#Local_News
Published 12 May 2024


▪️ စိုက်ပျိုးရေးဦးစီးဌာန. ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါဌာနမှသိရသည်။

 

▪️ မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ၂/၂၀၂၄ ကို ပဲခူးမြို့ရှိဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀)မိုင်သင်တန်းကျောင်း တွင် ၂၉-၅-၂၀၂၄မှ ၄-၆-၂၀၂၄ထိ တစ်ပတ်တာ သင်ကြားပေးမှာဖြစ်ကြောင်းသိရသည်။

 

▪️ အဆိုပါသင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလတွင် ဌာနမှ သင်တန်းဆောင်တွင် အခမဲ့ နေထိုင်ခွင့်ပြုမည်ဖြစ်သည်။

 

▪️ သင်တန်းတွင် စားစရိတ် သင်တန်းမှတ်စု လက်တွေ့လုပ်ငန်းဆောင်ရွက်မှုနှင့် ပြင်ပမှိုခြံလေ့လာရေးအတွက် ကို သင်တန်းသားများ က ကျခံရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ တက်ရောက်လိုသူများ အနေဖြင့် ၂၆-၅-၂၀၂၄နောက်ဆုံးထား၍စာရင်းပေးသွင်းနိုင်ကာ သင်တန်းသား ၃၀ဦး ကို သာ လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။

 

#YMG/LW #Yangon_Times