Published 30 October 2023

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြိုနယ်ရှိ ပန်းတစ်ပွင့်တောင်သာသနာ့နယ်မြေတွင် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏အဂ္ဂမဟာကမ္မဌာနာစရိယဘွဲပူဇော်ပွဲနှင့် သီတင်းကျွတ်ဆီမီး၉၀၀၀၊ပန်း၉၀၀၀လှူဒါန်း ပူဇော်ပွဲကျင်းပခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ၂၈ရက်တွင် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာသာရ၏ (၁၃)ဘွဲမြောက် အဂ္ဂမဟာကမ္မဌာနာစရိယဘွဲတော်ပူဇော်ပွဲ အခမ်းအနားကို ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြု တက္ကသိုလ်ငါးထပ်ကျောင်းဆောင်၌ကျင်းပခဲ့သည်။

‘‘ပန်းတစ်ပွင့်တောင်မှာ သီတင်းကျွတ်ကာလ စနေနေ့မှာ ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏အဂ္ဂမဟာ ကမ္မဌာနာစရိယဘွဲပူဇော်ပွဲနဲ့ တနင်္ဂနွေနေ့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆီမီး(၉၀၀၀)ပန်း(၉၀၀၀)ပူဇော်ပွဲကျင်းပခဲ့ပါ တယ်။

လာမယ့်တန်ဆောင်တိုင်မှာတော့ ကထိန်ပွဲတော်နဲ့အတူဆရာတော်ကြီးရဲ့မွေးနေ့ရှိပါတယ်’ဟု ဆရာတော်ကြီး၏တပည့်ဒါယကာရင်းများကပြောသည်။

ပန်းတစ်ပွင့်တောင်တွင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းလည်းရှိသဖြင့် စာသင်သားများ၊ အလည်အပတ် လာရောက်ကြသည့်ဧည့်သည်များနှင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

ဆရာတော်ဘုရားကြီး၏ဘွဲတော် ပူဇော်ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင်ရာဇာပေါက်စီ၊လန်ဒန်နှင့်ဟာသရာဇများကလည်းဖျော်ဖြေတင်ဆက်ပြီးကုသိုလ်ပါဝင်ခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group