Published_ 27 July 2023
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာ၌ မြန်မာနိုင်ငံသားတစ်ဦး ငါးရှာရင်း ဓါတ်လိုက်သေဆုံးမှု ယမန်နေ့ ဇူလိုင်လ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုချမ်းမွန် ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ၊ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာတွင် ပန်ရံအလုပ်လုပ်ကိုင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
ဒေသခံများက လူတစ်ဦး ရေမြောင်းဘေးတွင် သေဆုံးနေကြောင်း သတင်းပေးတိုင်ကြားချက်အရ စွမ်ဖလစ်ထိုင်းရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
အခင်းဖြစ်ပွားရာနေရာတွင် ဝါယာကြိုး၊ ပလာရာ၊ လက်နိပ်ဓါတ်မီး စသည်တို့ကို တွေ့ရှိခဲ့ကြောင်း၊ချောင်း အတွင်း ဝါယာလျှော့ရိုက်၍ ငါးရှာနေစဉ် ဓါတ်လိုက်ပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် အ မှုခင်းဆရာဝန်က လည်း ဓါတ်လိုက်ပြီး သေဆုံးသော ဖြစ်စဉ်ဟု အတည်ပြုကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာ့လက်ရွေးစင်နှင့် မကာအိုလက်ရွေးစင်အသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားနှင့် ၂၀၂၇ အာရှဖလား ပထမအဆင့်ခြေစစ်ပွဲတွေကို အိမ်ကွင်းအဝေးကွင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အနိုင်ရရှိတဲ့အသင်းက ဒုတိယအဆင့်ခြေစစ်ပွဲကိုထပ်မံယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၂၀၂၆ ခြေစစ်ပွဲ (အာရှဇုန်-ပထမအဆင့်) နှင့် အာရှဖလား ၂၀၂၇ ခြေစစ်ပွဲ မဲခွဲခဲ့တာ ဖြစ်ပါတယ်၊
လာမယ့် အောက်တိုဘာ (၁၂) ရက်နှင့် (၁၇) ရက်နေ့တို့မှာ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်များတဲ့အသင်းက ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
မြန်မာအသင်းနှင့် မကာအိုအသင်းတိုဟာ (၅) ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး (၅) ကြိမ် စလုံးကို မြန်မာအသင်းကပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို ကစားသမား ၁၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အာရှ ဖူဆယ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းဟာ ဇွန် ၁၇ ရက်က စတင်ပြီး ပဏာမကစားသမား ၂၄ ဦးနဲ့ လေ့ကျင့်ပြင်ဆင်ခဲ့ တာဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသမား ၁၈ ဦးသို့ လျှော့ချခဲ့ခြင်းဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(ခ)တွင် အိမ်ရှင်ထိုင်းအသင်း၊ ဆော်လမွန်ကျွန်းစု အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီးမြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည် ဩဂုတ် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်း အသင်း၊ ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် ၇ နာရီတွင် ဆော်လမွန်ကျွန်းစု အသင်းနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲတွင် ကစားသမား (၁၆)ဦးသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ကစားသမား ၁၈ ဦးစလုံးကို ထိုင်းခြေစမ်းခရီးစဉ်ကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဂိုးသမားများ
ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ ညီညီသန့်
ကစားသမားများ
မျိုးမြင့်စိုး၊ မင်းခန့်၊ ရှိုင်းထက်အောင်၊ လပိုင်ဇော်လွန်း၊ ဝေဇင်ဦး၊ ညိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊ မျိုးသက်အောင်၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ အောင်ဇင်ဦး၊ လှိုင်မင်းထွန်း၊ ကိုရဇ္ဇ၊ သက်နောင်၊ ဇော်ဖြိုးဦး။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်အတွင်း မိသားစုဝင် တစ်သောင်းကျော်အတွက် စပါးမျိုးစေ့များ ICRC က ပေးဝေ
ရပ်ရွာလူထုတွေရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပိုမို တိုးတက်လာစေဖို့နဲ့ ရေရှည်ရပ်တည်နိုင်မှုကို အားပေးမြှင့်တင်ပေးတာဖြစ်
Yangon_Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
အခြေခံစားကုန်ဈေးတက်၍ စားသောက်ဆိုင်လုပ်ငန်းများအခက်ကြုံ
‘စားသောက်ဆိုင်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပေမယ့်လည်း အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ကြက်သွန် စတာတွေလည်း တစ်ရိပ်ရိပ်ဈေးတက်နေသလို သွင်းကုန်ပစ္စည်းတွေလည်းဈေးတက်နေလို့ ရုန်းကန်နေရတယ်’ ဦးနေလင်း၊ဥက္ကဌ (မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို))
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
ပြည်ပမှစားအုန်းဆီဈေး နှစ်ပတ်နေမှပြန်တည်ငြိမ်မည်
‘စားအုန်းဆီဈေးတွေ လာမယ့်နှစ်ပတ်အတွင်း ပြန်တည်ငြိမ်သွားဖို့ရှိသလို စားအုန်းဆီဈေးတက်လို့ ပြည်တွင်းထုတ်မြေပဲဆီနဲ့ ဈေးသိပ်မကွာတော့တဲ့အတွက် ပြည်တွင်းဆီတွေဈေးကွက်ပိုမိုရရှိလာတယ်’
ဦးရဲသူအောင်(ဒုဥက္ကဌ၊ရန်ကုန်တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Published_ 27 July 2023
နိုင်ငံ့စီးပွားရေးမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက် ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ၄ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု မျှော်မှန်း ထားကြောင်း ဇူလိုင် ၂၆ ရက်တွင် နေပြည်တော်၌ပြုလုပ်သော မြန်မာနိုင်ငံ စီးပွားရေးရာ ကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)၌ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ နစက တာဝန်ယူဆောင်ရွက်ပြီးနောက်ပိုင်း ချေးငွေများလုံးဝချေးယူခြင်းမရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေလည်း ၂၀၂၂ခုနှစ် နှောင်းပိုင်းရောက်မှသာ အနည်းငယ်ရရှိခဲ့သဖြင့် အချို့လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စိုက်ပျိုးမြေများသုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါပြဿနာကို အစိုးရအဆက်ဆက်ဖြေရှင်းခဲ့ကြသော်လည်း ယခုအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည် ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်း သိမ်းဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင် သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးခြင်း များကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီစက်များအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ စားသုံးဆီဖူလုံမှု ရှိရမယ်လို့ ပြောကြားပါတယ်။
စက်သုံးဆီများကိုလည်း ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ စက်သုံးဆီသုံးစွဲမှု များကိုလျှော့ ချနိုင်ရန်အတွက် လျှပ်စစ်ဓာတ် အားသုံး အများပြည်သူပို့ဆောင်ရေး စနစ်များ တိုးတက်လာရေးနှင့် ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများ တိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် အသစ်ထုတ်ပြန်လိုက်သည့် နှစ်သောင်းတန်ငွေစက္ကူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေ လိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေ တယ်လို့ ဆိုပါတယ်။
အဆိုပါ နှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်း သာဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန်အခြေ အနေသို့ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ငွေကြေးအပ်နှံမှုများ များစွာ ရှိကြောင်း၊ ယခုကဲ့သို့နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_news
#YMG #Yangon_Times
Page 1063 of 2114