#Local_News
Published 1 May 2024
▪️ ယခုနှစ်ငါးလတာအတွင်း မြန်မာနိုင်ငံသို့နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော၂၅၀ကျော် ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
▪️ ထိုသို့ဆိုက်ကပ်ရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း၊မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင် (၅၀) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး ယခု မေလတွင် (၅၂)စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောများတစ်နှစ်လျှင် အစင်းရေ ၆၀၀ကျော်အထိဝင်ရောက်ဆိုက်ကပ်လေ့ရှိရာပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့သည်။
▪️ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိခြင်းဖြစ်ကာ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်လျှက်ရှိခြင်းဖြစ်သည်။
▪️ ထို့အပြင်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။
#YMG/NN #Yangon-Times
၁ မေ ၂၀၂၄
မြန်မာနိုင်ငံသို့ပေးပို့မည့် ဖောက်ခွဲဖျက်ဆိးရေးပစ္စည်း အမြောက်အများကို အိန္ဒိယ-မြန်မာနယ်စပ် အိုင်ဇိုမြို့ပြင်မှာ စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ကပြောတဲ့အကြောင်း အိန္ဒိယမီဒီယာများက သတင်းရေးသားကြပါတယ်။
ဧပြီ ၃၀ ရက် မနက်စောစောမှာ နာသီယယ်လ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ MZ 01 AA 3655 ယာဉ်အမှတ်ပါ ကက်ဗ် ကားတစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ကားမောင်းသူဟာ မီဇိုရမ်တောင်ပိုင်း မြန်မာနယ်စပ်အနီး ဆန်ဂိုမြို့ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၄နှစ်အရွယ် အိတ်ချ်ရမ်မိုပူရီယာဆိုသူဖြစ်ပါတယ်။ သူဟာ ဆန်ဂိုမြို့သို့ ဒိုင်းနမိုက် ၈၀၀၀ ခုနှင့် စနက်တံ ၁၅၀၀တို့ကို ကားနှင့် တရားမဝင် သယ်ဆောင်လာစဉ်ဖမ်းမိခဲ့တာလို့သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို မြန်မာနိုင်ငံက လက်နက်ကိုင်အုပ်စုတွေအတွက် သယ်ဆောင်တာဖြစ်နိုင်တယ်လို့ ရဲက ပြောပါတယ်။ ဒိုင်းနမိုက်တွေကို ကတ်ထူဘူး ၄၀နှင့် စနက်တံတွေကို ဘူး ၅ ဘူးထဲ ဝှက်ထည့်လာတာဖြစ်ပါတယ်။
ယခင်ကလည်း အလားတူ ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို မြန်မာနိုင်ငံချင်းပြည်နယ်မှ ဘန်တလန်ရွာသို့ပေးပို့ခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ဖူးကြောင်း မီဒီယာများကရေးသားကြပါတယ်။
ယင်းအပြင် အဲဒီရက်မွန်းလွဲပိုင်းမှာပဲ အဆိုပါဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို ပိုင်ဆိုင်တယ်လို့ဆိုသူ မြန်မာနိုင်ငံ ဘန်တလန်ရွာက စထရာလျန်နာကိုလည်း ဆန်ဂိုမြို့မှာဖမ်းဆီးလိုက်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
@ymg/knl
#Local_News
Publicshed 1 May 2024
▪️ Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံပါရှိသည့် တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် လက်မှတ် ရေးထိုးလိုက်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်မည့် တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တာမွေအဆင့်မြင့်ဈေးတွင် Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံ၊ Shophouse ၃ ထပ် အဆောက်အဦ (၃၄) လုံး၊ နို့ဈေး ၂ ထပ်အဆောက်အဦ (၁) လုံး၊ (၁၀) ခန်းတွဲ ၂ ထပ်အိမ်သာ (၁) လုံး၊ 3.5 MVA ဓာတ်အားခွဲရုံ (၁) ရုံ၊ Bin Center (၁) ခုနှင့် ဈေးတာဝန်ခံရုံးခန်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ One One One Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးရဲရင့်အောင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
▪️ One One One Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးရဲရင့်အောင်က စီမံကိန်းလုပ်ငန်းများ အား သတ်မှတ်ကာလအတွင်း ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်သည့်လုပ်သားများဖြင့် ပြီးစီးအောင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
▪️ ထို့နောက် တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးသန်းထိုက် နှင့် One One One Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးရဲရင့်အောင်တို့က စာချုပ်တွင် လက်မှတ်အသီးသီး ရေးထိုးကြပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအား ရုပ်သိမ်းလိုက် ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published_ 30 April 2024
၁။ အတန်းပညာနှင့် ဘောလုံးပညာပါ အခမဲ့သင်ယူနိုင်မည့် ဘောလုံးအကယ်ဒမီကျောင်းမှ ကျောင်းသားသစ်များခေါ်ယူ
၂။ မြဝတီလမ်းကြောင်းမှ ပြောင်းတင်ပို့မှုမရှိသေး၊ ရေကြောင်းမှသာ သင်္ဘောဝမ်းပုံစနစ်ဖြင့် အဓိကတင်ပို့နေသည့်အတွက် မိုးရာသီမတိုင်မီ ပိုမြန်ဆန်စွာတင်ပို့နိုင်ရန် လိုအပ်
၃။ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော ဒလတံတားစီမံကိန်းကြောင့် ဒလမြို့နယ်၏ အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူမှု များပြားလာဟုဆို
၄။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဘရာဇီးလ်နိုင်ငံတဝှမ်း အပူချိန်မြင့်မားခြင်းနှင့် နေရာမမျှမိုးရွာသွန်းခြင်းများဖြစ်ပေါ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မေလ၃ရက်မှ၅ရက်အတွင်း အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ဒေသ(၁၆)ခုမှာ မိုးထစ်ချုန်း ရွာဖို့ရှိတယ်။စိုက်ခင်းသမားတွေမိုးသီး ကြွေမှာသတိထားဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလ အပြီး မှာ အခြေခံစားသောက်ကုန် အချို ဈေးကျလာတာ ရှိပေမယ့် ကြက်သွန်နီ ဈေးကွက်ကတော့ အဝယ် ပုံမှန် ရှိနေတဲ့ အတွက် ဈေးအနည်းငယ်မြင့် တတ်လာတယ် လို ကြက်သွန်ပွဲရုံ တွေ ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒလတံတား စီမံကိန်း ၇၀ရာခိုင်နူန်းခန့် ပြီးစီးလာတဲ့အတွက် ဒလမြို့နယ်ဘက်က အိမ်ခြံမြေ ဈေးကွက်ဝယ်ယူမှု များပြားလာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 888 of 2420