'မြန်မာနိုင်ငံအနှံ့အပြားမှာ မြန်မာ့ရိုးရာအတိုင်း မြင်းစီးပြီး ရှင်ပြုတဲ့ဓလေ့ဟာ ဒီနေ့ထိမပျောက်ပျက်ဘဲ ရှိနေကြသလို ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာလည်း မြင်းပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပတာတွေရှိပြီး မြင်းတွေကို ကြေးအလိုက် ဈေးခေါ်ပြီး အချင်းချင်းပြိုင်တာတွေလည်း ရှိတယ်၊ စီးပွားဖြစ်မွေးမြူပြီး မြင်းပြန်လည် ငှားစားသူတွေဟာ မိုးရာသီမှာ စီးပွားရေး ကျပ်တည်းလေ့ရှိပြီး ပွင့်လင်းရာသီဖြစ်တဲ့ အလှူပွဲတွေပေါများကာလဆိုရင်တော့ အလုပ်ဖြစ်တယ်
Yangon Times/NN
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ပြည်ကျွန်းတော ဆင်စခန်းမှာတော့ ကျွန်းတောအတွင်း ၁၈၅၇ ခုနှစ်က ဂျာမန်သစ်တောပညာရှင် ဒေါက်တာဘရန်းစ် စိုက်ပျိုးခဲ့တဲ့ နှစ်ပေါင်း ၁၆၀ခန့် ကြာမြင့်ပြီဖြစ်တဲ့ သက်ကြီးကျွန်းပင်ကြီးတွေနဲ့ သဘာဝအလှတရားများကို ခြေလျင်လမ်းလျှောက်၍၎င်း ၊ ဆင်စီး၍၎င်း အပန်းဖြေ ကြည့်ရှု လေ့လာနိုင်တယ်လို့ ပြည်ဆင်စခန်းမှ တာဝန်ခံလက်ထောက်မန်နေဂျာဒေါ်ရတနာမြင့်အောင် ကအခုလိုပြောပါတယ်။
Yangon Times/LW
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ရွှေတိဂုံမှာ Pagoda Digital Directory အတွက် အချက်အလက်တွေထည့်ပြီးပြီဖြစ်ပြီး Touch Screen(၁၀)ခုတပ်ဆင်ဖို့ တင်ဒါခေါ်ထားတယ်။ နေပူခံကျောက်ပြားအရောင်တင်တာလည်း ဆောင်ရွက်နေတယ်။" ရွှေတိဂုံဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း
Yangon Times/tthl
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 15 January 2024
တစ်နိုင်ငံလုံး၌ ဆန်၊စပါးသိုလှောင်ရုံ ၁၇၄ ရုံထိ မှတ်ပုံတင်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျ သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ဆန်တန်ချိန် ၅၀ (သို့) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ပါက မှတ်ပုံတင်ပြုလုပ်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်မှ စတင်ကာ အသိပေးထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်တိုင်းမှ သိုလှောင်ရုံ ၈၇ လုံး၊ ဧရာဝတီတိုင်းမှ သိုလှောင်ရုံ ၅၂ လုံး၊ ပဲခူးတိုင်းမှ သိုလှောင်ရုံ ၁၀ လုံး၊ မန္တလေးတိုင်းမှ သိုလှောင်ရုံ ၄ လုံး၊ စစ်ကိုင်းတိုင်းမှ သိုလှောင်ရုံ ၁ လုံး၊ နေပြည်တော်မှ သိုလှောင်ရုံ ၁၉ လုံးနှင့် ရခိုင်ပြည်နယ်မှ သိုလှောင်ရုံ ၁ လုံး စုစုပေါင်းသိုလှောင်ရုံ ၁၇၄ လုံးတို့ မှတ်ပုံတင်ထားပြီး ကျန်ရှိနေသည့် သိုလှောင်ရုံများလည်း မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်ဆန်စပါးအသင်းအဖွဲ့များ၏ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အသင်းခွဲများ၊ ဒေသကော်မတီများ အနေဖြင့် မိမိတို့အသင်းဝင်များ၏ ဆန်၊ စပါး သိုလှောင်မှု မှတ်ပုံတင်ခြင်းလုပ်ငန်းကို အချိန်မီ ဆောင်ရွက်ပေးရန်လည်းကောင်း၊ ကုမ္ပဏီများ၊ တသီးပုဂ္ဂလများ အနေဖြင့်လည်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ကြောင်းနှင့် ဈေးဝယ်စင်တာများ၌ ဆန်များရောင်းချနေသူများသည်လည်း မြန်မာ့ဆန်စပါးအွန်လိုင်း MyRO ၌ မှတ်ပုံတင်ပြုလုပ်ခြင်းကို အထူးအလေးပေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 15 January 2023
ရွှေစက်တော်ဘုရားပွဲတော်ကို တပိုတွဲလဆန်း ၅ ရက်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တည်းခိုဆောင်အလုံး ၈၅၀ ခန့်နှင့် ဈေးဆိုင်ခန်း ၄၅၀ ခန့် ဆောက်လုပ်နေကြောင်း သိရပါတယ်။
ပွဲတော်ကာလအတွင်း လာရောက်ဖူးမြော်တဲ့ ဘုရားဖူးများ အဆင်ပြေပြေ ဖူးမြော်နိုင်ရန် တည်ဆောက်နေတဲ့ တည်းခိုဆောင်များ၌ ညအိပ်တည်းခိုခွင့်ပြုသွားမှာ ဖြစ်ပြီး မင်းဘူး(စကု) မြိုနယ်ရှိ သမိုင်းဝင်ရွှေစက်တော်ဘုရားကြီး တည်းကျောင်းများနှင့် ဈေးဆိုင်တန်းများဆောက်လုပ်ရန် မြေနေရာသတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါတယ်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၄ ရက်က သုံးမိုင်အဝင် လမ်း မြေထိန်းနံရံများတွင် ကျောက်ကွက်အလှဖော်ခြင်း၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အထက်စက်တော်ရာအတက်မုခ်ဦးရှိ လှေကားထစ်များ ပြုပြင်တည်ဆောက် ခြင်းနှင့် မိုးတွင်းကာလ မန်းချောင်းရေတိုက်စားခြင်းမှ ကာကွယ်ရန် မြေထိန်းနံရံများ၏ အောက်ခြေရှိ ကျောက်တုံးများ၊ Bedrock များကို သံခြင်းများဖြင့် ပြုပြင်တည်ဆောက် နေမှုများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် အောက်စက်တော်ရာ နဂါးရေအိုင်ပြုပြင်ခြင်း၊ ဘုံခုနစ်ဆင့် ရွှေချခြင်းနှင့် နံရံနှင့်မျက်နှာကြက်များကို ယွန်းအတတ်ပညာရှင်များ၏ လက်ရာဖြင့် ရုပ်လုံး၊ ရုပ်ကြွ ပေါ်လွင်အောင် ထုဆစ်စေခြင်း၊ တည်းကျောင်းများနှင့် ဈေးဆိုင်တန်းမြေနေရာ သတ်မှတ်၍ စနစ်တကျတည်ဆောက်နေကာ လုပ်ငန်းများအားလုံး အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News

Published_ 15 January 2024
တောင်အာဖရိကနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Dong-Han သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာသံရုံး၌ လာရောက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာ၌ မြန်မာသံအမတ်ကြီးက အာရှဒေသသံတမန်များအဖွဲ့၏ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နစက၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုများ ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့အပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News

Published 15 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် မှ သိရသည်။
ဇန်နဝါရီ လ ၁၅ရက် နံနက် ၈နာရီ ၁၉မိနစ် ကဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာ ယာဉ်တိမ်းမှောက်မှုသတင်းရရှိသဖြင့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပါ ပါလာသည့် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News


Page 925 of 2280