#Local_News
Published 8 May 2024


▪️ ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူကူးကုန်းတံတားပေါ်မှ လူငယ်တစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းဆီမှ သိရသည်။

 

▪️ မေလ ၈ရက် နေ့လည် ၁နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အသက်၂၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

 

▪️ ခုန်ချခဲ့သည့်လူငယ်ကို သင်္ဃန်းကျွန်းမြို့ စံပြဆေးရုံကတစ်ဆင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝတီဆေးရုံကို အရေးပေါ်လွှဲပြောင်းပို့ဆောင်ပေးထားကာ ဒဏ်ရာများက သွေးထွက်များနေကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့်ဧပြီ ၂၆ရက်ကလည်း လှည်းတန်းဂုံးကျော်တံတားပေါ်မှ အသက်၁၉နှစ်အရွယ် အမျိုးသမီးတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

#YMG/LW #Yangon_Times