#Local_News
Publicshed 28 April 2024
▪️ ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဧပြီ၂၇ရက်ကပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်သည်။
▪️ အဆိုပါသတိပေးချက်၌ အချို့သောတေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပ တရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်းဖော်ပြထားသည်။
▪️ ထို့ပြင် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများအနေဖြင့်လည်းလိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန်နှင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published 28 April 2024
▪️ ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်သည့် ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်နိုင်ပြီဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကိုအိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်ရန် ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ် လိုက်ပြီဖြစ်သည်။
▪️ ယင်းဆိပ်ကမ်းများအား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီး ဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ (၂၄) ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊၎င်း ဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ border trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (OSS) များက ဧပြီ (၂၄) ရက်မှစ၍ တာဝန်ချထားစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိအချိန်ထိ နယ်စပ်ဒေသ အခြေအနေများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် အဓိကကုန်သွယ်မှု ဆောင်ရွက်နေသည့် မူဆယ်ကုန်သွယ်ရေးစခန်း၊ မြဝတီကုန်သွယ်ရေးစခန်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများလည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်သည့်အပြင် ယာယီရပ်ဆိုင်းထားရမှုများလည်း ဖြစ်ပေါ်လျှက်ရှိရာ ယခုကဲ့သို့ ယာယီဆိပ်ကမ်းများမှတဆင့်တင်ပို့နိုင်ရန် ထပ်မံခွင့်ပြုလိုက်သည့်အတွက် အဆင်ပြေကြောင်းပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။
#YMG/ NN #Yangon-Times
သင်္ကြန်ပြီးချိန်ကစလို့ မန္တလေးမှာအပူဒဏ်ကြောင့် သတိလစ်တဲ့ Heat Stroke လူနာတွေ (၈)ဦးလောက် ဆေးရုံပို့ခဲ့ရပြီး (၅)ဦး အသက်ဆုံးရှုံးသွားတယ်။
#Local_News
Published_ 28 April 2024
#အပူဒဏ်ကြောင့်သေဆုံး #Heat_Strokeလူနာတွေ
#tthl #Yangon_Times
#Daily_News
Published_ 27 April 2024
၁။ ပျူ၊ပုဂံ၊မြောက်ဦး ကမ္ဘာ့အမွေအနှစ်ဝင်အောင် ကူညီဆောင်ရွက်ပေးခဲ့သော အီတလီပညာရှင်ကွယ်လွန်
၂။ လုပ်သားရှားပါးမှုကြောင့် ရန်ကုန်ဆန်အဝင်နည်းပါးပြီး ဈေးမြင့်တက်
၃။ ၂၄နာရီ မီးရရှိသည့် ကွန်ဒိုအခန်းများ အငှားနှင့်အရောင်းဝယ်ဈေးကွက် ပိုဖြစ်ထွန်းလာဟုဆို
၄။ ကမ္ဘာတဝှမ်းငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ် (၅)နှစ်ဆက်တိုက်ပိုမိုဆိုးရွားလာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်းအတွင်းက ၂၄နာရီ မီးရရှိတဲ့ ကွန်ဒိုအခန်းတွေ အငှားဈေးကွက်သာမက အရောင်းဝယ်ဈေးကွက်ပိုဖြစ်ထွန်းလာတယ်လို့မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
#Local_News
Published_ 27 April 2024
#ကွန်ဒိုအခန်း #အငှားနှင့်အရောင်းဝယ်ဈေးကွက်
#YMG/LW #Yangon_Times
#Local_News
Published 27 April 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ အမျိုးသားလေးဦး ရေနစ်ေ-သဆုံးမှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
▪️ ဧပြီ ၂၇ ရက် မနက် ၉နာရီခွဲ အချိန်ခန့်က ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းသို့ အမျိုးသား(၅)ဦးရေဆင်းကူးရာမှ အမျိုးသား လေးဦးရေနစ်မှု ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ရေနစ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကြံခင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေတောင်ပရဟိတလူမှုကူညီရေးအသင်းဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။
▪️ ရေနစ်သေဆုံးသူ အမျိုးသား(၄)ဦးအား ရွှေဆိပ်သာလူမှုကူညီရေးအသင်းနှင့် မေတ္တာမွန်လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် အင်ပင်မြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 27 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ လွှတ်တော်ဝင်းအဆောက်အဦ အမိုးစလပ် (Slab) များရေယို၍ ပြုပြင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လွှတ်တော်နှင့်နေအိမ်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)မှ အိတ်ဖွင့်တင်ဒါလျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။
▪️ ယခု ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်၊ မြန်မာကျပ်ငွေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် လုပ်ကိုင်လိုသူများကို အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လွှတ်တော်ဝင်းအဆောက်အဦ အမိုးမလုံခြင်းကို Water Proofing Membrane ကပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် စိတ်ပါဝင်စားလုပ်ကိုင်လိုသူများကို တင်ဒါလျှောက်လွှာပုံစံတစ်စောင် ငွေကျပ် ၃၆,၀၀၀ နှုန်းဖြင့် ရောင်းချခေါ်ယူနေခြင်းဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ လွှတ်တော်နှင့်နေအိမ်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)၊ မြို့ပြဌာနခွဲ၌လာမည့် ဧပြီလ ၂၉ ရက်မှ စတင်ကာ မေလ ၁၃ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ရောင်းချပေးသွားမည် ဖြစ်ကာ မေလ ၁၄ ရက်၌ တင်ဒါတင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
▪️ အထက်ပါ သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းလာသည့် လျှောက်လွှာပုံစံများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ဘဲ တင်ဒါဖွင့်ဖောက်ရက်ကိုမူ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
Page 894 of 2420