#Local_News
Published_10 May 2024


▪️ နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်စေရန်နှင့် Smokeless Industry များအကောင် အထည်ဖော်နိုင်ရန်အပြင်ပညာရေးမြို့တော်အဖြစ်တည်ဆောက် နိုင်ရေးအတွက်လည်း ဆောင်ရွက်ခဲ့ကြောင်း နစက ဥက္ကဌက ပြောသည်။

 

▪️ မေလ ၉ ရက်က နေပြည်တော်၊ မြို့တော်ခန်းမ၌ပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

▪️ နေပြည်တော် ကောင်စီနယ်မြေသည် ပညာရေး ကဏ္ဍ အပါအဝင် ကဏ္ဍအသီးသီး၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စံပြုထိုက်သည့် မြို့တော်တစ်ခု ဖြစ်ရန်လိုသောကြောင့် စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းကဆိုသည်။

 

▪️ နေပြည်တော်ကို ဗဟိုပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း “စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု”များကိုအားပေးကြရန်၊ ယခုနစက အစိုးရလက်ထက်တွင် နေပြည်တော်၌ တက္ကသိုလ်များတိုးချဲ့ တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သိရသည်။

 

▪️ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ပင် တန်းစဉ်ကူးပြောင်းမှုများနှစ်စဉ်လျော့နည်းခဲ့သည့်အပြင် တစ်နိုင် ငံလုံးတွင်လည်း တန်းစဉ်ကူးပြောင်းမှုများလျော့နည်းခဲ့ကြောင်း၊ တန်းစဉ်ကူးပြောင်းမှု လျော့နည်းခြင်းမှာ နိုင်ငံအတွင်း ပညာတတ်ပေါကြွယ်ဝခြင်းကို ထိခိုက်စေသောကြောင့် တန်းစဉ် ကူးပြောင်းမှုမြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဌက ပြောသည်။

 

▪️ ယင်းအပြင်တန်းစဉ်ကူးပြောင်းရာတွင် မပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာအတတ်ပညာများ လေ့လာဖတ်ရှုနိုင်ရေး အတွက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

 

▪️ အဆိုပါ အခန်းအနားတွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက် များ ဖွံ့ဖြိုးတိုးတက် ရေး အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူ ဒါန်းပွဲအခမ်းအနားအတွင်း လက်ခံ ရရှိခဲ့ သည့်အလှူငွေကျပ်သိန်းပေါင်း ၁၀၂၇၆၂၄၃၈၀ ၊ စာအုပ်စာစောင်ပေါင်း ၈၅၅၄၀ ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP