Published-29 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အထက(၃) ကျောင်းရှေ့တွင်ယမန်နေ့ညက ကား၃စီး ဆင့်တိုက်၍ လူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းကသိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၈ရက် ည ၁၁နာရီ ၂၅မိနစ်အချိန်ခန့်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃) ကျောင်းရှေ့တွင် အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်းမောင်းနှင်လာသည့် Kai Carnival ကားသည် အထက(၃) ကျောင်းရှေ့ရပ်ထားသည့် Toyota Succeedကားကိုပွတ်တိုက် မိပြီး မောင်းနှင်လာသည့် Taxiကားအား ဝင်တိုက် မိမှု ထပ်မံဖြစ်ခဲ့ကာ ကား ၃စီးဆင့်တိုက်မှုဖြစ်ခဲ့သည်။
"ကားတိုက်ခံရတာကြောင့် Taxiကားပေါ်မှာပါလာတဲ့ အလုပ်ကပြန်လာတဲ့ခရီး သည် အမျိုးသမီး ၅ဦးနဲ့ ယာဥ်မောင်းအမျိုးသား ၁ဦး ထိလိုက်ဒဏ်ရာရခဲ့တယ်။
တိုက်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့သိရတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းကသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတအသင်းကား(၅)စီး၊ တာမွေကြက်ခြေနီအ သင်းမှ ကား(၁)စီးဖြင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးလူနာ ၂ဦးမှာ ဆေးရုံတင်ရမည်ဟုသိရပြီး ကျန် ၄ဦးမှာ ဓာတ်မှန်ရိုက်၊ ကုသမှုပေး၍ အိမ်ပြန်ရကြောင်းသိရသည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times
Published _29 July 2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ကြာကန်ရပ်ကွက်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ကာ သစ်ပင်မျာပြိုလဲမှုပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်ရှိ အလယ်တန်းကျောင်း (ခွဲ)တွင် အမိုးသွပ် (၁၀) ချပ်ကျော် လွင့်ပါပျက်စီးခဲ့သည့်အပြင်၊ ကျောင်းအရှေ့ဘက် အုတ်တံတိုင်းအနီးရှိ ပိတောက်ပင် လဲပြိုကျမှုကြောင့် ကျောင်းအုတ်တံတိုင်း ၂၇ ပေခန့် ပျက်စီးသွားကြောင်းလည်း သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်အပြင် အနီးအနားရှိ စက်သစ်ရပ်ကွက် နှင့် ဆည်မြောင်းအပိုင်းတွင်လည်း အပင်များလဲပြိုခြင်း နှင့် နေအိမ်များ အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း၊ လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း လူမှုကူညီရေးအဖွဲ့၀င်များ၏ ပြောကြားချက်အရ သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းလျက််ရှိကြောင်း သိရသည်။
Yangon_Times/PP
Photo - CJ
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်ရှိ ချည်လုံးစက်ရုံတစ်ရုံတွင် ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နံနက် ၉ နာရီ ၃၀ မိိနစ်အချိန်ခန့်တွင် သီလဝါစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းခရိုင်မီးသတ်စခန်း၊သန်လျင်မြို့နယ်မီးသတ်စခန်း၊ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ၁၀ နာရီ ၈ မိနစ်တွင် မီးထိန်းပြီး ၁၀ နာရီ ၁၉ မိနစ်၌ မီးငြိမ်းသွားကြောင်း သိရသည်။
လက်ရှိအချိန်တွင် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
ဇူလိုင်လ၂၉ရက်မှစပြီး မွန်ပြည်နယ်ထဲတွင် မိုးသည်းထန်ပြီး ကားလမ်းမပေါ်ရေကျော်ခြင်း၊နေအိမ်အတွင်း ရေဝင်ခြင်းများစတင်ကြုံတွေ့နေရပြီဖြစ်သည်ဟုမွန်ပြည်နယ်အခြေစိုက်လူမှုကူညီရေးအဖွဲ့ထံမှသိရသည်။
ပေါင်မြို့နယ်နှင့်ကျိုက္ခမီဘက်တွင် မိုးရေချိန်များခဲ့ပြီး ရေကြီးရေလျှံခြင်း၊ကားလမ်းမပေါ်ရေကျော်ခြင်းများ စတင်ဖြစ်ပေါ်နေပြီဟုဆိုသည်။
‘‘မွန်ပြည်နယ်အတွင်းမှာ ရေနစ်မြုပ်လေ့ရှိတဲ့ရပ်ကွက်တွေအနေနဲ့ ညပိုင်းတွေမှာအထူးသတိထားနေထိုင်ဖို့ လိုအပ်ပြီး ညပိုင်းမိုးသည်းထန်ပြီးရေကြီးလာပါက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုကြိုတင်အကြောင်း ကြားပြီးအကူအညီတောင်းခံထားဖို့လိုအပ်တယ်’’လို့ ကိုဘိုဘိုဝင်း၊ ဥက္ကဌ(မွန်ပြည်နယ်အခြေစိုက် ဘိုဘိုဝင်းလူမှုကူညီရေးအဖွဲ့ကပြောသည်။
ရေနစ်မြုပ်နိုင်ခြေရှိသည့်နေရာများတွင် နေထိုင်နေသည့်သူများအနေဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို အချိန်မီနေရာရွေ့ပြောင်းပေးရန် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။
မုတ်သုန်အားအလွန်ကောင်းနေသလို ဇူလိုင်လ၂၉ရက်တွင်မြန်မာနိုင်ငံအနီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး လေဖိအားနည်းရပ်ဝန်းသက်ရောက်မှုလည်းရှိနေသည့်အတွက် မွန်ပြည်နယ်အပါအဝင် ဒေသအချို့၌ အခုရက်ပိုင်းအတွင်းမိုးပိုရန်ရှိသည်ဟုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
လာမယ့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းသိပ္ပံကျောင်းက ကျောင်းသား/သူ တိုးမြှင့် ခေါ်ယူမည်
သင်တန်းလျှောက်လွှာအခမဲ့ရယူကာ စက်တင်ဘာလ ၃၁ ရက်နောက်ဆုံးထားလျှောက်ထား နိုင်
Yangon_Times/my
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
အသေးစားစက်မှုလက်မှုလုပ်ငန်း ၄၀၀ ကျော်ကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်
ခွင့်ပြုလိုက်တဲ့ အရေအတွက်ဟာ ယခုနှစ်ရဲ့ ဧပြီလနဲ့ ဇွန်လ သုံးလတာအတွင်း ဖြစ်
Yangon_Times/my
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
Published_ 29 July 2023
လျှပ်စစ်သုံး EV သုံးဘီးဆိုင်ကယ်(၅၀)စီး ၊EVဆိုင်ကယ်(၉၆)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
ကော်မတီ၏ခွင့်ပြုချက်ဖြင့် ယခုရောက်ရှိလာသည့်EVသုံးဘီးဆိုင်ကယ်များကတော့ Jinpeng အမျိုးအစား လျှပ်စစ်သုံး EV သုံးဘီးမော်တော်ဆိုင်ကယ်(၅၀)စီး နှင့် Wuyang Honda (U-Go) အမျိုးအစားလျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် (၉၆)စီး တို့ဖြစ်သည်။
အဆိုပါ Jinpeng အမျိုးအစား EV သုံးဘီးဆိုင်ကယ်များကို Asia Pacific Automaker Corporation Co., Ltdမှ တင်သွင်းလာခြင်းဖြစ်ပြီး Wuyang Honda (U-Go) အမျိုးအစား EV ဆိုင်ကယ်များကိုတော့ NCX Myanmar Co., Ltd. မှတင်သွင်းလာခြင်းဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် EV သုံးဘီးဆိုင်ကယ်နှင့် EV ဆိုင်ကယ်များကိုလုပ်ထုံးလုပ်နည်းနှင့်အညီထုတ် ယူခွင့်ပြုခဲ့ကြောင်းနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
Page 1058 of 2114