာပို့ပေးလေ့ရှိကြောင်း တားရော့မေးကြသူတွေက ၇၅%မှန်တယ်လို့ ပြောလေ့ရှိကြောင်း
တားရော့ပညာနဲ့ပတ်သတ်ပြီး သင်ပေးခဲ့သူဆိုတာထက် ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ရတာဖြစ်ကြောင်း
တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ၊ မမြင်ရသူတွေရဲ့ပုံရိပ်များ စာအုပ်နှစ်အုပ်ရေးသားဖြစ်ခဲ့တဲ့အကြောင်း
(၁၀)ရက် ပြတ် တားရော့သင်တန်းအပတ်စဉ် ၉အထိ သင်ကြားပေးနေမှုအကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #နေခြည် (တားရော့)
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 30 April 2023
တားရော့ပညာကို စတင်လေ့လာဖြစ်ခဲ့ပုံအကြောင်း တားရော့ကြည့်ပေးဖြစ်တဲ့ အချိန်တိုင်းအစောင့်အရှောက်တွေကို မေတ္တာပို့ပေးလေ့ရှိကြောင်း တားရော့မေးကြသူတွေက ၇၅%မှန်တယ်လို့ ပြောလေ့ရှိကြောင်း
တားရော့ပညာနဲ့ပတ်သတ်ပြီး သင်ပေးခဲ့သူဆိုတာထက် ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ရတာဖြစ်ကြောင်း
တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ၊ မမြင်ရသူတွေရဲ့ပုံရိပ်များ စာအုပ်နှစ်အုပ်ရေးသားဖြစ်ခဲ့တဲ့အကြောင်း
(၁၀)ရက် ပြတ် တားရော့သင်တန်းအပတ်စဉ် ၉အထိ သင်ကြားပေးနေမှုအကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #နေခြည် (တားရော့)
#YMG #Yangon_Media_Group
#Local_News
Published_ 30 April 2023
မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် ရန်ကုန်တိုင်းအပါ အဝင်ဒေသ(၇)ခုမိုးသက်လေပြင်းကျနိုင်သလို မုတ်သုန်မဝင်ခင် မေလဆန်းပိုင်းထဲမှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်နိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်အပါအဝင်ဒေသ(၇)ခု #မုန်တိုင်းဝင်နိုင်ခြေရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 30 April2023
မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ ရစ်(ခ်)တာစကေး (၄ ဒသမ ၉) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
ယနေ့ ဧပြီလ ၃၀ ရက် ၊မွန်းလွဲ ၁ နာရီ (၂၆)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၁)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၃၃)ဒီဂရီ၊ အနက်(၁၁၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News ##မင်းကင်းမြို့ # မြေငလျင်တစ်ခုလှုပ်ရှား
#YMG #Yangon_Media_Group
#Myanmar_News
Published_ 30 April 2023
၂၀၂၃ ခုနှစ်အတွက် တောင်ကြီး၊ပုဂံနှင့်ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းတွေကို ဧပြီ ၁၉ရက်က အသီးသီးဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲကို နစက ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိူတွေက ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကိုလည်းကျင်းပခဲ့ရာမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား နှင့် တာဝန်ရှိသူတွေနှင့်အတူ Grade-9 လူရည်ချွန်ကျောင်းသား/သူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် ဧကာဒသမ လူရည်ချွန်များအတွက် လူရည်ချွန်စခန်း(ငွေဆောင်)ဖွင့်ပွဲ အခမ်းအနားကို ငွေဆောင်မြို့ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရသိရှိရပါတယ်။
-ymh/knl
#လူရည်ချွန်စခန်းများဖွင့်
#တောင်ကြီး၊ငွေဆောင်၊ပုဂံလူရည်ချွန်စခန်းများဖွင်
#မြန်မာပညာရေး
#YMG #Yangon_Media_Group
#Local_News
Published_30 April2023
လျှပ်စစ်မီးကို ၂ နာရီပေး ၊ ၄ နာရီပိတ် စနစ်ဖြင့် ပေးမည်ဟု ညွှန်ကြားချက် ရန်ကုန်တွင် မလာသေးကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း တာဝန်ရှိသူက ပြောသည်။
မနက်ဖြန် မေလ ၁ ရက်ကစ၍ နေ့စဉ် အုပ်စု ၃ စု ခွဲပြီး ၂နာရီ ပေး ၄နာရီ ပိတ် စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးသွားမည်ဟု ထွက်ပေါ်နေသော သတင်းအပေါ် အဆိုပါ တာဝန်ရှိသူက YMG ကို ပြောခြင်း ဖြစ်သည်။
"အဲဒီလို တော့ ညွှန်ကြားလာတာ မရှိသေးဘူး။လောလောဆယ်တော့ လာမယ့်မိုးရာသီအမီ ရေအားတွေကိုတော့ ထိန်းထားတယ်။ထိန်းပြီးတော့ပေးနေပေမဲ့ အဲဒီလို Plan တော့ မညွှန်ကြားသေးဘူး၊တစ်နိုင်ငံလုံးထုတ်တဲ့ဓာတ်အားကိုတော့ ထိန်းပြီး ရန်ကုန်ဘယ်လောက်၊ဘယ်ကိုဘယ်လောက်ဆိုတာတော့ လုပ်နေတာပေါ့၊အဲဒီထက် ထပ်လျှော့ပြီးတော့ ဘယ်လောက်နဲ့ လောက်အောင်သုံး ဆိုပြီးတော့တော့ မထုတ်ပြန်သေးဘူး"ဟု ယင်း တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မဂ္ဂါဝပ် ၁၂၀၀ ခန့် အသုံးပြုနေကြောင်းနှင့် နေ့ဘက်အချိန်ထက် ညပိုင်းကို ပို၍ လျှပ်စစ်မီးပေးနိုင်ရေးလုပ်ဆောင်နေကြောင်း၊သို့သော်လည်း ဝန်အား မမျှမှုဖြစ်ပေါ်ပါက ပိတ်ထားရသည်များရှိကြောင်း သိရသည်။
ymg/pl
#Local_News #လျှပ်စစ်မီးကို၂နာရီပေး၊၄နာရီပိတ်စနစ် #ညွှန်ကြားချက်
#YMG #Yangon_Media_Group
#Local_News
Published_30 April 2023
တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန် နစက ဥက္ကဌက ဧပြီလ ၂၉ ရက် တာချီလိတ်ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရသည်။
တည်ဆောက်မှုလုပ်ငန်းများများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး ၊လေယာဉ်ကွင်းသန့်ရှင်း ရေးအတွက် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းကို အမြဲမပြတ်ဆောင်ရွက်နေစေရေးအတွက်လည်း ယင်းက ပြောကြားခဲ့ကြောင်း၊၎င်းအပြင် တာချီလိတ်မြို့အတွင်းရှိလမ်းများကို သတ်မှတ်ထားသည့် လမ်းညွှန်အမှတ်အသားများ ပြည့်စုံစွာပြုလုပ်ထားရန်၊ယာဉ်စည်းကမ်း ထိန်းသိမ်းမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန်၊သတ်မှတ်ထားသည့် ယာဉ်နံပါတ်များတပ်ဆင်ရေး ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်သဖြင့် ယာဉ် နံပါတ်များစနစ်တကျတပ်ဆင်စေကာ ယာဉ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်းတို့ကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အလားတူ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး၊သောက်သုံးရေလုံလောက်စွာ ရရှိရေး၊ ဒေသတွင်း အသား၊ ငါးများ လုံလောက်စွာရရှိရေး ၊ပို့ကုန်များ တင်ပို့နိုင်မှုများကို မှတ်တမ်းတင်ထားပြီး သုတေသန ပြုဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေဒ၊တာချီလိတ်မြို့သို့ မော်တော် ယာဉ်၊ လေယာဉ်များဖြင့် ပြင်ပမှ ဝင်ရောက်လာသူများအား စနစ်တကျမှတ်တမ်း တင်ရန်ထားရေး တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)တွင် တောင်ယာများမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်ကို ရက် ၂၀ ကျော်ကြာ ပိတ်ခဲ့ရသောကြောင့် တောင်ယာများမီးရှို့ခြင်းနှင့် လယ်ယာများ၌ ကောက်ရိုးများမီးရှို့ ခြင်းမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု စနစ်ပပျောက်အောင်ဆောင်ရွက်ရန်နှင့် တောင်ယာများ၌ ကုန်းမြင့်လယ်စိုက်ပျိုးမှု စနစ်ကို ဖော်ဆောင်ပေးရန်တို့ကိုလည်း ဒေသအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်လုပ်ဆောင်ရန်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#Local_News #တာချီလိတ်လေဆိပ် #လေယာဉ်ကြီးများဆင်းသက်နိုင်
#YMG #Yangon_Media_Group
Page 1211 of 2116