#Local_News
Published_ 1 April 2023
လာမယ့်သင်္ကြန်ကာလအတွက် ရန်ကုန်ဆေးရုံကြီးအရေးပေါ် ဌာနကို ပုံမှန်ထက် ကုသမှု အင်အားဖြည့်ဆည်းဆောင်ရွက်ကာ ဖွင့်လှစ်ထားကြောင်း ရန်ကုန်ဆေးရုံကြီးကနေ အသိပေးထားပါတယ်။
# သင်္ကြန်တွင်း #ဆေးရုံကြီး #အရေးပေါ်ဌာန
#YMG#Yangon_Media_Group
#LocalNews
Published-2 April 2023
မဂ်လာတောင်ညွန့် စက်ရုံလမ်းရှိ တော်ဝင်ပလာဇာမှတ်တိုင်ရှေ့တွင်မူးလဲသူ အဖွားအို ၁ဦး၏ခြေထောက်ကို YBSက တက်ကြိတ်မှုဖြစ်ခဲ့ကြောင်း မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းကသိရသည်။
ဧပြီလ၂ရက်(ယနေ့) ၃နာရီ ၃၄မိနစ်အချိန်က တော်ဝင်ပလာဇာမှတ်တိုင်ရှေ့တွင် YBS 13ကားက အဖွားအိုခြေထောက်ကိုတက်ကြိတ်မိခဲ့ခြင်းဖြစ်သည်။
"မဂ်လာတောင်ညွန့် တော်ဝင်ပလာဇာမှတ်တိုင်မှာ YBSနဲ့ ထိခိုက်မှုဖြစ်ထားကြောင်း သတင်းပေးဆက်သွယ်လာတာကြောင့် အချိန်နှင့်တပြေးညီသွားရောက်ကူညီပေးခဲ့ပါတယ်"ဟု မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းကသိရသည်။
ဒဏ်ရာရအဖွားအားသွေးတိတ်စေရန် ရှေးဦးပြုစုမှုပေးပြီး တောင်ညွန့်လူငယ် မှရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
#ymg/mt
#တော်ဝင်ပလာဇာ #မူးလဲသူအဖွားအို #YBSကတက်ကြိတ်မှုဖြစ်ခဲ့
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 2 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ဇင်ဝင်း(Founder and Chief Instructor) နှင့်အတူ...
- "ရှိုးကြီးသိုင်း၊ရှမ်းသိုင်းတက်ထားကြတာများတာဖြစ်ပြီး ရှိုင်းသိုင်းကို ကျောရိုးပင်မအခြေခံပြီးခြေကွက်လက်ကွက်ပြောင်းပြန်ဖြစ်လာတာဆိုတဲ"သိုင်းပြောင်းပြန်ပညာ"စတင်ဖြစ်ပေါ်လာတဲ့အကြောင်း
-နိုင်ငံတကာမှာလည်း သိုင်းပြောင်းပြန်ပညာကိုပျံ့နှံ့အောင် Physical သင်ရိုး၊သိုင်းပြောင်းပြန်သင်ရိုးရယ်တွဲပြီး နိုင်ငံတကာကျောင်းတွေမှာ သင်ကြားပေးလျှက်ရှိကြောင်း
-ကိုရီးယား၊ဂျပန်၊စင်ကာပူ၊တရုတ်၊ကိုရီးယားရောက်နေတဲ့ ညီအစ်ကိုတွေကလည်းသိုင်းပြောင်းပြန်သင်တန်းတွေသင်ကြားပေးလျှက်ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ(အကယ်ဒမီပေးပွဲ)ကို အခုနှစ်အတွင်း ပြန်လည်ကျင်းပသွားမှာဖြစ်ပြီး၂၀၁၉၊၂၀၂၀ နဲ့၂၀၂၂ခုနှစ် သုံးနှစ်စာအကယ်ဒမီပေးပွဲအတွက် ရွှေကြိုမောင်မယ်စုစုပေါင်း(၄၀)ဦးရွေးချယ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရပါတယ်၊၊
# သုံးနှစ်စာအကယ်ဒမီဆုပေးပွဲး #ရွှေကြိုမောင်မယ် #ရွေးချယ်မည်
#YMG#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 2 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ဇင်ဝင်း(Founder and Chief Instructor) နှင့်အတူ...
- "ရှိုးကြီးသိုင်း၊ရှမ်းသိုင်းတက်ထားကြတာများတာဖြစ်ပြီး ရှိုင်းသိုင်းကို ကျောရိုးပင်မအခြေခံပြီးခြေကွက်လက်ကွက်ပြောင်းပြန်ဖြစ်လာတာဆိုတဲ"သိုင်းပြောင်းပြန်ပညာ"စတင်ဖြစ်ပေါ်လာတဲ့အကြောင်း
-နိုင်ငံတကာမှာလည်း သိုင်းပြောင်းပြန်ပညာကိုပျံ့နှံ့အောင် Physical သင်ရိုး၊သိုင်းပြောင်းပြန်သင်ရိုးရယ်တွဲပြီး နိုင်ငံတကာကျောင်းတွေမှာ သင်ကြားပေးလျှက်ရှိကြောင်း
-ကိုရီးယား၊ဂျပန်၊စင်ကာပူ၊တရုတ်၊ကိုရီးယားရောက်နေတဲ့ ညီအစ်ကိုတွေကလည်းသိုင်းပြောင်းပြန်သင်တန်းတွေသင်ကြားပေးလျှက်ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG #Yangon_Media_Group
#local_news
Published_ 2 April 2023
မကွေးမြို့အနီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင် ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) စက်ရုံကိုဒီဇင်ဘာလတွင် ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပါတယ်။
တင်ပြမှုများအပေါ် ဝန်ကြီးကသတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည်များရှိ၍ ယခုတွင်တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ထပ်မံသတ်မှတ်ထားသည့်ရက်များတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ယင်းသို့ထုတ်လုပ်နိုင်ရန်အတွက် ရောက်ရန်ကျန် စက်ပစ္စည်းများကိုလည်း အမြန်ဆုံးရောက်ရှိအောင်ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားပါတယ်။
ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ Engine Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်များရောက်ရှိနေမှု၊ Construction Power တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စီမံကိန်းအဝင်လမ်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အဆိုပါ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ် သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး မကွေး မြို့နယ် သပြေစမ်းကျေးရွာအနီးရှိမြေဧရိယာ ဧက ၄၉၀ ပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။
စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွား မှာဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထပ်မံထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#မကွေးမြို့ #နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင် #ဓာတ်အားပေးစက်ရုံစီမံကိန်း
#YMG #Yangon_Media_Group
#local_news
Published_ 2 April 2023
လက်ရှိတွင် စားသုံးဆီလက်ကျန် တန်ချိန် ၃ သောင်းကျော်ရှိပြီး ဧပြီလအတွင်း တန်ချိန် ၄ သောင်းခွဲကျော် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။
သင်္ကြန်ကာလ၌ လက်ကျန်စားသုံးဆီ တန် ၃၀၀၀၀ ရှိပြီး သင်္ကြန်မတိုင်မီမှာ သင်္ဘောရှစ်စင်းနဲ့ တန်ချိန် ၃၅၀၀၀ ခန့် ထပ်မံရောက်ရှိမည်ဖြစ်၍ စုစုပေါင်း တန်ချိန် ၆၅၀၀၀ ရှိမည်ဖြစ်ကာ၊ သင်္ကြန်အပြီး၌ တန်ချိန် ၁ သောင်းကျော်ရှိ သင်္ဘောနှစ်စင်း ထပ်မံရောက်ရှိမည်ဖြစ်ကာ အားလုံးပေါင်း တန်ချိန် ၇သောင်းခွဲကျော် ရှိမှာဖြစ်ပါတယ်။
ဧပြီလ၌ သင်္ကြန်ကာလအခါကြီးရက်ကြီးတွေမှာ အလှူအတန်းများပြား၍ စားသုံးသူတွေကို အလုံအလောက် စားသုံးနိုင်ရန်အတွက် တင်သွင်းထားခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
စားသုံးဆီတင်သွင်းမှုပိုင်းတွင်စားသုံးဆီကို ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီဖြစ်စေရေး၊ စားသုံးသူများထံကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့နှင့် ဆီဖူလုံမှုရှိအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်တွင် စားသုံးဆီလက်ကျန် တန်ချိန် ၃ သောင်းကျော်ခန့် ရှိပြီး သင်္ကြန်မတိုင်မီ ဆီတင်သင်္ဘောကြီးရှစ်စင်းဖြင့် ဆီတန်ချိန် ၃ သောင်းခွဲ ထပ်ရောက်မည်ဖြစ်ပြီး သင်္ကြန်ကာလပြီးလျှင်လည်း ဆီသင်္ဘောကြီးနှစ်စင်းဖြင့် ဆီတန်ချိန် ၁ သောင်းကျော် ထပ်မံရောက်ရှိလာမည်ဖြစ်ရာ စုစုပေါင်းဧပြီကာလအတွင်း ဆီတန်ချိန် ၇ သောင်း ၆ ထောင်ခန့်ရှိဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
ymg_mnn
#စားသုံးဆီ # မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
#YMG #Yangon_Media_Group
Page 1213 of 2062