ကမ္ဘာ့အဆင့် ၁၂၈ ရှိတဲ့ တောင်အာဖရိက ကြက်တောင်မယ်ကို အမှတ်အသာစီးဖြင့် အနိုင်ရခဲ့ပြီး ၁၆ ဦး အဆင့်သို့တက်ရောက်
သက််ထားသူဇာအနေနဲ့ ၁၆ ဦးအဆင့်မှာ ကမ္ဘာ့အဆင့် ၁၁၇ ရှိတဲ့ ဂျပန်ကြက်တောင်မယ်နဲ့ ယှဉ်ပြိုင်ကစားသွားမည်
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
Published-28 July 2023
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူ ၈၈၀၀ ကျော်ရှိ၍ မီးလောင်မှုကြောင့် လူသေဆုံးသူ ၅၅ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏စာရင်းများအရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဇန်နဝါရီလမှ ဇွန်လအထိ ၆လကာလ (နှစ်ဝက်အ တွင်း) မီးလောင်မှုအကြိမ်ရေ ၉၄၂ကြိမ် ဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် အိမ်၊ စက်ရုံ၊ အလုပ်ရုံများအပါအဝင် အ ဆောက်အဦး ၂၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့၍ မီးဘေးသင့်ပြည်သူ ၈၈၅၂ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၆ဦးနှင့် သေဆုံးသူဦးရေ ၅၅ဦးရှိခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၃.၆၆ ဘီလီယံရှိခဲ့ကြောင်း မီးစတင်လောင် ကျွမ်းရသည့်အဓိကအကြောင်းရင်းများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးနှင့် မိုးကြိုးပစ်ခြင်း တို့ကြောင်းဖြစ်ကြောင်းလည်းသိရသည်။
ယခုနှစ်ဝက်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည့်အနက် ဧပြီလတွင်မီးလောင်ကျွမ်းမှုအများဆုံး ၂၀၅ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 28 July 2023
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်လိုက်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့ဘောလုံးနှင့်ရင်းနှီးကျွမ်းဝင်သည့် ဂတ်ဇီသည် မြန်မာယူ-၂၀ အသင်းနှင့် အတူအောင်မြင်မှုများ ရရှိခဲ့ပြီး နယူးဇီလန်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးဖြစ်ပါတယ်။
ဂတ်ဇီသည် မြန်မာ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၃ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင် အသင်းကြီးကို ၃ နှစ်ကြာကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။
ဂတ်ဇီ က ရန်ကုန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အသင်းအတွက်အကောင်းဆုံးအလုပ်လုပ်ပြသွားပါမယ်ဟု ဆိုပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းပရိသတ်များအားလုံး မင်္ဂလာပါ။ ရန်ကုန်အသင်း ပရိသတ်တွေက အသင်းကို အရမ်းအားပေးကြတာကို သိပါတယ်။
ဒီထက်ပိုပြီးလည်း အသင်းကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ် ဟု ဂတ်ဇီ က ရန်ကုန်ပရိသတ်များကို နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။
နည်းပြချုပ် ဂတ်ဇီသည် မြန်မာနိုင်ငံသို့ ဩဂုတ်လ ပထမအပတ်တွင် ရောက်ရှိမှာဖြစ်ပါတယ်။
ymg_mnn
#local_sport
#YMG #Yangon_Times
Published_ 28 July 2023
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
နစကအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲရုံးဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲကို ဇူလိုင် ၂၇ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မစ္စတာတိန့်ရှီးကျွင်းဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၂၉)ရက် နှင့် ၂၀၂၃ ခုနှစ် မတ်လ(၆) ရက်နေ့တို့ကလည်း နေပြည်တော်သို့ရောက်ရှိခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပါသေးတယ်။
ygm_mnn
#Local_News
#YMG #Yangon_Times
Published_ 28 July 2023
တရားမဝင် ကုန်သွယ်မှုများအနေဖြင့် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေး ဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများ လည်း ရှိနေကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
ဇူလိုင်လ ၂၇ ရက်ကပြုလုပ်ခဲ့သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကို ဖမ်းဆီးရမိ စစ်ကြောချက်များအရ သိရှိရသောကြောင့် အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် OSS ဌာနဆိုင်ရာ စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင်လာဘ်ပေးလာဘ်ယူမှုများမရှိအောင် ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ကြရန် နှင့် စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းများအပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သယံဇာတများကို တရားမဝင် တူးဖော်သည့် ခန့်မှန်းတန်ဖိုး ကျပ်(၄ ဒသမ ၅၃၁)ဘီလီယံရှိ ဘက်ဟိုးယန္တရား(၅၇)စီး ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ(၁၄၆၂ )မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၄ ဒသမ ၄၂၁) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု စုစုပေါင်း၏(၃ ဒသမ ၄၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ အနေဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများ တရားမဝင် ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
#Daily_News
Published_ 27 July 2023
၁။ စားအုန်းဆီဈေး နောက်နှစ်ပတ်လောက်နေမှ ဈေးပြန်တည်ငြိမ်မည်၊ဈေးမကွာတော့၍ ပြည်တွင်းဆီဈေးကွက်ပိုရလာ
၂။ အခြေခံစားကုန်နှင့်သွင်းကုန်ပစ္စည်းများ ဈေးတက်နေသဖြင့် စားသောက်ဆိုင်လုပ်ငန်းများ အခက်ကြုံနေ
၃။ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်အတွင်း မိသားစုဝင်တစ်သောင်းကျော်အတွက် စပါးမျိုးစေ့များ ICRC က ပေးဝေ
၄။အွန်လိုင်းတွင် ဗီဒီယိုတင်ရင်း နာမည်ကျော်ကြားလာပြီးနောက် လော့စ်အိန်ဂျလိစ်၌ စားသောက်ဆိုင်ဖွင့်နိုင်ခဲ့သည့် ဗီယက်နမ်စားဖိုမှူး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 27 July 2023
လူကယ်ပြန်ဝန်ကြီးဌာနက အများပြည်သူထံတောင်ရမ်းစားသောက်ခြင်းအတွက် လိုင်စင် လျောက်ထားရမည်ဆိုသော ထုတ်ပြန်ချက်မှာ အတုတစ်ခုသာဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အတုတွင် တောင်းရမ်းစားသောက်သူများအနေဖြင့် လူကယ်ပြန်ဝန်ကြီး ဌာန၌ လိုင်စင် ပုံစံ (က)၊ ပုံစံ(ခ)၊ ပုံစံ(ဂ)နှင့် ပုံစံ-အထူးတို့ကို တောင်းရမ်းစားသောက်သည့် လုပ်ငန်းအပေါ်မူတည်၍ လျောက်ထားရမည်ဟု ဖော်ပြပါရှိသည်။
ယင်းထုတ်ပြန်ချက်အား ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က အမိန့်ကြော်ငြာစာအမှတ် (၃၇/ ၂၀၂၃) အရ ဇူလိုင်(၂၃ )ရက်တွင် ထုတ်ပြန် သည်ဟု ဖော်ပြထားသည်။
ထုတ်ပြန်ချက်အတုတွင် တောင်းရမ်းစားသောက်သည့် အမျိုးအစား (၇)မျိုး ထည့်သွင်းဖော်ပြထားပြီး၊ စေတီပုထိုးများတွင်တောင်းရမ်းစားသောက်သူ၊ ဘတ်စ်ကားဂိတ်များတွင် တောင်းရမ်းသူ၊ လမ်သွားလမ်းလာများတွင် တောင်းရမ်းသူ၊ လမ်းဆုံလမ်းခွများ မီးပွိုင်များတွင် တောင်းရမ်းသူ၊ ပွဲလမ်းသဘင်များတွင် တောင်းရမ်းသူ၊ ဈေးဝယ်စင်တာများတွင်တောင်းရမ်းသူနှင့် လူကူးကုန်ကျော်တံတားများတွင် တောင်းရမ်းသူဟူ၍ အမျိုးအစားခွဲခြားဖော်ပြထားသည်။
“ ဒါက နစက ကို သက်သက် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိကို လုပ်နေတဲ့ လုပ်ရပ်ဖြစ်နေတယ်။
ထုတ်ပြန်ချက်မှာ အကြောင်းအရာဘဲ ပြောင်းသွားတာ စာအမှတ်ကမပြောင်းသွားဘူး။
အကြောင်းအရာတွေက ဖြစ်သင့်လား၊ မဖြစ်သင့်လားဆိုတာတော့ လူတိုင်း စဉ်းစားချင့်ချိန်သင့်တယ်လေ။
ဟိုရက်ကလည်း ဗေဒင်ဟောတဲ့ သူတွေ လိုင်စင် လုပ်ရမယ်ဆိုတာ ထွက်လာသေးတယ်။ အဲ့ဒီမှာလည်း စာအမှတ်က ၃၇/၂၀၂၃ ဘဲ။
ဒါတွေကို ကြည့်တာနဲ့ အတုလား အစစ်လား ခွဲခြားလို့ ရပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဉီးက Yangon Times ကို ပြောသည်။
ပြီးခဲ့သော ဇူလိုင် (၂၃) ရက်ကလည်း ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများ လိုင်စင်လျောက်ထားရမည်ဆိုသော ထုတ်ပြန်ချက်ကို လူမှုကွန်ရက်စာမျက်နှာတွင် သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်သယောင် မျှဝေခဲ့သေးသည်။
ယင်းအပေါ် ပြည်တွင်းသတင်းမီဒီယာတစ်ခုက သာသနာရေးဝန်ကြီးဌာနအား မေးမြန်းရာတွင် သတင်းအမှားသာဖြစ်ကြောင်း တုန့်ပြန်ဖြေကြားထားသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
Page 1061 of 2114