Published 5 February 2024
အမေရိကန်ဒေါ်လာ ၁၁ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ဗဟိုဘဏ် ယနေ့ထုတ်ရောင်းပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဇန်နဝါရီ ၁ ရက်နေ့တွင် ဒေါ်လာ ၁၂.၉၃ သန်း၊ ၅ ရက်နေ့တွင် ဒေါ်လာ ၁၆ သန်း၊ ၁၅ ရက်နေ့တွင် ဒေါ်လာ ၁၅ သန်း၊ ၁၉ ရက်နေ့တွင် ဘတ်သန်း ၅၀၊ ၂၅ ရက်နေ့တွင် ဒေါ်လာ ၉ သန်းနှင့် ဘတ်သန်း ၂၀၀၊ ၂၆ ရက်နေ့တွင် ဒေါ်လာ ၅ သန်းနှင့် ဘတ်သန်း ၅၀ အသီးသီး ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၉ ရက်တွင် နှစ်ကြိမ်တိုင် ထုတ်ရောင်းပေးခဲ့ပြီး မနက်ပိုင်းတွင် ဒေါ်လာ ၉ သန်းနှင့် နေ့လည်ပိုင်းတွင် ဒေါ်လာ ၁.၄ သန်း၊ တရုတ်ယွမ် ၄.၂ သန်းနှင့် ထိုင်းဘတ် ၁၃.၅ သန်းတို့ကို လူသုံးကုန်နှင့် ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်ဆိုင်ရာ ကဏ္ဍများ အတွက် ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေ ထုတ်ရောင်းပေးခြင်းကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြန်လည်ဆောင်ရွက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ဒေါ်လာ ၉.၇၂ သန်းနှင့် ၂၁ ရက်နေ့တွင် ဒေါ်လာ ၁၂.၄၃ သန်းတို့ကို စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်မှုကို ထိန်းချုပ်လိုခြင်းကြောင့် ကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးနေခြင်းဖြစ်ကြောင်း ၊လက်ရှိ ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၄၈၀ - ၃၅၃၀ ကျပ် ဈေးရှိနေပြီး နိုင်ငံခြားငွေထုတ်ရောင်းသည့်အတွက် ဒေါ်လာဈေး ကျဆင်းလာတာမျိုးမရှိသော်လည်းဈေးအတက်အကျ တည်ငြိမ်နေကြောင်း ငွေလဲကောင်တာများနှင့်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည် ။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 5 February 2024
၁။ နွေစပါးစိုက်ဧက ၆၀,၀၀၀ ခန့်အတွက် ကာလတိုချေးငွေများ ယခုရက်ပိုင်းအတွင်း ချထားပေးမည်
၂။ ရွှေတိဂုံစေတီတွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြီး ဘုရားဖူးများကို ထမနဲလှူဒါန်းမည်ဟုဆို
၃။ ပဲတီစိမ်းဈေးမြင့်ရရှိပေမယ့် အဘက်ဘက်က ကုန်ကျစရိတ် မြင့်လာခြင်းကြောင့် တောင်သူများအတွက် အကျိုးမြတ်ရရှိမှု ယခင်နှစ်ထက် ကွာဟမှု မရှိနိုင်ဟုဆို
၄။ အမေရိကန်ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးအမှု များပြားလွန်း၍ သန်းနှင့်ချီအလုပ် အကြွေးတင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 5 February 2024
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၃ ဦး နှင့်ယာဉ်မောင်းသူ ထိုင်းအမျိုးသား ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ညက ထိုင်းနိုင်ငံ နခေါ(န်)စဝမ်ခရိုင် သာခလီမြို့ စွယ့်ထော(င်)ကျေးရွာအနီး တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများ ကို ချင်ရိုင်ခရိုင် မယ့်ဆိုင်မြို့ မှ တင်ဆောင်လာပြီး ပို့ဆောင်ခ ၂၀၀၀ ဘတ်ရရှိကြောင်းယာဉ်မောင်း ဖြစ်သူ၏ ထွက်ဆိုချက်အရသိရသည်။
ထို့ပြင် မြန်မာ အလုပ်သမား များက ပွဲစားခ အဖြစ် ထိုင်း ဘတ်ငွေ တစ်ဦး ကိုဘတ် ၁၀၀၀၀ ပေးရေကြာင်း ထွက်ဆိုခဲ့တယ်လို့ သိရသည်။
ဖမ်းဆီးရမိသူများ အားလုံးကို ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် သာခလီရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group

ရခိုင်ဒေသ ဆန်ဈေးနှုန်း အတက်အကျများအား နယ်မြေအခြေအနေများကြောင့် ဖြေရှင်းရန်ခက်ခဲ
' လက်လီဈေးနှုန်းတွေတော့ စစ်တွေမြို့ပေါ် ကျောက်တော်မြို့ပေါ် အစရှိသဖြင့် လက်လီဈေတွေတော့ ဒီလောက်သိပ်မကျဘူး၊ လက်ကားဈေးတွေတော့ စက်ပိုင်၊ ကုန်သည်တွေ ရောင်းချင်တဲ့ဈေးက များတယ်၊ ဒါလည်း ရခိုင်မှာရှိတဲ့ ရခိုင်ဆန်စက်အသင်းတို့ ရခိုင်ဆန်စပါးကုန်သည်များ အသင်းတို့နဲ့ ဆွေးနွေးနေပါတယ်၊ ဒါပေမယ့် ခုနကပြောသလိုနယ်မြေအခြေအနေတွေက တည်ငြိမ်မှုအားနည်းတာဖြစ်တဲ့အတွက် ဒီအခက်အခဲက တော့ဖြေရှင်းဖို့ခက်ခဲပါတယ် '
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
ဗိုလ်တထောင်စေတီတွင် နှမ်းမနဲလှူဒါန်းပွဲကျင်းပမည်
"နှမ်းမနဲထိုးပွဲကျင်းပပြီး မြတ်စွာဘုရားရှင်၊ ဗိုလ်ထောင်မြိုနယ်အတွင်းရှိ သံဃာတော်နဲ့ဌာနဆိုင်ရာ တွေ ၊ ဘုရားဖူးရဟန်းရှင်လူပြည်သူတွေကိုနှမ်းမနဲ စတုဒီသာတွေ ကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်"
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံ အချို့ရဲ့ ၀ယ်လိုအားရှိလာတဲ့ အတွက် ယခုနှစ် ပဲတီစိမ်း ဈေးမြင့် ရရှိလာပေမယ့် အဘက်ဘက်က ကုန်ကျစရိတ်တွေလည်း မြင့်လာတဲ့ ပဲစိုက် တောင်သူတွေ အနေနဲ့ အကျိုးမြတ်ရရှိမှု ဟာ ယခင်နှစ် နဲ့ ကွာဟမှု မရှိနိုင်ဘူးလို့ ပဲစိုက်တောင်သူတွေကပြောပါတယ်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အလုပ်အကိုင် ၄၈ မျိုးအတွက် ဖြေဆိုသူဦးရေ ၅,၀၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိအလုပ်အကိုင် ၄၀ မျိုး၌ ဖြေဆိုသူ ၂၇,၄၂၈ ဦး ရှိခဲ့ပြီး ၂၅,၁၁၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌မူ လျာထားချက်ကျော်လွန်ပြီး အလုပ်အကိုင် ၂၈ မျိုးအတွက် လုပ်သား ၅,၇၇၄ ယောက် ကို စစ်ဆေး အကဲဖြတ်နိုင်ခဲ့ကြောင်းသိရသည်။
ထို့ အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း၌လည်း လုပ်သားဦးရေ ၃,၅၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားခဲ့ရာ လက်ရှိအချိန်အထိ အလုပ်အကိုင် ၂၉ မျိုးအတွက် ဖြေဆိုသူ ၂,၇၃၅ ဦးရှိခဲ့ပြီး အရည်အသွေး ပြည့်မီသူ ၂,၅၃၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သား များမွေးထုတ်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဦးစီးဌာန အသိအမှတ်ပြု ပုဂ္ဂလိကသင်တန်းကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 930 of 2321