ပြီးခဲ့တဲ့ ဆောင်းရာသီကာလက ဈေးကွက်အတွင်း ရာသီပေါ်သီးနှံတွေကုန်အဝင်များခဲ့ပြီး ဝယ်လိုအားမရှိတဲ့အတွက် ဈေးကျဆင်းခဲ့ကာ စိုက်ပျိုးတောင်သူတွေ အရှုံးပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုသို့တောင်သူတွေ အရှုံးပေါ်ခဲ့တဲ့အတွက် နောက်ထပ်ရာသီအတွက်ထပ်မံစိုက်ပျိုးတာ နည်းသွားတာကြောင့် လက်တလောမှာ ဈေးကွက် အတွင်းဟင်းသီးဟင်းရွက်များကုန်အဝင်နည်းလာပြီး ဈေးမြင့်လာတာဖြစ်တယ်လို့ သီရိမင်္ဂလာဈေးရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 27 May 2024
#စိုက်ပျိုးသူနည်း #ကုန်စိမ်းများဈေးမြင့်တက်
#YMG/LW #Yangon_Times