#Local_News
Publicshed 28 April 2024
▪️ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်၌ဒေသန္တရနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်း ၁၁၀ ကျော်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
▪️ အဆိုပါ ကဲ့သို့ဆောင်ရွက်ရာ၌ ထန်းတပင်မြို့နယ်အတွင်း တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀ ဒသမ ၇၁၉ ဘီလီယံဖြင့် လုပ်ငန်း ၈၈ ခု နှင့် ပြည်ထောင်စုခွင့်ပြုငွေ ကျပ် ၄၃ ဒသမ ၅၄၉ ဘီလီယံဖြင့် လုပ်ငန်း ၂၅ ခု၊ စုစုပေါင်း လုပ်ငန်း ၁၁၃ ခုကို ငွေကျပ် ၅၄ ဒသမ ၂၆၈ ဘီလီယံ ဖြင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Publicshed 28 April 2024
▪️ ယခုနှစ် မိုးရာသီအတွင်းလေဖိအားနည်းရပ်ဝန်းရှစ်ကြိမ်အထိဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်းသိရသည်။
▪️ ထို့အပြင် မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။
▪️ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်းသိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published 28 April 2024
▪️ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ မေလ ၂၁ရက်နေ့မှ ၂၆ ရက်နေ့အတွင်းစတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
▪️ ထို့အပြင် မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း အသီးသီး၀င်ရောက်နိုင်ကြောင်း သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ေကြာင်း၊ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ် အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်းသိရသည်။
▪️ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၇ ရက်မှ ၂၂ ရက်ခန့်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၆ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တို့တွင် ၅ ရက်မှ ၁၀ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
▪️ နေ့အပူချိန် များမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အာလူးဈေးကွက်မှာ ဝယ်လိုအား အလွန်နည်းတဲ့အတွက် ပွဲရုံတွေမှာ ရောင်းရတဲ့ ဈေးနှုန်းမှာ အာလူးမျိုး ဝယ်ရတဲ့ ဈေးကိုပင်မရရှိတဲ့အတွက် အာလူးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ရှမ်းပြည်နယ်ရှိ အာလူးစိုက်ပျိုးတဲ့တောင်သူတွေနဲ့ ပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 28 April 2024
#အာလူးစိုက်တောင်သူတွေ #ရှမ်းပြည်နယ်တောင်ပိုင်း
#YMG/LW #Yangon_Times
#Local_News
Publicshed 28 April 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ဒီဇယ်ပေပါများ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီးယနေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်နေ့၊ နေ့လယ်၁၁နာရီ ၁၂အိနစ် အချိန်က ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ အင်ကြင်သာကျေးရွာအနီးတွင် ဒီဇယ်ပေပါများ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
▪️ အဆိုပါမီးလောင်းမှုဖြစ်ပွားသည့် သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အဖြူရောင်လက်များပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ နတ်ကြီးပင်ပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ မိနစ်၃၀ အချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
▪️ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းလျှက်ရှိပြီး မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။


#YMG/ NN #Yangon-Times
#Local_News
Published 28 April 2024
▪️ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တော နယ်မြေနှင် ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
▪️မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ဧက ၇ သိန်းကျော် ပြုန်းတီးနေ ကြောင်းသိရသည်။
▪️ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာရေး၊ ကြိုးဝိုင်း/ကြိုးပြင်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တော စိုက်ခင်းများနှင့် ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်ရေး၊ သဘာဝတောများ ထိန်းသိမ်းကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှု တားဆီးရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက် သစ်တော နယ်မြေနှင့် သဘာဝနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
၂၈ ဧပြီ ၂၀၂၄
မြန်မာလှေသား (၇)ဦးပါဝင်တဲ့ ထိုင်းငါးဖမ်းစက်လှေတစ်စီး ယနေ့ ဧပြီ ၂၈ ရက် တနင်္ဂနွေနေ့ မနက်စောစောပိုင်းမှာ ကပ္ပလီ ပင်လယ်အတွင်း မီးလောင်မှုဖြစ်ခဲ့လို့ ထိုင်းရေကြောင်းတပ်တစ်ခုက သွားရောက်ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ထိုင်းမီဒီယာ တွေက သတင်းဖော်ပြကြပါတယ်။ အဆိုပါ ငါးဖမ်လှေမှာ မြန်မာ ၇ဦးနှင့်အတူ ထိုင်းလူမျိုး (၂)ဦးလည်း အတူတူ လိုက်ပါလာခဲ့ တာဖြစ်ပြီး အားလုံးကို ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ယနေ့ မနက် ၃နာရီခွဲခန့်မှာ ဆရီသွန်းပေ-၇ အမည်ရှိ ထိုင်းငါးဖမ်းစက်လှေတစ်စီးဟာ ဖန်ငါးအနီး ခိုဆူရင်းကျွန်းများရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၅ မိုင်အကွာခန့်မှာ ဆီပြန်ဖြည့်ရင်း မီးလောင်နေတယ်လို့ ထိုင်းပင်လယ်ရေကြောင်းစိုးမိုးရေး ဒေသ၃ စစ်တိုင်းက သတင်းအချက်အလက်ရရှိခဲ့တာလို့ သတင်းများမှာဖော်ပြထားပါတယ်။
မနက် ၄နာရီခန့်မှာ အခြားသော ငါးဖမ်းစက်လှေတစ်စီးဖြစ်တဲ့ ချန်ယူဒွမ်ဆွမ်ဘက်-၁ ပေါ်က လှေသားတွေဟာ အဆိုပါ စက်လှေမီးလောင်နေတာကို မြင်တွေ့လို့ မီးလောင်နေတဲ့ စက်လှေပေါ်က တစ်ဦးတစ်ယောက်မကျန် လှေသားအားလုံးကို သူတို့စက်လှေထဲ ကယ်ထုတ်တင်ဆောင်ပေး ခဲ့ကြတာဖြစ်ပါတယ်။
ရေတပ်ရဲ့ လေကြောင်းနှင့် ကမ်းခြေကာကွယ်ရေးတပ်ဟာ အဲဒီနေရာကို စပိတ်ဘုတ်ခ်တစ်စီး လွှတ်ပေးခဲ့ပြီး ချန်ယူ ဒွမ်ဆွမ်ဘက်-၁ပေါ်မှာကယ်တင်ထားတဲ့ မြန်မာ(၇)ဦးနှင့်ထိုင်း(၂)ဦး တို့ကို သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်သူတို့ကို ခုရာပူရီခရိုက် ငါးဖမ်းဆိပ်တစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိထားသူတွေကိုတော့ ဆေးရုံတင်ပေးခဲ့ပါတယ်လို့သိရပါတယ်။
မီးလောင်မှုကြာင့် လှေသား(၅)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးကတော့ အသက် ၅၄နှစ်အရွယ်ရှိ ထိုင်းလူမျိုး စက်ပြင်ဆရာ ပိုင်ရိုက်ပါလာဖြစ်ပြီး သူဟာ မီးလောင်ဒဏ်ရရရှိထားတယ်လို့သိရှိရပါတယ်။
@ymg/knl
Page 893 of 2420