Published_ 20 March 2024
ငွေအရင်းအနှီးလိုအပ်သည့် ဆီစက်ပိုင်ရှင်များကို အတိုးနှုန်းသက်သာစွာဖြင့်ချေးငွေများ ချေးပေးမည်ဖြစ်၍ဆီစက်ချေးငွေ အဆိုပြုလွှာများလျှောက်ထားနိုင်ကြောင်း သိရသည်။
လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအနည်းဆုံးကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိချေးနိုင်ပြီး ချေးငွေဆပ်ရမည့်သက်တမ်းတစ်နှစ် သတ်မှတ်ထားသည်။
မတည်ရင်းနှီးငွေအနည်းဆုံး ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိချေးနိုင်ပြီး ချေးငွေသက်တမ်း(၃)နှစ်(၃)ရစ်ဆပ်ရမည်ဖြစ်ကာ အတိုးနှုန်းတစ်နှစ်လျှင်(၅%)သတ်မှတ်ထားသည်ုဆိုသည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်သည် ။
(က) လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရမည်၊
(ခ) လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)ရရှိရမည်၊
(ဂ) ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင် သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်၊
(ဃ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပါသည်၊
(င) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ အား ဦးစားပေးစဉ်းစားမည်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါချေးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှပေးခြင်းဖြစ်ပြီး ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန website www. mopf.gov.mm ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal.gov.mm/ ၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com ၊ MEB website www.meb.gov.mm ၊ MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ကြောင်းသိရသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါ ရုံး၊ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများရယူ၍ လျှောက်ထားနိုင်ပါသည် -
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးများအားလုံး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊ မြန်မာ့ စီးပွားရေးဘဏ်ခွဲများအားလုံး၊မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး၌လျှောက်ထားနိုင် ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံအမှတ် (၅၄) ကို မတ်လ ၂၀ ရက်၊ မနက်ပိုင်းက လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူမည့်သူမရှိခဲ့ကြောင်း ကမာရွတ်ခရိုင် တရားရုံးမှ အရာရှိထံမှသိရသည်။
မတ်လ ၂၀ ရက်၊ မနက်ပိုင်းကလေလံတင်ရောင်းချစဉ် ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချဖို့ သုံးကြိမ် သုံးခါ မေးမြန်းခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ ကမာရွတ်ခရိုင်တရားရုံးမှအရာရှိက လာရောက်သတင်းယူသည့် ပြည်တွင်းပြည်ပမီဒီယာများကိုဖြေကြားခဲ့သည်ဟုဆိုသည်။
ခြံအမှတ် ၅၄ ကို ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (ကျပ် ၃၁၅ ဘီလီယံ) နှင့်လေလံကြမ်းခင်းဈေး သတ်မှတ်ပြီး နေအိမ်ရှေ့မှာပဲ လေလံတင်ရောင်းချမှုပြုလုပ်ဖို့ ကမာရွတ်ခရိုင် တရားရုံးက ဇန်နဝါရီ ၂၅ ရက်မှာ အမိန့်ချမှတ် ထားသည်။
ပထမအကြိမ် လေလံတင် ရောင်းချတာ အောင်မြင်မှု မရှိသည့်အတွက် နောက်တစ်လအတွင်း လေလံတင်ရောင်းချမှုကို ဆက်လက်လုပ် ဆောင်ရွက်သွားရန် ရှိနေကြောင်း သိရသည်။
ခြံအမှတ် ၅၄ နေအိမ်နှင့် ခြံကွက် အမွေမှုနှင့်ပတ်သက်၍ ခြံထဲမှ နှစ်ထပ်တိုက်ပါဝင်သည့် အနောက်ဘက်အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် ရယူဖို့နှင့် တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး ဘက်ကရယူရန်၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားခဲ့ခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီးဦးအောင်ဆန်းဦး ကျေနပ်မမှုမရှိ၍ နေအိမ်ကို ရောင်းချပြီး ရရှိငွေကို တစ်ဝက်စီခွဲဝေဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ထပ်မံလျှောက်ထား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် ဧပြီလ(၁၃)ရက်မှ(၂၁)ရက်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိသည့် ကုမ္ပဏီများမှနိုင်ငံခြားသားများ၏ Business Visaသက်တမ်းမတိုးနိုင်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်လိုက်သည်။
ရုံးပိတ်ရက်ကာလအတွင်း Online Recommendation Letter for Visa Extension WebpageအားSystem Maintenance ပြုလုပ်မည်ဖြစ်၍ Visa သက်တမ်းမတိုးနိုင်သေးခြင်းဖြစ်သည်ဟုဆိုသည်။
ထုတ်ပြန်ချက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် Myanmar Companies Online (MyCO) တွင် ဖွဲ့စည်းထားသည့် ကုမ္ပဏီများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ Business Visa အမျိုးအစားအား ဗီဇာ သက်တမ်းတိုးနိုင်ရေးအတွက် အသုံးပြုလျက်ရှိသည့် Online Recommendation Letter for Visa Extension Webpage အား နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် ၁၃-၄-၂ဝ၂၄ ရက် နေ့မှ ၂၁-၄-၂ဝ၂၄ ရက်နေ့အထိ ၉ ရက် အတွင်း System Maintenance ပြုလုပ်မည် ဖြစ်ပါသဖြင့် အသုံးပြု၍ရမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ကြောင်း ဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ အပန်းဖြေဆင်စခန်းများထဲမှ နတ်မှော်ဆင်စခန်းကို သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ထားမယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူများထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နဂါးနှစ်ကောင်ဆရာတော်ကြီးရဲ့ စျာပနပူဇာပွဲမှာ မတ်လ(၅)ရက်မှာ အောက်စဖိုဒ်ဆရာတော်ကြီး၊ ဧပြီလ(၁)ရက်မှာ တောင်တန်းသာသနာ ပြုဆရာတော်ဘဒ္ဒန္တသုခမိန္ဒ( စဝ်ဆုခမ်း)၊ ဧပြီလ(၂) ရက်မှာ ကျိုင်းတုံမြို့မှ ဘဒ္ဒန္တပညာသီရိ (စပ်တုပီစိုင်း)၊ ဧပြီလ(၃)ရက်မှာ သီတဂူဆရာတော်ကြီး၊ ဧပြီလ(၄)ရက်မှာ နောင်ချိုမြို့မှ ကမ္ဘောဇတိပိဠကဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ၊ ဧပြီလ(၅)ရက်မှာ မိုင်းဖုန်းဆရာတော်ကြီးတို့မှ တရားတော်တွေဟောကြားမယ်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာတည်ရှိတဲ့ မဟာမုနိမြတ်စွာဘုရားကြီး ရင်ပြင်တော်ပေါ်မှာ လာမယ့် တပေါင်းလပြည့်နေ့ ညနေပိုင်းမှာ ဆီမီးတစ်သောင်း ပူဇော်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်၊ အခုလို တပေါင်းလပြည့်နေ့မှာ မဟာမုနိဘုရားကြီးရင်ပြင်ပေါ် ဆီမီးတစ်သောင်းပူဇော်ပွဲ ကျင်းပတာဟာ ပထမဆုံးဖြစ်ပါတယ်လို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိမ်နီးချင်းနိုင်ငံတွေရဲ့ ရိုးပြတ်မီးရှို့တဲ့ နေရာတွေက ထွက်ရှိတဲ့ ပြောင်းသီးနှံတွေတင်သွင်းခြင်းကို ထိုင်းပိတ်ပင်ပါက မြန်မာအပါအဝင် နှစ်ဖက်တင်ပို့တဲ့ နိုင်ငံတွေက စိုက်ပျိုးတင်ပို့သူတွေနဲ့ တင်သွင်းတဲ့ အစာစပ်လုပ်ငန်းတွေ အခက်အခဲရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 890 of 2362