#Health_Matters
Published_ 17 June 2023
- ကပ်ရောဂါဆိုးဟာ ယခုလက်ရှိဖြစ်နေတဲ့ကိုဗစ်နှင့် အရင်ဖြစ်ခဲ့တာတွေထက် ပိုဆိုးမယ်လို့ပြောနေကြပါတယ်။ ဘယ်လောက် အထိဆိုးနိုင်သလဲဆရာ ...??
#Health_Matters #အမည်မသိအမျိုးမသိကပ်ရောဂါဆိုး #ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 17 June 2023
၁။ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ အခမ်း အနားရန်ကုန်မြို့ ၌ကျင်းမည်
၂။ မြန်မာနိုင်ငံတွင် ဆိုက်ဘာပြစ်မှုများအဖြစ် အွန်လိုင်းမှ အသရေဖျက်မှု (၂၄၈၅)မှု၊ လိမ်လည်မှု(၅၂၆)မှု ဖြစ်ပွားခဲ့
၃။ မိုးရာသီတွင် ပြည်တွင်းဘုရားဖူးခရီးစဉ်များအဖြစ် ပုဂံ၊ တောင်ကြီး၊ အင်းလေးသို့ သွားလာသူအများဆုံးဖြစ်ဟု ဆို
၄။ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် စပိန်စားသောက်ဆိုင်အား ပြတိုက်အဖြစ် ပြန်လည်ဖွင့်လှစ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 17 June 2023
- နောက်လာနိုင်တဲ့ ကပ်ရောဂါဆိုးက ဘယ်လိုပုံစံမျိုးဖြစ်နိုင်သလဲဆရာ ...??
#Health_Matters #အမည်မသိအမျိုးမသိကပ်ရောဂါဆိုး #ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရန်ကုန်တိုင်းေးသကြီး ၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာအတွင်း အိမ်အကူအမျိုးသမီး တစ်ဦး အသတ်ခံခဲ့ရသည့် အမှုတွင် အိမ်ဆေးသုတ်အလုပ်သမားတစ်ဦးကို သံသယဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် FMI Orchid O-Lot တွင် အဆိုပါ အိမ်အကူအမျိုးသမီးမှာ ဦးခေါင်းကို တူဖြင့် ထု၍ အသတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
အဆိုပါ သံသယ ကြောင့် အဖမ်းခံထားရသူမှာ အိမ်အကူ အလုပ်လုပ်နေသော အိမ်၌ ဆေးသုတ်အလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊အိမ်အကူအမျိုးသမီး သေဆုံးသည့်နေ့က ယင်းအမျိုးသားမှာ အခင်းဖြစ်ရာနေအိမ်သို့ ရောက်ရှိခဲ့သည်ဆိုသည့် အထောက်အားများဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
အိမ်အကူအမျိုးသမီး သေဆုံးခဲ့သည့် နေအိမ်တွင် ပစ္စည်းများလည်း ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ၊လက်ရှိတွင် ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရခိုင်ပြည်နယ်တွင် တစ်နေ့တည်း မိုးကြိုးပစ်ခံရ၍ လယ်သမား ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့မှု ဇွန်လ ၁၆ ရက်က ဖြစ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဇွန်လ ၁၆ ရက် ၊ ညနေ ၃ နာရီခန့်က ပုပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာတွင် ကျေးရွာမြောက်ဘက်ရှိလယ်ကွင်းတွင်ကန်သင်းဆည်နေသူ ဒေါ်ခိုင်ဇာနည်ဝင်းအသက်(၂၉)နှစ် နှင့်သူ၏မတ်တော်စပ်သူ ကိုအောင်သိန်းချေ(၁၉)နှစ်မှာ မိုးကြိုးထိမှန်၍သေဆုံးခဲ့ကြောင်း၊အလားတူ ပုဏ္ဏားကျွန်း၊ ဝမ်းတီးကျေး ရွာမှ အသက်(၂၇)နှစ်အရွယ် ကိုလုံးချေမှာ မွန်းလွဲ၂နာရီကျော်ခန့်က လယ်ထွန်သွားစဉ် မိုးကြိုးထိမှန်၍သေဆုံးသွားခဲ့ကြောင်း၊ထို့အပြင် မြောက်ဦးမြို့နယ်၊ သူငယ်တော်ကျေးရွာမှ အသက်(၄၃)နှစ်အရွယ် ဦးအေးသိန်းထွန်းမှာညနေ၄နာရီအချိန်က အငှားလုပ်ကိုင်နေသည့်လယ်ကွင်းအတွင်း ဂဏန်းနှိုက်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကျောက်တော်မြို့နယ်၊အောင်ဇေယျကျေးရွာမှ ဒေါ်ရွှေမြစိန်(၄၃)နှစ်မှာ လယ်လုပ်ငန်းလုပ်ကိုင်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန်၍ ဘယ်ဘက်နားရွက်၊ ပေါင်နှစ်ဘက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် မိုးကြိုးပစ်ခံရ၍သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီး တွင် အိမ်ခြေမဲ့တစ်ဦးသေဆုံးနေမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ကသိရသည်။
သေဆုံးသူမှာ အသက်(၅၀) ခန့်အရွယ်အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီး ယင်းကို ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"သူကသာကေတမြို့နယ်ထဲမှာ သွားလာနေတာတွေ့တယ်။အများအားဖြင့် ၆ ရပ်ကွက်ထဲမှာ သွားလာနေတယ်။
သူများပေးတာ စားတယ်။ အအေးမိပြီး ဆုံးတာ ဖြစ်နိုင်တယ်။သက်ဆိုင်ရာက ပြင်ပဒဏ်ရာ မရှိတာကို အတည်ပြုပြီး ဓမ္မာတာအတိုင်းသေဆုံးတာမို့လို့ ကျွန်တော်တို့က မြေပြင်လိုအပ်တာ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး စံပြဆေးရုံကို ပို့ခဲ့ကြတာပါ”ဟု အဆိုပါအဖွဲ့ မှ လိုက်ပါကူညီသူက ပြောသည်။
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 17 June 2023
မလေးရှားနေ မြန်မာတစ်ဦး ကြွက်သေးစွန့်ထားသည့်ဟင်းကို စားမိ၍ သေဆုံးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။
သေဆုံးသူ ဦးစိုးသန်းမှာ အသက်၅၄ အရွယ်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၇) ရပ်ကွက်၊ရသာရုံလမ်း က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်သူ ဖြစ်ကြောင်းသိရသည်။
"အစားအစာတွေကိုစားသုံးပြီးရင် သေသေချာချာအုပ်ထားကြပါ။ အကယ်၍ ကြွက်ဖြတ်သွားတဲ့အခါ ကြွက်သွေးစွန်းခဲ့တဲ့ဟင်းကိုစားမိရင် သေနိုင်ပါတယ်။ ဆေးကုလို့မရပါ"ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သတိပေး ရေးသားထားသည်။
သေဆုံးသူ၏နောက်ဆုံးခရီးကို ဇွန်လ ၁၆ရက် မွန်းလွဲ ပိုင်းက Hindu Crematorium Seremban သုဿန်သို့ ကွယ်လွန်သူ၏မိတ်ဆွေသူငယ်ချင်းများနှင့်အတူ နှလုံးလှပရဟိတအဖွဲ့မှကုသိုလ်ယူသင်္ဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group
Page 1054 of 2047