#Local_News
Published_ 19 February 2024


မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ လ(၁၉)ရက်တွင်  နိုင်ငံခြားငွေကြေးဈေးကွက်အတွက် အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေး‌ကြောင်းဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်တုန်းကလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ(၈)သန်းနှင့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်းအမေရိကန်ဒေါ်လာ(၅.၃၈)သန်းထုတ်ရောင်းချပေးထား‌ေကြာင်း ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။

 

သွင်းကုန်လုပ်ငန်းရှင်တွေအနေဖြင့် နိုင်ငံခြားငွေဝယ်ယူရေးတွင် အခက်အခဲ‌များအထိုက် အလျောက်ဖြေရှင်း ပေးနိုင်ရန်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ‌ ရော၊ ထိုင်းဘတ်ငွေနှင့်တရုတ်ယွမ်‌ငွေတွေပါရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #ထိုင်းဘတ်သန်း(၂၀၀)ထပ်မံရောင်းချ #ဒေါ်လာ(၂၁.၃၈)သန်းရောင်းပေး #tthl #Yamgon_Times