Published 28 November 2023
ဒီဇင်ဘာလထဲတွင်လည်း လေဖိအားနည်းရပ်ဝန်းနှစ်ခုဖြစ်ပေါ်ကာ (၁)ကြိမ်တွင်အားပိုကောင်းနိုင်ပြီး မုန်တိုင်းငယ်အထိဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
မိုးရွာသွန်းရက်အဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၇)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သေးသည်ဟုဆိုသည်။
မြူကျဆင်းမှု အခြေအနေအဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် မြူကျရက်(၁၆)ရက်မှ (၂၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၅)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သည်ဟုဖော်ပြပါရှိသည်။
ယင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group

နှမ်းဈေးကွက်အနေထားအရ ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် ကုန်သည်တွေမှ ၀ယ်ယူလိုမှုရှိပေမယ့် တောင်သူတွေအနေနဲ့ ရောင်းချမှုမရှိဘူးလို့ မကွေးတိုင်းတောင်သူဖွံဖြိုးရေး အဖွဲထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
လက်မှုပညာတတ် တိုင်းရင်းသားများပြည်ပတွင် ရွေ့ပြောင်းလုပ်သားများဖြစ်နေ၍ လုပ်သားရှားပါးမှု ပြဿနာရှိလာနိုင်
"အရင်က လက်မှုပညာသင်ပေးထားတဲ့ တိုင်းရင်းသားလူငယ်တွေကလည်း ပြည်ပမှာလုပ်ခလစာ မြင့်စွာ အလုပ်လုပ်နေပြီဖြစ်တဲ့အတွက် ပြည်တွင်းကိုပြန်လာပြီး လစာနည်းနည်းပြန်လုပ်တော့မှာ မဟုတ်လို့ နောင်တစ်ချိန်မှာလုပ်သားရှားပါးမှု ပြဿနာတွေ ရင်ဆိုင်ရနိုင်ခြေရှိတယ်" မြန်မာနိုင်ငံလက်မှုအနုပညာအသင်း ဥက္ကဌ ဦးသာဓု
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၀၂၃ -၂၀၂၄ ကြံကြိတ်ခွဲရာသီအတွင်း ဗီယက်နမ်သို့ မြန်မာ့သကြားဖြူ တန်ချိန်တစ်သိန်းဝန်းကျင်နဲ့ အဓိကတင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
မူဆယ် ၁၀၅မိုင်အနီးရှိ ဒေသခံပြည်သူများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ လူမှုကူညီရေးအသင်းတွေ စီစဉ်ဆောင်ရွက်နေဟုဆို
မူဆယ် ၁၀၅မိုင်အနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့နဲ့ နေထိုင်နိုင်ဖို့အတွက် မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းတွေက ကြိုတင်စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
Yangon_Times/
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်တွင် အဖြစ်များနေသည့် အသက်ရူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုနှင့် နမိုးရီးယားအဆုတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်ရန်လို
"အေးတဲ့အချိန်တွေမှာ ကလေးငယ်တွေ အအေးပတ်တာ၊ ချောင်းဆိုး၊ ဖျားနာတာတွေ အဖြစ်များလေ့ရှိပြီး ဆောင်းတုပ်ကွေးနဲ့ နမိုးရီးယား အဆုတ်ရောင် ရောဂါတွေဖြစ်ပွားတတ်လို့ မဖြစ်ပွားအောင်ကာကွယ်ဖို့လိုတယ်"
ဝေဘာဂီဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထား
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published-28-November-2023
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့အနီး ရှိ ဧရာဝတီမြစ်အတွင်း (၁၇)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ရာ ယနေ့ နိုဝင်ဘာ (၂၈)နံနက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)ထံကသိရသည်။
အဆိုပါ ရေနစ်သည့်လူငယ်မှာ နိုဝင်ဘာ (၂၇)ရက် မွန်လွှဲပိုင်းအချိန်က ဧရာဝတီ မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"" မနေ့က ညနေကတည်းက ရေငုတ်ရှာဖွေရေး လုပ်ငန်းတွေစလုပ်တယ် ညပိုင်းအထိရှာတာမတွေ့ဘူး အခုမနက် ဆက်ပြီးရှာတော့ မှ တွေ့တယ်""ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ရေနစ်ပျောက်ဆုံးသူ အလောင်းကို ယမန်နေ့က ညနေ(၄)နာရီ အချိန်ခန့်ကစတင်ရှာဖွေခဲ့သော်လည်း ရေအနက်ပေ(၈၀)ခန့်ရှိခြင်း၊ ရေအောက်တွင် သဲကျင်းများ၊ဂလိုင်များ ရှိနေခြင်းတို့ကြောင့် ညအချိန်အထိ ကြိုးစားရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ယနေ့ နံနက်ပိုင်းမှသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group

Page 1053 of 2320