20 February 2024

ကရင်ပြည်နယ် "ယှးယံင့်ဝဝ်အွာ"ဇာတ်သဘင်အဖွဲ့ကိုတင်ဆောင်လာသည့်ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်သွားသည့်အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှအဆိုပါဇာတ်သဘင်အဖွဲ့ကိုကနဦးထောက်ပံ့‌ငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများအတွက်  (၁) ဦးလျှင် (၅) သိန်းကျပ်ထိခိုက်ဒဏ်ရာရရှိသူများအတွက်  (၁) ဦးလျှင် (၃) သိန်းကျပ်စီကိုမြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှကနဦး ထောက်ပံ့လှူဒါန်းမည်ဖြစ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီလ(၁၉)ရက်၊မနက်(၁၀)နာရီ၊၃၀မိနစ်တွင်ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ) ဘက်ခြမ်းတွင်`ယှးယံင့်ဝဝ်အွာ 'အဖွဲ့ ကရင်ဇာတ်သဘင်ကားချောက်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇာတ်ကားတိမ်းမှောက်မှုကြောင့် လူ (၁)ဦးသေဆုံး ၊လူ (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်ပြည်နယ်
ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်း
သိရသည်။

ကရင်ပြည်နယ် သဘင်အစည်းအရုံးဝင်“ယှးယံင့်ဝဝ်အွာဇာတ်သဘင်” အဖွဲ့ဇာတ်ကားတိမ်းမှောက်သွား၍မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) နှင့် ချိတ်ဆက်ကာကရင်ပြည်နယ် သဘင်အမှုဆောင်များမှဘားအံပြည်သူ့ဆေးရုံကြီးတွင်
ရောက်ရှိကာ ဝိုင်းဝန်းကူညီနေကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group