Published 15 February 2024

  မွန်ပြည်နယ်၊ သထုံမြို့ ၁၃၄/၇မိုင်ဘီးလင်း-ကျိုက်ကော်လမ်းပိုင်း မိုးကောင်းအနီးတွင် တွဲကား နဲ့ probox  ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

  ဖေဖေါ်ဝါရီ ၁၅ ရက် နံနက် ၁၀နာရီ ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး အဆိုပါယာဉ် တိုက်မှု ကြောင့်​ေ-သ ဆုံးသူ ၇ဦးရှိကြောင်း သိရသည်။

 "" probox ယာဉ်ပေါ်ပါတဲ့ အမျိုးသား ၅ဦး အမျိုးသမီး ၂ဦး  ​ေ-သ ဆုံးတာ probox ကားကတိုက်မိတဲ့ အရှိန် နဲ့ အထဲက လူတွေ ညှပ် သွားတာ မနည်း ဆွဲ ထုတ်ရတယ်""ဟု လူမူကူညီရေးအသင်းမှတာဝန်ရှိသူ တစ်ဦးကပြောသည်။

 အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ(ဘီးလင်း၊ကျိုက်ကော် ရှာကယ်အဖွဲ့များ) မိုးကောင်းRescueအဖွဲ့၊ပီတိနှလုံးသားRescueအဖွဲ့ တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group