Published-30 October 2023

ငွေကြေးလိမ်လည်မှုဖြင့်တရားစွဲခံထားရသူ အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ တင်ထားသည့် အမှုချေဖျက်ခွင့် ပလပ်ခံလိုက်ရကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့ အား ကျပ် သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ယခုနှစ် ဖေ ဖော် ဝါရီလ ၁၂ ရက်တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အမှု ရင်ဆိုင်နေရချိန်တွင် အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ ဘက်က ၎င်းတို့ ယူထားသည့် ငွေကျပ် သိန်း ၅၀၀၀ ကို အကြိမ်ရေ ခွဲ၍ ပြန်လည် ပေးဆပ်ပါမည်ဟု မကြာခဏ ပြောဆိုကြောင်း၊သို့သော်လည်း ပြန်လည် ပေးဆပ်ခဲ့ခြင်း မရှိကြောင်း တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ပြောသည်။

“ဦးမောင်မောင်ကျော်က ဖုန်းလည်း ဆက်တယ်။စာတွေလည်းပို့တယ်။ပိုက်ဆံကို ပြန်ပေးမယ်။

အမှုကို ပိတ်ကြ ရအောင်ဆိုပြီးတော့ပေါ့။ကျွန်တော်က လူမှုရေးအရ သီးခံ စောင့်ဆိုင်းပေးခဲ့တာ အကြိမ်ကြိမ် ဖြစ်ပါတယ်။ အခုကတော့ ဥပဒေအတိုင်းပဲပေါ့”ဟု ၎င်းကပြောသည်။

အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ ဇနီးမောင် နှံအား ကာယကံရှင် တရား လို ဦးစိုးလှိုင် (ခ)ဦးအောင်အောင်မိုးက အင်းတကော်ရဲစခန်းတွင် အမှုဖွင့်သောကြောင့် အဆိုပါ ရဲစခန်းက (ပ)၂၀/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် အမှု လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group