မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၁သိန်းကျော် တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
တရုတ်နိုင်ငံအနေနဲ့လူသားချင်း စာနာထောက်ထားမှုအရ ပေးပိုလှူဒါန်း
Yangon_Time/my
#Local_News
#Published 24 July 2023
#YMG #Yangon_Times
ရှေးဟောင်းပစ္စည်း(၃၂၄)ခုနိုင်ငံတော်သိုအပ်နှံခဲ့
‘လာရောက်အပ်နှံခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကတော့ ကျောက်လက်နက်၊ကျောက်ကွင်း၊ကျောက်မို၊ ကျောက်ပုတီးစေ့၊ကြေးလက်နက်၊ကြေးအလေး၊သံလက်နက်၊ငွေပြား၊ငွေဒင်္ဂါး၊မြေပုတီး၊မြေနားဋောင်း၊ မြေဆေးတံ၊ဖန်ပုတီးစေ့၊အရိုးပုတီးစေ့စတဲ့ရှေးဟောင်းပစ္စည်း(၃၂၄)ခုဖြစ်ပါတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)
Yangon_Time/tthl
#Local_News
#Published 24 July 2023
#YMG #Yangon_Times
‘ဧရာဝတီမြစ်ရေဟာ မင်းဘူး၊မကွေး၊အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သာတ၊ဇလွန်တိုမှာ အခုရက်ပိုင်း အတွင်းမြစ်ရေတွေတိုးဖိုရှိတယ်။မြစ်အောက်ပိုင်းဒေသတွေမှာမြစ်ရေစုပြီး မြစ်ရေကြီးနိုင်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Time/tthl
#Local_News
#Published 24 July 2023
#YMG #Yangon_Times
ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်း တံခွန်စိုက်ဒိုင်းဆု ရရှိ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့
Yangon_Time/my
#Local_News
#Published 24 July 2023
#YMG #Yangon_Times
‘ မြန်မာနဲ့ဘန်ကောက်နဲ့ကြားမှာ လေယာဉ်ကြောင်းလိုင်းပျံသန်းမှုတွေဟာ တစ်နေ့ကို (၇)ကြောင်း ၊(၈)ကြောင်းလောက်ရှိနေပြီး လေယာဉ်စရိတ်တွေကလည်းသင့်တင့်တဲ့အတွက် ပွင့်လင်းရာသီမှာ ထိုင်းခရီးသွားတွေ အများဆုံးလာရောက်နိုင်တယ်’ဦးနောင်းနောင်းဟန်၊(ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း)
Yangon_Time/tthl
#Local_News
#Published 24 July 2023
#YMG #Yangon_Times
Published_24 July 2023
ရုပ်ရှင်ထဲတွင် အင်္ဂလိပ်အရာရှိကြီးအသွင်ဖြင့်မောင်မင်းလူကလေး ဟု သုံးနှုန်းရသူ သခင်ကြီး အဖြစ်သရုပ်ဆောင်သည့် ဇာတ်ပို့ ဦးစံမြင့် ယနေ့ ကွယ်လွန်ခဲ့ရှာပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာရိုးရာဝတ်စုံများကို မြတ်နိုးဝတ်ဆင်တတ်သော၊ခေတ်ဟောင်းတေး သီချင်းများ ကို ပင် သီဆိုနိုင်သူဖြစ်သော ဦးစံမြင့် သည် ယနေ့ ဇူလိုင်လ၂၄ ရက် မွန်းလွဲ ၁၂နာရီ၂၀ မိနစ် က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရှိ နေအိမ်တွင် ၉၆ ပါးသောရောဂါ ဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။
သူသည် ရုပ်ရှင်(ဘိုင်စကုပ်)ထဲတွင် အင်္ဂလိပ်အရာရှိကြီးအသွင်ဖြင့် လွန်ခဲ့သော ၁၉၈၇ ခုနှစ်ကပင် ဇတ်ပို့သရုပ်ဆောင်အဖြစ်အသက်မွေးလာခဲ့သူ ဖြစ်သည်။ ယင်းအပြင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှတိရစ္ဆာန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ခဲ့သည်။
ယခုအခါရုပ်ရှင်နှင့်ဗွီဒီမောင်မင်းလူကလေးဟုခေါ်ကာသခင်ကြီးအဖြစ်သရုပ်ဆောင်သည့် ထင်ရှားသော ဇာတ်ပို့ သရုပ်ဆောင် ဦးစံမြင့် ကွယ်လွန်ရှာပြီ ဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ် အရွယ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
Yangon/Times/PP
#Local_News
#YMG #Yangon_Times
Published_ 24 July 2023
ငွေစက္ကူအသစ် နှစ်သောင်းကျပ်တန်ထုတ်ဝေမည်ကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်းများနှင့် နိုင်ငံခြာငွေလဲလှယ်နှုန်းမြင့်တက်ရန် ကြိုးစားနေသူများကို ဖော်ထုတ်ပြီး အရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်က သတိပေးပြောကြားလိုက်ပါတယ်။
ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူလက်ကျန်အတွင်းသို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည် ဖြစ်သဖြင့် အထက်ပါ ကျပ်နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်ရန် လုံးဝအခြေအနေ မရှိဘူးလို့ ဗဟိုဘဏ်က ပြောပါတယ်။
အဲဒါကြောင့် ဤအခြေအနေတွင် အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းများ ဆွဲတင်ရန်လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူတွေဟာ ပြည်သူအများ၏ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်နေသူများဖြစ်သဖြင့် ထိုသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိနေတယ်လို့ ဗဟိုဘဏ်က သတိပေးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation – CIC) အတွင်းသို့ထည့်သွင်းခြင်းမဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူ တစ်ဦးလျှင် ဥပမာငွေစက္ကူ အဟောင်းကျပ် သိန်း ၁၀၀ လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးသည့်အခါတွင် အမှတ်တရအဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူ ၃ရွက် သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားဆောင်ရွက်နေတယ်လို့လည်း ဗဟိုဘဏ်ကဆက်လက်ပြောကြားပါတယ်။
အဆိုပါသတိပေးပြောကြားမှုနှင့်အတူ ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေကြေး ဈေးကွက်မှ အရောင်းအဝယ်လုပ်သူအချို့ကို ခေါ်ယူမေးမြန်းမှုအချို့ရှိနေတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။
-ymg/knl
#Local_News
#YMG #Yangon_Times
Page 928 of 1973