#Local_News
Published_08 May 2024


▪️ ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်တော်စေတီတော်တွင် မေလ(၂၅)ရက်၌ ဒူးရင်းသီးစတုဒိသာပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဒူးရင်းသီးစတုဒိသာပွဲတွင် ဒူးရင်းသီး အလုံး (၃၀၀၀) ကျော်နှင့်အထက် ကျွေးမွေးလှူဒါန်းသွားရန်ရှိပြီး ထူးခြားမှုအနေဖြင့် ယခုနှစ်တွင် သစ်ပင်စိုက်ပွဲတော်ကိုပါ ထည့်သွင်းစိုက်ပျိုးသွားမည်ဟုဆိုသည်။

 

▪️"ဒူးရင်းသီးစတုဒိသာနှင့် သစ်ပင်စိုက်ပွဲတော်(၂၅.၅.၂၀၂၄) (စနေနေ့)နံနက်(၀၉:၃၀)မှ စတင်ကုသိုလ်ပြုပါမယ်။ ဒူးရင်းသီးအလုံး (၃၀၀၀) ကျော်နှင့်အထက်ကျွေးမွေးလှူဒါန်းသွားမယ်"ဟု တောင်ပုလဆရာတော်မှ ရေးသားဖော်ပြထားသည်။

 

▪️တောင်ပုလသစ်ပင်စိုက်ပျိုးပွဲတော်အတွက်သစ်တောဦးစီးဌာန၊ ဝန်ကြီးရုံးမှခရေ(၅၀၀)ပင်၊ ကံကော် (၇၀၀)ပင်၊ငုဝါ(၅၀၀)ပင်၊သစ်ပိတောက် (၅၀၀)ပင်၊ထောက်ကြံ့(၅၀၀)ပင်၊ကညင် (၁၀၀၀)ပင်၊ အင်ကြင်း (၁၅၀၀)ပင်၊ မဟော်ဂနီ (၁၅၀၀)ပင် လှူဒါန်းထားကြောင်း သိရသည်။

 

▪️ တောင်ပုလ(ဒူးရင်းသီးပွဲတော်) ပြင်ဦးလွင်နှင့် မန္တလေး 7မိုင်ကမ်းခြေခရီးစဉ်များလည်း ခရီးသွားလုပ်ငန်းများကပြေးဆွဲနေပြီးတစ်ဦးလျှင်ကားခသီးသန့်75000/Ksနှင့်မေလ စတုတ္ထအပတ် (24-5-24) ရက်နေ့ ည(၆)နာရီထွက်မည်ဖြစ်ကြာင်းနှင့် (၃)ည အိပ်ခရီး (27-5-24) ပြန်ရောက်ဖြစ်ကြောင်းလည်း Aung Family ခရီးသွားလုပ်ငန်းမှ ဖော်ပြထားကြောင်း သိရသည်။

 

#tthl #Yangon_Times