ကရင်ပြည်နယ်အပါအဝင် ပြည်နယ်လေးခုအား အရေးပေါ်အခြေအနေသတ် မှတ်၍ အကူအညီများပေးနေဟု UNHCR ထုတ်ပြန်
နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဖြစ်ပွားမှုတွေကြောင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီလိုအပ်ချက်ဟာ မြင့်တက်နေ
Yangon_Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
ဟိုပင်ရှိ မြေနိမ့်ပိုင်း နေအိမ်အချို့ရေနစ်မြုပ်
‘တောင်ကျချောင်းရေလျှံတဲ့အတွက် မြေနိမ့်ပိုင်းရှိ နေအိမ်တွေကိုရေတွေဝင်ရောက်ပြီး လည်ပင်းလောက် အထိနစ်မြုပ်ခံတဲ့အတွက် ဟိုပင်နယ်မြေမီးသတ်အဖွဲတွေ၊ လူမှုကူညီရေးအဖွဲ့တွေက ကူညီပြီးတော့ ပြောင်းရွေ့ပေးခဲ့ရတယ်’ လူမှုကူညီရေးအဖွဲ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိမှုများ ဖန်တီးပေးနိုင်ခဲ့ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ မှသိရသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ ဇူလိုင် (၂၆)ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး၏ ရင်းနှီးမြှပ်နှံမှု မတည်ငွေပမာဏ ကျပ် ၅၉၇၀ ဒဿမ ၂၃၉ သန်းဖြစ်သည့် ဟိုတယ်တစ်ခုကိုခွင့်ပြုပေးခဲ့ရာ၊ လုပ်သားပေါင်း ၆၁၇ ဦးကို အလုပ်အကိုင် ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁,၈၀၂) ဦး တိုးမြှင့်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၁)ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၅)ခု၏ တင်ပြချက်များကို တိုင်းဒေသကြီးအစိုးရ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌတို့ ဆက်လက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
Yangon Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Published_ 27 July 2023
အကြမ်းဖက်သမားများက စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးအပါအဝင် ခုနစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားမှုအ ပေါ် ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချကြောင်း အဖွဲ့အစည်း (၁၇)ဖွဲ့ က သဘော ထား ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇူလိုင် (၂၀)ရက်က တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ် ၎င်း၏သားဖြစ်သူအပါအဝင် ဆရာ ဆရာမ ငါးဦး စုစုပေါင်းခုနစ်ဦးတို့အား အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့အပြင် ဇူလိုင် (၂၂) ရက်တွင်လည်း အဆိုပါကျောင်းရှိ စိုက်ပျိုးရေး ပညာရပ်များ လာရောက်သင်ကြားပို့ချပေးနေသည့် လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအား အကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
အကြမ်းသမားများ၏ ယင်းလုပ်ရပ်အပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)အပါအဝင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာ နိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)နှင့် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။
Yangon Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Published_ 27 July 2023
အာဆီယံဒေသတွင်းနိုင်ငံများပူးပေါင်း၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ပတ်သက်၍အာဆီယံဒေသတွင်း ကွန်ယက်တစ်ခု တည်ထောင်ပြီး အတွေ့အကြုံနှင့်အကြံဉာဏ်များဖလှယ်ပြီးဆောင်ရွက်သွားရန် မြန်မာနိုင်ငံမှ ထောက်ခံဆွေးနွေးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် ‘အရှေ့တောင်အာရှရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ’အာဆီယံပညာရေးဝန်ကြီးများစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးက ‘ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပညာရေးသည်ကလေးငယ်များ၏ သိမြင်ခံစားမှု စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသဖြင့် အနာဂတ်ပညာသင်ယူတတ်မြောက်မှုများစွာအထောက်အကူပြုနိုင်ကြောင်း၊ သို့ဖြစ်၍ အာဆီယံဒေသတွင်းကွန်ယက်တစ်ခုတည်ထောင်ကာ အတွေ့အကြုံများ၊အကြံဉာဏ်များ ဖလှယ်ရန် ထောက်ခံကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံအချင်းချင်းအတွေ့အကြုံများ၊အကြံဉာဏ်များ ဖလှယ်လျက်ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အချင်းအသွေးရှိသောရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အနာဂတ်ကလေးတိုင်း လက်ခံရရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ ကြေညာချက်ကိုထုတ်ပြန်အတည်ပြုခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 27 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မာလာ မြိုင်မှတ်တိုင်တွင် ယနေ့နံနက်က YBS ကားမီးလောင်မှုဖြစ်ခဲ့ပြီး ကားတစ်စီးလုံးနီးပါး ထိခိုက်ပျက်စီးမှုဖြစ်ခဲ့သော်လည်း လူထိခိုက် မှု တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း အနာဂတ် အလင်းတန်းပရဟိတအသင်း တာဝန်ရှိသူကပြောကြားသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၇ ရက် နံနက် ၉နာရီ ၅၀မိနစ်အချိန်ခန့်က ဝါယာရှော့ဖြစ်၍ ကားအနောက်အင်ဂျင်ခန်း အပိုင်းမှ မီးခိုး၊ မီးစများထွက်လာ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရသည်။
" မြို့ထဲကနေ လှည်းတန်းဘက်အသွား မဟာမြိုင်မှတ်တိုင် YBS ကား မှတ်တိုင်ပေါ့။.ဘေးပတ်ဝန်းကျင်ပြောပုံအရ မှတ်တိုင်မှာရပ်ချိန်မှာပေါ့ စက်နောက်ဖုံးကနေ မီးခိုးနဲ့မီးစတွေထွက်လာလို့ ဆင်းကြည့်တာနဲ့ မီးလောင်တယ်လို့သိရတယ်။
လူထိခိုက် မှု တစ်စုံတစ်ရာမှ မရှိပါဘူး"ဟု အဆိုပါပရဟိတအသင်း တာဝန်ရှိသူက ပြောကြားသည်။
မီးလောင်မှုသတင်းအရ မီးသတ်ဦးစီးဌာနတာဝန်ရှိသူများနှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းကထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 27 July 2023
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာ၌ မြန်မာနိုင်ငံသားတစ်ဦး ငါးရှာရင်း ဓါတ်လိုက်သေဆုံးမှု ယမန်နေ့ ဇူလိုင်လ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုချမ်းမွန် ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ၊ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာတွင် ပန်ရံအလုပ်လုပ်ကိုင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
ဒေသခံများက လူတစ်ဦး ရေမြောင်းဘေးတွင် သေဆုံးနေကြောင်း သတင်းပေးတိုင်ကြားချက်အရ စွမ်ဖလစ်ထိုင်းရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
အခင်းဖြစ်ပွားရာနေရာတွင် ဝါယာကြိုး၊ ပလာရာ၊ လက်နိပ်ဓါတ်မီး စသည်တို့ကို တွေ့ရှိခဲ့ကြောင်း၊ချောင်း အတွင်း ဝါယာလျှော့ရိုက်၍ ငါးရှာနေစဉ် ဓါတ်လိုက်ပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် အ မှုခင်းဆရာဝန်က လည်း ဓါတ်လိုက်ပြီး သေဆုံးသော ဖြစ်စဉ်ဟု အတည်ပြုကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Page 921 of 1973