#Local_News
Published_ 10 May 2023
တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများ လိုင်စင်လျှောက်ထားရန်လိုအပ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မေလ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် "ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့်ရှာဖွေကာ တရားမဝင်ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရပါသည်။ မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေးအတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများလက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည်အချိန်မရွေးပြောင်းလဲသွားနိုင်ပြီး တရားမဝင်ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် တစ်လွဲအသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်းညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်မှုများ လျော့နည်းပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများမဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်းကိုင် ဆောင်ခွင့်မူနှင့်အညီ စနစ်တကျလိုင်စင်ထုတ်ပေးရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်"ဟု ဖော်ပြထားသည်။
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသည့်သေနတ်မှာ မည်သို့ ရရှိထားသည်ကိုစစ်ဆေးမေးမြန်းသွားမည်မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့်တကွ အပ်နှံလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် လက်နက်ခဲယမ်းကိုင်ဆောင် ခွင့်လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီစိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ သီးခြားထုတ်ပြန်ပေးမည့် သတ်မှတ်ကာလအတွင်းလက်နက်ခဲယမ်းအပ်နှံ၍ လိုင်စင်လျှောက်ထားခြင်းမရှိပါက ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/pl #Local_News #လက်နက်ခဲယမ်း #လိုင်စင်လျှောက်ထားရန်လိုအပ်
#Yangon_Media_Group
#Local_News
Published_ 10 May 2023
PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်းရောက်ရှိနေသူများ၊ ဥပဒေပြင်ပရှိ၊ အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆုကြေးထုတ်၍ ဖိတ်ခေါ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်လိုက်သည်။
ဥပဒေဘောင်အတွင်းဝင်ရောက်လာပါက လိုအပ်သည့်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်၊ခဲယမ်းပါရှိလာသူများအားဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဆုငွေများမှာ ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅၀) သိန်း၊ ပစ္စတိုအုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၂၀) သိန်း၊ပြောင်းချောသေနတ် (၁) လက်ပါရှိပါက ကျပ် (၃၀) သိန်း၊စိန်ပြောင်း၊ လောင်ချာ၊ အာဝီဂျီကဲ့သို့သော လက်နက်များ(၁)လက်ပါရှိပါက ကျပ် (၇၅)သိန်း၊လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅) သိန်း၊လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ကျပ် (၃) သိန်း၊လက်နက်ခဲယမ်းမှအပအခြားအသုံးအဆောင်ပစ္စည်းများ (ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ် (၂) သိန်း။ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စင်းပါရှိပါက ကျပ် (၅၀) သိန်း ဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ပါကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/pl #Local_News #PDF #ဆုကြေးထုတ်၍ဖိတ်ခေါ်
#YMG #Yangon_Media_Group
#Local_News
Published_ 10 May 2023
မေလ(၉)ရက်တွင် 32nd SEA Games ပြိုင်ပွဲ အမျိုးသမီးဘောလုံးအုပ်စုပွဲစဉ်၌ မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားကို မြန်မာအမျိုးသမီးဘောလုံးအသင်းမှ (၅)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်၊၊
မြန်မာအမျိုးသမီးဘောလုံးအသင်းမှ အုပ်စုပွဲစဉ်များတွင် မလေးရှားကို ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည့်အတွက် ဆီမီးဖိုင်နယ်Semifinal ကို တက်ရောက်သွားပြီဟုဆိုသည်၊၊
ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အုပ်စုAတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဖိလစ်ပိုင်ကို တစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရထားပြီး ဗီယက်နမ်ကို သုံးဂိုး-တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကာ မလေးရှားကို ငါးဂိုး-တစ်ဂိုးဖြင့်အနိုင်ရပြီး အုပ်စုAတွင် ဗီယက်နမ်အသင်းနှင့်အတူ ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားပြီး အုပ်စုBမှ ထိုင်းနှင့်အိမ်ရှင်ကမ္ဘောဒီးယားတို့နှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #မလေးရှား #မြန်မာအမျိုးသမီးဘောလုံးအသင်း #ဆီမီးဖိုင်နယ်တက်ပြီ
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
လတ်တလောကျောင်းအပ်လက်ခံချိန်မှာ ဘုန်းတော်ကြီးစာသင်ကျောင်းအချို့၌ ကျောင်းလာအပ်သူ ပိုများလာတယ်လို့ YGWဘုန်းတော်ကြီးသင်စာသင်ကျောင်းမှ သိရပါတယ်၊၊
#Local_News #ဘုန်းတော်ကြီးသင်စာသင်ကျောင်း #ကျောင်းလာအပ်သူပိုများ
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၉ ရက်နေ့ မနက်ပိုင်းဈေးနှုန်းများအရ တစ်အောင်စကို ၂၀၂၃ ဒေါ်လာပေါက်ဈေးနဲ့ဈေးဖွင့်လာပါတယ်။ ပြင်ပရွှေပေါက်ဈေးကတော့ ၂၉သိန်းကျော်ကနေ လက်ရှိမှာ သိန်း၃၀ကျော် အထိ ဈေးခုန်လာပြီး ဈေးမတည်ငြိမ်တဲ့အခြေအနေမှာရှိနေတယ်လို့ ရန်ကုန်တိုင်းအတွင်းက ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဒေါ်လာပေါက်ဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
စက်သုံးဆီဈေးမှာနှုန်းထား ယခင်လကထက်နှစ်ရာကျပ်ကျော်အထိသို့ ကျဆင်းခဲ့ပြီး လက်ရှိမှာဈေးပြန်တက်လာကာ ၉၂ တစ်လီတာလျှင် ၁၉၀၀ ဝန်းကျင်ကို ရောက်ရှိလာကြောင်း ယနေ့ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေးနှုန်း #ဈေးပြန်တက်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကောက်ပဲသီးနှံများ၊ ကုန်ကြမ်းပစ္စည်းများနဲ့ထုတ်လုပ်ပြီး ကုန်ချောများပျက်စီးထိခိုက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ထပ်ဆင့်အသိပေးတိုက်တွန်းထားပါတယ်။
#Local_News #ကောက်ပဲသီးနှံများပျက်စီးထိခိုက်မှုမရှိရေး #ကုန်သည်စက်မှုအသင်းချုပ်ထပ်ဆင့်အသိပေး#YMG #Yangon_Media_Group
Page 1052 of 1977