#Local_News
Published_ 17 February 2023
ဘဏ်နှင့်ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ညွှန်ကြားချက်များကိုဗဟိုဘဏ်က ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ယင်းသတ်မှတ်ချက်များကို မလိုက်နာပါက ဥပဒေအရအရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌကဒေါ်သန်းသန်းဆွေကပြောသည်။
ယင်းမှာ ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိလာသော ငွေကြေးများ အကျိုးအမြတ်များ ဝင်ရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် တားဆီးသည့် အစီစဉ်ဖြစ်ပြီး ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်ငွေးရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများအပေါ် ငွေကြေးခဝါချမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရန်လည်း အလေးထားလုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
၎င်းအပြင် ပြစ်မှုကျူးလွန်သူများအား စိစစ်ဆောင်ရွက်ခြင်း သတင်းပေးပို့ခြင်းများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းနှင့် ပြည်တွင်းကငွေလွဲလုပ်ငန်းများအနေဖြင့် ငွေထုတ်သူ၊ငွေလွှဲသူများ၏ အချက်အလတ်များကို ကောက်ခံရန်လည်း မြန်မာနိုင်ငံဗဟိုဘဏ်ကညွှန်ကြားထုတ်ပြန်ထားကြောင်း သိရသည်။
#ymg/ynzw
#Yangon_Media_Group
#Local_News
Published_ 17 February 2023
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၆ နာရီ ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ပြီး အသက်ကြီးအမျိုးသမီးတစ်ယောက် သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ မီးလောင်မှုမှာ၂ ထပ်ပျဉ်ထောင်အိမ်တစ်လုံးက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားနေအိမ်များကို ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ အိမ်ရှင်အမျိုးသမီးမှာ မီးခိုးမွှန်ပြီးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာနေရာသို မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲက Level 2 မီးသတ်ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 February 2023
နေပြည်တော်သပြေကုန်းတွင် လျှပ်စစ်ကား Charging Station တည်ဆောက်မှု ပြီးစီးတော့မည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးအဖွဲ့က သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်က အဆိုပါလုပ်ငန်းခွင်သို့ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် သွားရောက် စစ်ဆေးခဲ့ကြကြောင်းသိရသည်။
သပြေကုန်းတွင် လျှပ်စစ်ကား Charging Station ကို NPK Motors Co.,Ltd က တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် Charging Station တည်ဆောက်ခြင်း၊ လျှပ်စစ်သုံးတက္ကစီယာဉ် BYD တွင် လျှပ်စစ်အားသွင်းခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ပြီး ဖြစ်ကြောင်းလည်း သိရသည်။
Charging Stationများကို နေပြည်တော်ကောင်စီနယ်မြေအတွင်း သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း စသည့်နေရာများတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံစသည့် နေရာများတွင် လည်းကောင်း၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားကွင်းများ စသည့် နေရာများတွင် လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် တစ်မိုင် တိုးဂိတ်၊ ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်း ၊ ၂၀၁ မိုင် နေပြည်တော်ယာဉ်ရပ်နား စခန်း၊ ၂၈၄ မိုင်သီးကုန်းယာဉ်ရပ်နားစခန်း၊ ၃၅၂ မိုင် စကားအင်းယာဉ်ရပ်နား စခန်းစသည့် နေရာတို့တွင်လည်းကောင်း အသီးသီးဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်က ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၉၆/၆)မိုင်မှာ
ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်သာယာလူငယ်ပရဟိတအသင်းက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၈၃ ဒေါ်နဲ့ဈေးဖွင့်လာပြီး ဈေးပြန်ကျလာပါတယ်။ ပြည်တွင်းဈေးကွက်ပြင်ပပေါက်ဈေးကတော့ ၂၈ သိန်း ၅ သောင်းကျော်ပေါက်ဈေးရှိနေပြီး ဈေးနှုန်းအကျဘက်မှာရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 February 2023
မဟာဝိဇရစေတီတော်ရှိ အရံစေတီတော်တွေကို ရွှေပြန်ချဖို့ရှိပြီး ရေစိမ့်နေတဲ့ ရင်ပြင်တော်ကိုပြန်လည်ပြုပြင်သွားဖို့ရှိတယ်လို့ စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၆ရက်နေ့ ဒီနေ့မနက်ပိုင်း ၇နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် မိုင်းပြင်းကိုဗဟိုပြုပြီး အဲ့ဒီမြိုရဲ့အရှေမြောက်ဘက် ၁၈ မိုင်ခန့် အကွာမှာ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ်။
#Yangon_Media_Group
Page 1066 of 1843