ဆန်ဈေးတည်ငြိမ်ဖို့ အရန်ဆန်များ ထုတ်ရောင်းရန်ရှိ
‘လျှပ်စစ်ပိုရလာပြီး ဆန်စက်တွေ လည်ပတ်ချိန်ပိုများလာတဲ့အတွက်လည်းကောင်း ပဲခူးတိုင်းအနောက်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာ စပါးရိပ်သိမ်းချိန် စပါးပေါ်ထွက်ဆဲဖြစ်လို့ ဆန်ဈေး၊ စပါးဈေး တည်ငြိမ်ရမှာဖြစ်တယ်၊၊ အရန်ဆန်တွေ ထုတ်ရောင်းပေးသွားဖို့ ရှိသလို ဆန်သိုလှောင်ရုံတွေကိုလည်း စစ်ဆေးသွားဖို့ ရှိတယ်’ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
ယခုနှစ်မှစ၍ NMDC ကျောင်းတက်သူအားလုံး အလုပ်သင်ဝင်ရမည်
‘ ထူးခြားချက်အနေနဲ့ ဒီနှစ်ကစလို့ ကျောင်းသားကျောင်းသူအားလုံး တစ်ဦးမကျန် အလုပ်သင်အနေနဲ့ စတင်သွားမှာဖြစ်ပါတယ်။ အလုပ်သင်ကာလမှာကတည်းက လစာရရှိမှာဖြစ်တဲ့အတွက် အင်မတန်မှ ကျွန်မတို့ ဝမ်းသာဂုဏ်ယူရမှာဖြစ်ပါတယ်’ ဒေါ်နီလာမြင့်ထူး၊ကျောင်းအုပ်ဆရာမကြီး၊ (အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC))
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
မြန်မာသင်္ဘောသား(၄)ဦးအတွက် DNA တိုက်ဆိုင်စစ်ဆေးနေ
‘ပျောက်ဆုံးသွားတဲ့ မြန်မာသင်္ဘောသား(၄)ဦးရဲ့ မိသားစုဝင်တွေထံမှ DNA ရယူပေးပို့ကာ ဆယ်ယူရရှိတဲ့ ရုပ်ခန္ဓာတွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ပြီး အဲ့ဒီလုပ်ငန်းစဉ် လုပ်ကိုင်နိုင်ဖို့ မိသားစုဝင်တွေကို MSF က ကူညီဆောင်ရွက်ပေးနေတယ်’ ဦးစိုးမင်းအောင်၊ဥက္ကဌ( မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ်(MSF))
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
Published_ 29 July 2023
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး စတင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း တို့ဇူလိုင်လ ၂၈ ရက်က ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းလည်း သိရသည်။
ယင်းအပြင်ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက် အပြန်အလှန် အကျိုးရှိစေမှုအပေါ် မူတည်၍ အရှိန်အဟုန် မြှင့် အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချော မွေ့စေရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို လည်းဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင် ဘူတာအကြား မိုင်တိုင်အမှတ် (၃၇၁/၁ မှ ၃)အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများကို ဖြုတ်ယူဖျက်ဆီးခဲ့သူများအား ဖမ်းဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲဇူလိုင်လ ၂၄ ရက်က မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးခရီးစဉ် ထွက်ခွာလာသည့် အမှတ်(၉၂၄)အစုန် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်မှာ အဆိုပါ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများ ဖြုတ်ယူဖျက်ဆီးခံခဲ့ရသောကြောင့် ဖြစ်ကြောင်း သိရသည်။
မီးရထားသံလမ်း များ ဖြုတ်ခိုးခဲ့သူများမှာ မိုင်တိုင်(၃၈၅/၂)အနီးရှိ ကျူးကျော်တဲများအတွင်း နေထိုင်လျက် ရှိကြောင်း သိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့များက ဇူလိုင်လ၂၅ ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ရာ ချမ်းငြိမ်း အောင် (ဘ) ဦးသန်းညွှန့်၊ ရန်အောင်(ဘ)ဦးမြလွင်၊ ဇော်ထက်(ဘ)ဦးချိုနှင့် နုနုဝင်း(ဘ)ဦးထွန်းအောင် တို့ ၄ ဦးအား မီးရထားသံလမ်း မူလီနှင့် ဂျိုင်းဆက်များ ဖြုတ်ရာတွင်အသုံးပြုသည့် ပိုက်ဂိုက် ၁ ချောင်း၊ မော်တော် ဆိုင်ကယ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့ ခိုးဖြုတ်ခဲ့သော ပစ္စည်းများကို ပြည်ကြီးတံခွန်မြို့ နယ်၊ (ဆ)ရပ်ကွက်၊ စက်မှုပန်းခြံ လမ်းရှိ ထိပ်တန်း (ဒန်၊ သတ္တု၊ သံ၊ ပုလင်း) ရောင်းဝယ်ရေးဆိုင်၌ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင် ဖြစ်သူ တင်တင်ချို(ဘ) ဦးစံသိုက်နှင့် ကြွယ်မောင်(ဘ)ဦးအောင်ညွှန့် တို့ ၂ ဦးအား မီးရထား သံလမ်းဂျိုင်းဆက် ၂၄ ချောင်း၊ မီးရထားသံလမ်းမူလီ ၁၅ ချောင်းတို့ နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယခုအခါ အထက်ပါဖမ်းဆီးရမိသူများအား လုပ်ထုံးထုပ်နည်းများနှင့်အညီ အရေးယူ နိုင်ရေး နှင့် ဆက်စပ်တရားခံများ ဖမ်းဆီး ရမိရေးအတွက်လုပ်ဆောင်နေကြကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာ အခမ်းအနား များကို ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ဗိမာန်တော် မော်ကွန်း ကမ္ပည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ်နံ့သာရည်များ ပက် ဖျန်းပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော် မြတ် စီသွင်းပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။
အလားတူ မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊ မာရဝိဇယကျောင်းဆောင် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အားဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်း ပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်စာရုံစေတီတော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ် ပူဇော် ထားသည့် ကျောက်စာချပ်များကို တည်ထားပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
#Daily_News
Published_ 28 July 2023
၁။ ST DENIS REUNION OPEN 2023 ပြိုင်ပွဲတွင် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ၁၆ ဦး အဆင့်သို့တက်ရောက်
၂။ ယနေ့ မွန်းတည့်မှစ၍ နောက်တစ်ရက်အတွင်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးဇလ သတိပေး
၃။ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်
၄။ နယ်သာလန်အလှမယ်ပြိုင်ပွဲတွင် လိင်ပြောင်းအမျိုးသမီးတစ်ဦး ပထမဆုံးအနေဖြင့်အနိုင်ရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 1059 of 2114