#Local_News
Published-11 May 2023
လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် အပစ်ခံရ၍ အရပ်သား၅ ဦး သေ၊ ၁ ဦး ဒဏ်ရာရပြီး လူနေအိမ် ၇လုံး မီးလောင်မှု ရွှေဘိုမြို့နယ်အတွင်း မေလ ၉ ရက် နံနက် ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF များက ကျေးရွာအနီး မူးဘောင်လမ်းမှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီး၍ အရပ်သားပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကောင်းထက်ဇင်၏ နေအိမ်ပါ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ရွာခံအရပ်သား အမျိုးသား ၅ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၁ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ကျောက်လုံးကြီး (KLG) PDF က ဇီးဖြူကုန်းရွာကို KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်းဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF၊ Spring Guerrilla Platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ်ညီနောင်များက ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနှင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
#ymg/pl #Local_News #လက်လုပ်စိန်ပြောင်း #လူနေအိမ် ၇လုံး မီးလောင်
#YMG #Yangon_Media_Group
#Local_News
Published_ 11 May 2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာရှိ ရွှေနန်းခိုင်ကျောင်း၌ တစ်ပါးတည်း သတင်းသုံးနေထိုင်သောဆရာတော်ကြီးတစ်ပါးအား ဓားဖြင့်ခုတ်၍ ဖုန်းနှင့် ငွေလုယူသွားသူများကို ဖမ်းမိပြီဖြစ်ကြောင်း ဂွမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
"ဖမ်းမိပြီ၊ ဟုတ်တယ်၊ မေလ ၆ ရက်နေ့ကပဲ၊ ဆရာတော်ကို အဲလိုလုပ်သွားတဲ့သူတွေက ဂွမြို့ ကပဲ၊ လက်ရှိကတော့ ဂွမြို့မြို့မရပ်ကွက်ကပြူးကျယ်နဲ့ နောက် ၂ ယောက်ကိုမိထားတယ်။ဒါပေမဲ့ ဒီကိစ္စကို ဦးဆောင်တဲ့ အဓိက လူကတော့ ထွက်ပြေးနေတယ်။ သူ့နာမည်က မြင့်ဇော်တဲ့၊လူငယ်လိုပဲ ပြောရမှာပေါ့။ အသက် ၃၀ နဲ့ ၃၀ ကျော် အရွယ်တွေက ဒါကို ကျူးလွန်ကြတာ"ဟု အဆိုပါ နီးစပ်သူတစ်ဦးက ပြောသည်။
ဆရာတော်မှာ ရွှေနန်းခိုင်ဘုရားတောင်ပေါ်၌ တစ်ပါးတည်းသတင်းသုံးနေသည့် သက်တော် ၈၄ နှစ်၊ ဝါတော် ၂၅ ဝါရှိသည့် ဦးကဝိန္ဒ(ခေါ်) ရွှေနန်းခိုင်ဆရာတော် ဖြစ်ပြီး မေလ ၂ ရက်၊ နံနက် ၃ နာရီခန့်တွင် ဦးခေါင်းကို ဓားဖြင့်ခုတ်ခံရကာ ငွေကျပ် ၁၅ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံး လုယူခံခဲ့ရခြင်းဖြစ်သည်။
ဆရာတော်ကြီးဒဏ်ရာမှာ ပြင်းထန်သောကြောင့် ဂွမြို့ပြည်သူ့ဆေးရုံက သံတွဲပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသနေရခြင်းဖြစ်ပြီး ယခုအခါ သက်သာလာပြီဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #ဆရာတော်တစ်ပါးအားဓားဖြင့်ခုတ်
#YMG #Yangon_Media_Group
#Local_News
Published_ 10 May 2023
ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရမိတဲ့မြွေများကို မင်္ဂလာဒုံမြိုနယ်၊ စိတ္တသုခတပ်ဦးကျောင်းတိုက်မှာ Snake Rescue Center ပြုလုပ်ထားရှိမှာဖြစ်ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဒေါ်ရွှေလတ်က YMG ကို ပြောပါတယ်။
#Local_News #ရန်ကုန်တိုင်း #ဖမ်းဆီးရမိသည့်မြွေများ #Snake Rescue Center
#YMG #Yangon_Media_Group
#Local_News
Published_ 10 May 2023
၂၀၂၃ ခုနှစ်ဧပြီလအတွင်းမှာ ဆန်နဲ့ဆန်ကွဲတန်ချိန် ၈၇၀၀၀ကျော် တင်ပို့ထားနိုင်တယ်လို့ ဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News #ဆန်နဲ့ဆန်ကွဲ #ယခုနှစ်ဧပြီလ
#YMG #Yangon_Media_Group
#Local_News
Published_ 10May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၀ ရက် စာရင်းအရ ပြည်တွင်း၌ ဓာတ်ခွဲနမူနာ ၁၀၈၅၆ ဦးတွင် ကိုဗစ်(၁၉)လူနာသစ် ၂၁၁ ဦး ထပ်မံတွေ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁ဒသမ ၉၄ ရာခိုင်နူန်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News #ကိုဗစ်လူနာသစ် ၂၁၁ ဦးထပ်တိုး #ထုတ်ပြန်ချက်အရတွေ့ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 10 May 2023
ရေကြီးရေလျှံဖြစ်ချိန်နဲ့ သဘာဝဘေးကြုံတွေ့ရချိန်တွေမှာနေအိမ်တွေရှိ(၅)ဂါလန်ဆံ့ ပလပ်စတစ်ပုံးတွေနဲ့ ရေသန့်ဗူးလွတ်တွေဟာ အသုံးဝင်တဲ့အတွက် နေအိမ်တွေမှာအသင့်ဆောင်ထားသင့်တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်၊၊
#Local_News #ပလတ်စတစ်ပုံး #ရေသန့်ဗူးလွတ် #သဘာဝဘေးကြုံချိန်
#YMG #Yangon_Media_Group
#Daily_News
Published_ 10 May 2023
၁။ (၅)ဂါလန်ဆံ့ ပလတ်စတစ်ပုံးနှင့် ရေသန့်ဗူးလွတ်များသည် သဘာဝဘေးကြုံချိန်တွင်အသုံးဝင်၍ အသင့်ဆောင်ထားသင့်ဟုဆို
၂။ မြန်မာတွင် မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်လူနာသစ် ၂၁၁ ဦးထပ်တိုးတွေ့ရှိ
၃။ ယခုနှစ်ဧပြီလမှာ ဆန်နဲ့ဆန်ကွဲတန်ချိန် ၈၇၀၀၀ ကျော်တင်ပို့နိုင်
၄။ ဟောင်ကောင်ဝါးငြမ်းဆောက်လုပ်ရေးကို ရှေးဟောင်းနည်းပညာဖြင့်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1050 of 1977