ဖွဲနုဆီ တစ်နှစ်လျှင် တန်ချိန်(၁၅၃၀၀)ထုတ်လုပ်နိုင်မည့် စက်ရုံဆောက်နေ
အခုစတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဖွဲနုဆီကြမ်း၊ ဆီချောနဲ့စားသုံးဆီထုတ်လုပ်ရေးစက်ရုံဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဖွဲနုဆီဆီကြမ်းနှင့် ဆီချော(Refinery) ပါဝင်တဲ့စက်ရုံဖြစ်ပြီး တစ်နှစ်လျှင် ဆီကြမ်း တန်ချိန်(၉၀၀၀)၊ ဆီချောတန်ချိန်(၆၃၀၀)ခန့် စုစု ပေါင်းဖွဲနုဆီ တန်ချိန် (၁၅၃၀၀)ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ အိုအေစစ်လို့ တင်စားခေါ်ဝေါ်တဲ့ ပုပ္ပါးတောင်မကြီးပေါ် သန့်ရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး အမှိုက်ကောက်ကမ်ပိန်းတစ်ခုကိုဖေဖေါ်ဝါရီ ၁၈ရက်တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားပြီး ပါဝင်ဖို့ ဆက်သွယ်လာသူတွေက သတ်မှတ်ထားတဲ့ ဦးရေထက် ပိုများပါတယ်။
Yangon Times/LW
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ထိန်းညှိဆောင်ရွက်နိုင်ဖို့ ၂၀၂၃_၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ဖေဖော်ဝါရီ၊မတ်နဲ့ ဧပြီလတွေမှာ တစ်လကို တန်ချိန်တစ်သိန်းခွဲနဲ့ ပျှမ်းမျှစုစုပေါင်းတန်ချိန် လေးသိန်းခွဲအထိ တင်ပို့သွားဖို့ လျာထားတယ် ဆန်ကွဲ၊ ပေါင်းဆန်နဲ့ တန်းမြင့်ဆန် (၅ မှတ်ဆန်) တွေကိုသာ ဦးစားပေး တင်ပို့သွားမယ်၊ ' မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) '
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်တင်စွန်းဘုရားပွဲတော်မတ်လတွင်ကျင်းပမည်၊EVဖြင့်ပါလာရောက်ကြ
"မော်တင်စွန်းဘုရားကို တစ်နှစ်ပတ်လုံးဖွင့်ထားတာဖြစ်ပြီး လမ်းသစ်တည်ဆောက်ထားတဲ့အတွက်လည်း သွားလာရေးတွေ လွယ်ကူအဆင်ပြေနေသလို လျှပ်စစ်မီးလည်းရလို့ ဟိုတယ်၊ တည်းခိုခန်းနဲ့ EVကားတွေအတွက်လည်း အဆင်ပြေတယ်။ ဘုရားပွဲက တပေါင်းလဆန်း(၁)ရက်နေ့ကနေစတင်ကျင်းပမယ်" ပပဝတီResortမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 9 February 2024
နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှသိရသည်။
အဆိုပါပြပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူစားသုံးနိုင်မည်ဖြစ်ကာ ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်သည့်အတွက် မည်သူမဆို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ လွတ်လပ်စွာ လာရောက်လေ့လာ ဝယ်ယူစားသုံးနိုင်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်အိမ်ရာရှေ့တွင် ကားနှစ်စီးတို-က်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ကားခေါင်းခန်းထဲ ည-ပ်နေသဖြင့် ကယ်ထုတ်ခဲ့ရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၈)ရက်၊ ညနေ (၅)နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်ရှေ့တွင် ကားနှစ်စီး တို-က်မိမှုဖြစ်ပွားရာ ကားခေါင်းခန်းထဲ ည-ပ်နေသည့် အမျိုးသား တစ်ဦးကိုာင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီ ကူညီထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူနာ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦးတို့အား ပုလဲအရန်မီးသတ် လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာ၊ မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published_ 9 February 2024
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၈ ရက် နံနက် ၆ နာရီခန့်က ဇရပ်ကြီးမြို့အရှေ့ဘက် အခြမ်းတွင် လုံခြုံရေးအဖွဲ့များက ရှင်းလင်း မှုများ ဆောင်ရွက်ခဲ့ရာ ကားလမ်းဘေးနေရာ တစ်ခု၌ လမ်းဘေး ထိုးကျ ပျက်စီးနေသည့် အလင်းစေ တမန် ပရဟိတ အသင်းလူနာသယ် ယာဉ်တစ်စီးကို တွေ့ရှိခဲ့သောကြောင့် ယာဉ်ကို ရှင်းလင်းခဲ့ရာ ယာဉ်ပေါ် တွင် သောင်းကျန်းသူ အလောင်းအချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အချို့တို့ ကို သိမ်းဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ချိန်တည်းတွင် ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ်ဆောင် ရွက်ခဲ့ရာ သောင်းကျန်းသူများ ခိုအောင်းခဲ့ပြီးတပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ကားလမ်း ဘေးအဆောက်အဦအတွင်း သောင်းကျန်းသူအလောင်းအချို့နှင့်အတူ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း ၊အ လောင်းများမှာ ပုံဖြင့်ဖော်ပြရန်မသင့်တော်တော့သည့် အခြေအနေ ဖြစ်နေကြောင်းလည်း အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
KNLA အဖွဲ့နှင့် PDF များအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ် အကြောင်းပြ၍ အကြမ်းဖက်လုပ်ငန်းများ လုပ် ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများအား သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားခဲ့သေးသည်။
အကြမ်းဖက်များက ဇရပ်ကြီးဒေသ ဖွံ့ဖြိုးရေးအတွက် အထူးအရေးပါသည့် ကျွဲပွဲ - ဇရပ်ကြီးသွား ကားလမ်းပေါ် ရှိ အရှည် ၁၂၀၀ ပေ ရှိ စစ်တောင်းမြစ်ကူးသံကူကွန်ကရစ် အမျိုးအစား မြို့ဆိုးတံတားကို လည်း ဖေဖော်ဝါရီလ ၇ ရက် နံနက် ၄ နာရီခွဲ အချိန်က အဆိုပါ အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖျက်ဆီးခြင်းမှာ ဇရပ်ကြီးမြို့အတွင်းရှိ တပ်မတော်စစ်ကူစစ်ကြောင်းများ အချိန်မီ မရောက်ရှိစေရေး အ တွက် ဖျက်ဆီးခြင်းဖြစ်ပြီး တံတားလုံခြုံရေးတပ်ဖွဲ့ဝင် များအား အင်အားသုံးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ကြောင်း သိရသည်။
သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူပေးမှုတို့ကြောင့် အထိနာစွာ ဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိဒေသခံများ၏နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည့်အတွက် မကျေနပ်သည့် ဒေသခံပြည်သူအချို့က မှတ်တမ်းဓာတ်ပုံများ ရိုက် ကူးပေးပို့လာ ကြောင်းလည်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇရပ်ကြီးမြို့အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်း များကို အသေးစိတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းကို ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ် မတော်မှ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ ပြန်လည် တွန်း လှန် တိုက်ထုတ်ခဲ့ ကြောင်း လည်း နစက အနေဖြင့် ထုတ်ပြန်ခဲ့သေးသည်။
Yangon Times/PP
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group







Page 922 of 2321